ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, March 29, 2012

Happy-Go-Lucky



တကယ်တော့ ဒီပို့ စ်ကိုရေးရတာ ကိုယ့်အတွက်အခက်ခဲဆုံးပါပဲ။ခေါင်းစဉ်နဲ့ လိုက်အောင်  ရေးသားရသလို
အခုလောလောဆယ် ဟစ်ဖြစ်နေတဲ့ နိုင်ငံရေးအကြောင်းလည်း တင်ဆက်ရမယ်ဆိုတော့
ထင်သလောက်မလွယ်ကူလှပါဘူး။ကဲ...ဖတ်ကြည့်ရအောင်ပါ။

Happy-Go-Luckyဆိုတာ မြန်မာလိုပြန်ရရင် "ပျော်ပျော်နေ သေခဲ"ပေါ့။ကိုယ်တို့ မြန်မာလူမျိုးတွေရော ပျော်ပျော်
နေကြပါရဲ့ လား။ဆန်းစစ်ကြရအောင်ပါ။အရင်ဦးဆုံး ဘောလုံးပွဲအကြောင်းကို စပြောချင်ပါတယ်။လွန်ခဲ့တဲ့ နှစ်ကဖြစ်မယ်ထင်ပါတယ်။အာရှ ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်ကွင်း  အဖြစ် မြန်မာတို့  တခြားနိုင်ငံက အသင်းနဲ့  ဘောလုံးကန်ကြတာပါ။
မြန်မာနဲ့ ဘယ်အသင်း ကန်ကြမှန်း မသိပေမယ့် သေချာတာကတော့ မြန်မာပရိသတ်တွေ မကျေမနပ်ဖြစ်ပြီး
အော်ဆဲကြ၊ကွင်းထဲကို ပုလင်းတွေ ဘူးခွံတွေ ကောက်ပေါက်ကြနဲ့  နိုင်ငံတကာက အထင်သေးစေတဲ့
အဖြစ်အပျက် ဖြစ်ပွားလာပါတယ်။ဒါ့အပြင် ကမာ့္ဘဖလား ခြေစစ်ပြိုင်ပွဲမှာလည်း မြန်မာဘောသမားတစ်ယောက်
တခြားနိုင်ငံက ဘောသမားကို တစ်ခုခုလုပ်တယ်ဆိုလားပဲ။

Friday, March 23, 2012

ကြိုးစားသူတိုင်းအတွက် နေရာလေးတစ်နေရာ


                                         ခရမ်းရောင်မျက်လုံးပိုင်ရှင်မလေး အဲလစ်ဇဘက်တေလာ

23.3.2011 ခုနစ် ကပါ။ဟောလီဝုဒ် မင်းသမီးတစ်ဦး ကွယ်လွန်အနိစ္စရောက်သွားခဲ့တာ
အခုဆို တစ်နှစ်တင်တင် ပြည့်လုပါပြီ။တကယ်တော့ ဒီမင်းသမီးကြီးဟာ အပြစ်အနာအဆာ ရှိနေတဲ့
မင်းသမီးပါလို့  လူအများက သတ်မှတ်ထားကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကွယ်လွန်သွားတဲ့သူကို
အပြစ်တင်နေမယ့်အစား သူမရဲ့  ကောင်းမွေလေးကို လက်ဆင့်ကမ်း မျှဝေပေးကြစို့ နော်။

Wednesday, March 21, 2012

ဖတ်သူမဲ့ ကဗျာ


ကမ္ဘာ့ ကဗျာနေ့  မှာတင်ဖို့  ဒီကဗျာလေးကို ရွေးချယ်ထားပါတယ်။ဒီထက်ပိုကောင်းသွားအောင် ပြန်ပြင်ချင်
ပေမယ့် ကိုယ်တိုင်က သိပ်မကျမ်းကျင်တော့ ဒီအတိုင်းပဲ တင်လိုက်ရတာပါ။ခံစားဖတ်ရှုပေးပါဦးခင်ဗျာ...။

                                              ဖတ်သူမဲ့ ကဗျာ

ကဗျာလေး တစ်ပုဒ်ပါပဲ
ဝေဖန်အပြစ်တင်ခြင်းခံရတဲ့ ကဗျာတစ်ပုဒ်
မဂ္ဂဇင်းပေါ် တင်မိလို့ 
မဂ္ဂဇင်းရဲ့ ဂုဏ်သိက္ခာလေးလည်း
ကျဆင်းသွားရလို့ ပေါ့။

