ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
Friday, October 10, 2014
ပြည်တွင်းစစ်
၂၀၁၂ခုနစ် ဇန်န၀ါရီလ ၁၂ရက်နေ့ ကပါ။လက်နက်ကိုင်အဖွဲ့ အစည်းတစ်စုက
ငြိမ်းချမ်းရေးဆွေးနွေးပြီး လက်မှတ်ရေးထိုးကြတဲ့ သတင်းကို ကြားသိရပါတယ်။ဒါဆို ကိုယ်တို့  ဘုရားသုံးဆူနယ်စပ်မြို့ လေးလည်း ငြိမ်းချမ်းတော့မှာပေါ့။ဒီအတွေးက ဒီမှာတင် ရပ်မသွားဘဲ ဟိုးလွန်ခဲ့တဲ့ မငြိမ်းမချမ်းကာလဆီကို ဦးတည်မိလေတော့...။
@@@@@
၂၀၁၀ ပြည့်နှစ်၊နိုဝင်ဘာလကပါ။ဆိုင်ကယ်သံ၊ကားသံတညံညံနဲ့  နယ်စပ်မြို့ လေးလည်း အခုကျတော့ တိတ်ဆိတ်ငြိမ်သက်လို့ ။အထိတ်တလန့်  လူတချို့ လည်း ဟိုဘက်ကမ်း(ထိုင်းဘက်ကမ်း)ကို ကူးပြီး
Friday, August 1, 2014
စာဖတ်ဖြစ် စာရေးဖြစ်တဲ့အခါ
လူတစ်ယောက် စာဖတ်ဖြစ် စာရေးဖြစ်တဲ့အခါ ကြုံတွေ့ ရတဲ့ အခက်အခဲတွေကတော့ အများကြီးပါ။စာဖတ်သူ တစ်ယောက်အတွက်ကျတော့ ရင်ထဲထိတဲ့ စာလေးတွေ ဖတ်ခွင့်မရတာကိုက ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ဘယ်သူ့ ကို အပြစ်တင်ရမလဲလို့  မေးလာရင် စာရေးသူကိုပဲ အပြစ်တင်ရမှာပါ။ဒီတော့ စာရေးသူတွေလည်း အရင်ရေးနေကျ မဲပြာပုဆိုး ဇာတ်လမ်းဇာတ်ကွက်ကနေ ခွဲထွက်သွားနိုင်အောင် ရေးနိုင်ဖို့ လိုအပ်တာပါပဲ။
ကိုယ်တိုင်က စာရေးဖို့ ကြိုးစားနေသူဆိုတော့လည်း စာဘယ်လိုရေးရမလဲဆိုတာ
Thursday, July 10, 2014
သတိ...ပေါက်ကွဲတတ်သည်
တလောက ထော်ထော် ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဘာတဲ့။တရုတ်အမျိုးသမီးတစ်ယောက် i Phone အားသွင်းရင်းနဲ့  ဖုန်းဆက်စကားပြောနေတဲ့အချိန်မှာ ဖုန်းပေါက်ကွဲသွားလို့  အဲဒီအမျိုးသမီးလည်း သေပွဲဝင်သွားတယ် ဆိုလားပဲ။ထော်ထော်တို့  တစ်ဆောင်လုံးလည်း
Sunday, June 1, 2014
ခရီးဝေးကို သွားစို့ ကွယ်
ငါသေသွားပြီ။ ဟင့်အင်း ငါအခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ။ ငါဘာကြောင့် အစောကြီး သေရတာလဲ။
လောကကြီးက ငါ့အပေါ် မတရားဘူး။ မရဘူး။ ငါ့ကိုယ်ထဲကို ပြန်ဝင်မယ်။ ဟင်း၊ ငါဝင်လို့ မရအောင် ဘာဖြစ်လို့ ပူလောင် နေရတာလဲ။ ငါ၊ ငါ တကယ်ပဲ သေသွားပြီပေါ့။
Saturday, May 3, 2014