Saturday, March 17, 2012

ဆယ်တန်းဖြေ ကျောင်းသားဘ၀ အမှတ်တရ

                                                   ဘုရားသုံးဆူမြို့ နယ်ခွဲ

အခုတလော ထော်ဦးတို့  ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ အမှတ်စာရင်းသွားထုတ်ဖြစ်ပါတယ်။ကားစီးပြီး
အမှတ်စာရင်း သွားထုတ်ကြတော့ လမ်းတွေမှာ ဆယ်တန်းဖြေပြီး ထွက်လာကြတဲ့ ကျောင်းသူကျောင်းသားများကို တွေ့ ရတာပါ။မိဘတွေကလည်း လာပို့ ကြလို့ ပေါ့။တချို့ ကျောင်းသားတွေက ဟိုင်းလတ်ကားပေါ်တက်ရင်း စီးကြလို့ ။လူ့ပြည့်သိပ်သွားတော့ တွယ်စီးတတ်ကြတဲ့လူတွေ ရှိပါရဲ့ ။ဒါနဲ့ ပဲ ထော်ဦးရဲ့  ဆယ်တန်းဖြေ ကျောင်းသားဘ၀ကို သတိရမိစေပါတယ်။

Wednesday, March 14, 2012

စိမ်းသွားတဲ့ မြို့ 

ဘာတွေတင်ရမှန်း စဉ်းစားလို့ မရခိုက်... စာဖတ်သူတစ်ဦးဖြစ်တဲ့ "ကိုကြီး"က တောင်းဆိုလို့  ဒီပို .စ်လေးကို တင်ပေးလိုက်တာပါ။ကဲ...ကြည့်ကြရအောင်နော်။
                                   ဘားအံ ကွန်ပျူတာတက္ကသိုလ်ပါ(ပုံသေးသွားပါတယ်နော်)

                              ဘားအံ ကွန်ပျူတာတက္ကသိုလ်(အပေါ်စီးက ရိုက်ထားတာပါ)


 ဘားအံ ကွန်ပျူတာတက္ကသိုလ်ကနေ 15မိနစ်လမ်းလေလျှာက်လိုက်ရင် ကော့ဂွန်းဂူ ရောက်မှာပါ။
ကော့ဂွန်းဂူက အေဒီ 7ရာစုကတည်းက တည်ဆောက်ထားတာပါ။ရှေးဟောင်း အုတ်ခွက်ဘုရားများကိုလည်း တွေ့ မြင်ရမှာပါ။

Monday, March 12, 2012

နွေ နဲ့  မိုး နှစ်ပါးခွင်

နေရောင်ပွင့်ဖူး  အာရုဏ်ဦးမှာ
ကျေးငှက်သံသာ  တေးဆိုပါဧ။် ။

နေရောင်ဖြောက်ဖြောက်  နံနက်ခင်းမှာ
လေပွေတစ်ချက်  တိုက်ခတ်ပါရ်ျ
ရွက်ခြောက်ကြွေသံ  ဖျတ်ဖျတ်ညံဧ။်။

Saturday, March 10, 2012

အလင်းစ တစ်စ


ပိုးစုန်းကြူး တစ်ကောင်က
ကမ္ဘာမြေကြီး အပေါ်
အလင်း ဖျိုးဖျိုးဖျတ်ဖျတ်
ပေးဆောင်နိုင်တယ်။

ကြယ်လေး တစ်ပွင်.က
ကမ္ဘာမြေကြီး အပေါ်
အလင်းစ တစ်စ
စွမ်းဆောင်ပေးတယ်။

Wednesday, March 7, 2012

ဂစ်တာ တစ်လက်ရဲ့ သံစဉ်









ဂစ်တာကြိုးကို ညှိပြီး
သူသီချင်းဆိုတယ်
ဒါ သူ့ဝါသနာလေ
ဒါပေမဲ့...
လူတွေက ဘာဖြစ်လို့
သူ့ကို ဂျစ်ပစီလို့ ခေါ်ကြတာလဲ
သူညညတွေမှာ သူငယ်ချင်းတွေနဲ့
ဂစ်တာတီးပြီး သီချင်း ဆိုကြလို့လား
ဒါဆို သူဒီမြို့ကနေ
ထွက်သွား ရတော့မယ်
သူ့ဝါသနာကို အကောင်အထည် ဖော်ဖို့
ရန်ကုန်မြို့တော်ကို
သူအခြေ ချလိုက်တယ်