အထာလေးတွေ နပ်ထားကြစေချင်
ကျွန်တော့် ဖေ့စ်ဘွတ်အကောင့်ထဲမှာ စာရေးဖော် မောင်နှမများရဲ့ အကောင့်တွေ အများကြီး ရှိပါတယ်။တချို့ က ပုံနှိပ်စာမျက်နှာတွေပေါ်မှာ နေရာရထားပြီးသား သူတွေ ဖြစ်နေကြပြီး တချို့ ကျတော့လည်း အခုမှ ပုံနှိပ်မီဒီယာပေါ် တိုးဝင်နိုင်ဖို့  ကြိုးစားနေကြသူတွေပါ။ကျွန်တော် ပြောချင်တာကတော့ ပုံနှိပ်စာမျက်နှာတွေပေါ် တိုးဝင်နိုင်ဖို့  ကြိုးစားနေကြတဲ့ ဖေ့စ်ဘွတ်စာရေးသူတွေကိုပါ။
Wednesday, December 11, 2013
အိပ်မက်ပွင့်ချပ်များနှင့်အတူ ပွေ့ ပိုက်အိပ်စက်ကြည့်ခြင်း
၂၀၁၃ခုနစ်၊ဇူလိုင်လ ၂၀ရက်နေ့ က အွန်လိုင်းပေါ်မှာ အစ်မတစ်ယောက်လို
ခင်မင်ရတဲ့ စာရေးဆရာမ စုသဲမွန်ဆီက မေတ္တာလက်ဆောင် စာအုပ်လေးတစ်အုပ်
လက်ခံရရှိခဲ့ပါတယ်။အစ်မ စုသဲမွန်ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့
"ထွေးပိုက်အိပ်မက်နှင်းဆီ" ၀တ္ထုတိုစုစည်းမှု စာအုပ်။စာအုပ်ရဲ့ ပုံနှိပ်မှတ်တမ်းကို လှန်ကြည့်လိုက်တော့
၂၀၁၃ခုနစ်(မေလ)။မျက်နှာဖုံးပန်းချီကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
ပန်းချီဆရာ မင်းကိုနိုင်က ရေးဆွဲထားပေးပြီး စာအုပ်တန်ဖိုး ၂၀၀၀ကျပ်နဲ့ 
ရောင်းချပေးထားပါတယ်။
Wednesday, November 6, 2013
မိုးသည်းည ပုံပြင် (ဇာတ်သိမ်းပိုင်း)
ပထမပိုင်း ဖတ်ရှုရန် -
http://htawoo.blogspot.com/2013/08/blog-post_3258.html
ဒုတိယပိုင်း ဖတ်ရှုရန် -
http://htawoo.blogspot.com/2013/09/blog-post_15.html
(၅)
အိပ်မက်ထဲကနေ လန့် နိုးလာတော့ ဇောချွေးတွေ ပြန်လာလေပြီ။ဘာဖြစ်လို့ များ ဒီလို အိပ်မက်တွေ ကျွန်မ ခဏ ခဏ မက်နေရတာလဲ။အတိတ်က အဖြစ်အပျက်တွေကို ကျွန်မ ဘာလို့ ဆက်မက်နေရတာလဲ။ ဒီအိပ်မက်ဆိုးတွေ ဆက်မမက်ဖို့  ကျွန်မ တားရပေလိမ့်မည်။နှလုံးသားနှင့် ရင်းပြီး ကျွန်မ တားဆီးနိုင်ရမည်။တစ်ဆက်တည်းတွင်ပင် အဖေ အိမ်ပေါ်မှ ဆင်းသွားခဲ့သည့်နေ့ က ပြောခဲ့ဖူးသော စကားကို ပြန်ကြားယောင်လာမိတော့သည်။
@
“နောက်ပိုင်းဆို အဖေ သမီးနဲ့  အမြဲဆုံရတော့မှာ မဟုတ်ဘူး…သမီးအမေနဲ့  လိမ်လိမ်မာမာ နေရစ်နော် သမီး…”
Subscribe to:
Posts (Atom)