Friday, March 2, 2012

မဲဆွယ် စည်းရုံးရေးသမား မယုံလေနဲ့ သတိထား

ဒီအကြောင်းရေးရတာ နည်းနည်းလန့်  နေပါတယ်လို့ ဆိုပါရစေ။အပြောအဆိုမတတ်ရင် အဆဲခံရမှာလည်း ကြောက်ပါတယ်။ဒါပေမဲ့ ခပ်ကြောက်ကြောက်နဲ့ ပဲ ဒီပို့ စ်လေးကိုရေးဖြစ်ပါတယ်။(ကိုယ်သဘောမကျတဲ့
ကွန်မန့် တွေရေးလာရင်တော့ This comment have been removed by the author.လို့ ပဲ ဆိုပါရစေ)

ကဲ...နိုင်ငံရေးအကြောင်း စတင်ကြရအောင်ပါ ။မြန်မာပြည်သူပြည်သားများအပေါင်း သိတော်မူထားကြတဲ့အတိုင်း
လာမယ့်ဧပြီလ1ရက်နေ့ မှာ ကြားဖြတ်ရွေးကောက်ပွဲ စတင်တော့မှာပါ။ဒေါ်စုကြည် ဦးဆောင်တဲ့
NLDပါတီတွေကလည်း အနုပညာသမားတွေအားကိုးနဲ့  ဘယ်လိုမဲထည့်ရမလဲဆိုတာ ပြည်သူလူထုတွေ
သိလာအောင် ပြုလုပ်ပေးမယ်လို့  ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။(ဒါဟာမဲဆွယ်နည်းပဲလားဆိုတာ
ကာယကံရှင်တွေပဲ သိမှာပါ။ထားလိုက်ပါတော့)

အခုပြောမှာကတော့ မဲဆွယ်မဲ့ လူတွေရဲ့  သွင်ပြင်လက္ခဏာကိုပါ။

Thursday, March 1, 2012

မတ်လအတွက် အမြည်း

ဘာလိုလိုနဲ့ လတစ်လ ကုန်ဆုံးသွားပြန်ပါပြီ။အားလုံး ရွှင်လန်းစွာနဲ့  ပျော်ရွှင်နိုင်ကြမှာပါ။ထော်ဦးတို့ လည်း ထုံးဆန်အတိုင်း လကုန်ခါနီးရင် အမြည်းကျွေးဖို့ အစီအစဉ်ကို စတင်လိုက်ပါပြီ။အခုလာမယ့် မတ်လအတွက် အမြည်းကတော့ တော်တော်များမယ်ထင်ပါတယ်။မအီအောင်တော့ ကဏ္ဍအသစ်လေးတွေ တိုးချဲ့ ပြီးတက်ဆက်ပေးပါ့မယ်။

ကဲ...အခုလတ်တလော လူပြောသူပြော များတာကတော့ မြန်မာနိုင်ငံရဲ့ 
 နိုင်ငံရေးအကြောင်းပဲ ဖြစ်နိုင်ပါတယ်။လာမယ့် ဧပြီလ ၁ရက်ကျရင်လည်း မဲထည့်ပေးရမယ်မို့ လား။ဒါကြောင့် ခေတ်နောက်ကျမကျန်ရအောင် နိုင်ငံရေးသမားတွေ ဘယ်လို မဲဆွယ်
စည်းရုံးတတ်ကြသလဲဆိုတာကို တင်ပြပေးပါမယ်။ပို့ စ်ခေါင်းစဉ်ကတော့
"မဲဆွယ်စည်းရုံးရေးသမား မယုံလေနဲ့  သတိထား"ပါ။တကယ်တော့ ထော်ဦးက နိုင်ငံရေးအကြောင်းကို တယ်ပြီးစိတ်မ၀င်စားလှပါဘူး။နိုင်ငံတိုးတက်ဖို့ အတွက်ကျတော့လည်း လူတိုင်းမှာတာဝန်ရှိတယ်ထင်လို့ 
မတတ်တတတ်နဲ့  ဒီပို့ စ်လေးကို တင်စမ်းကြည့်တာပါ။(ဒီလို ပြောလိုက်တော့ ကိုယ်ကိုယ်ကိုယ်တောင်
လေထဲမှာ ပျံဝဲလို့  : ) )