(၁)
ညသည် မှောင်သထက် မှောင်လာလေသည်။မိုးတွင်းရာသီဖြစ်၍ ပတ်၀န်းကျင်တစ်ခွင်၌ လေပြင်းတိုက်ခတ်သည့်အသံများသည် ပြင်းပြစွာ ကျရောက်လျှက် ရှိပေသည်။ လေပြင်းတိုက်ခတ်ရာသို့ တဝေါဝေါ ယိမ်းခါနေတတ်သည့် သစ်ကိုင်းအခက်အလက်များသည်ပင် စိတ်ခြောက်ခြားဖွယ် ကောင်းလှပေ၏။ ဖွင့်ထားသည့် ပြတင်းချပ်နှစ်ချပ်ကို ကျွန်မဆွဲပိတ်လိုက်သောအခါ ကောင်းကင်ပြင်ပေါ်မှ ပြိုဆင်းကျလာသော မိုးရေစက်များသည် ကျွန်မ၏လက်ခုံပေါ်သို့ အရှိန်ပြင်းထန်စွာ ဖြာကျလာလေ၏။
အေးစက်ဖွယ် မိုးရေစက်များသည် ကျွန်မရင်ထဲ ထုံကျဉ်လာစေသည်။ နာကျင်ရသည့် ဝေဒနာတွေ ရင်နှင့် မဆန့်အောင် ခံစားနေရလွန်းလို့ ကျွန်မနှုတ်ဖျားမှတစ်ဆင့် စကားလုံးတွေ သွန်ချလိုက်မိ၏။
"မိုးတွေတောင် သည်းလာပြီလေ"
ကျွန်မ၏ မချင့်မရဲ ညည်းညူမိသောအသံကြောင့် အခန်းဖော်သူငယ်ချင်း ဖြူက
"ထီးမိုးပေးတဲ့လက်ကို နင်ပဲ ပုတ်ထုတ်လိုက်ပြီးတော့"
ဆိုပြီး စိတ််မရှည်နိုင်ဖွယ် ဆိုတော့သည်။ ဖြူကို ကျွန်မ ရီဝေစွာ စိုက်ကြည့်ရင်း
သူနဲ့ ပတ်သက်ပြီး အားလုံး ပြီးပြတ်သွားခဲ့ပြီလေ၊ဘယ်အရာမှ ထပ်ဆက်လို့ မရတော့ပါဘူး ဖြူရယ်
ဟူ၍ နာကျင်နွမ်းလျစွာ ဆိုလိုက်မိ၏။ ဘုရားရေ၊ ကျွန်မအသံတွေ တုန်ရီအဖျားခတ်နေပြီလား။သူနှင့် ေ၀းခဲ့ရပြီးနောက်ပိုင်း ကြ်န္မ သူ ့ကို သတိမရမိအောင် ကြိုးစားခဲ့သော်လည်း မသိစိတ္က သူ ့ကို တမ်းတစွဲလမ်းနေမိသည်။သူ ့ ကြင်နာမှုလေးတွေကို တွေးမိတိုင်း ၀မ်းနည်းပန်းနည်း ဖြစ်ကာ တိတ်တဆိတ် ရှိုက်ငိုနေမိတာက အဆိုးဆုံးပါပဲလေ။သူနှင့်သာ ထိုမိုးသည်းညမှာ မဆုံတွေ ့ဖြစ်ခဲ့ကြလျှင် ကြ်န္မ
တို ့နှစ်ဦးစလုံးလည်း ဒီလို ေ၀ဒနာမျိုး ခံစားနေကြရမှာ မဟုတ်ဘူး။အခုတော့ သူနှင့် ကျွန်မတို ့၏ အတိတ် ပုံရိပ်တွေလည်း ဒီလိုမိုးသည်းညမှာ တဖြည်းဖြည်းနှင့် ပုံရိပ်ထင်လာပြီလေ။
@@@@@@@@@@
(၂)
တကယ်တော့ သူနှင့် ကျွန်မတို ့ စတင်ဆုံဆည်းခဲ့ရသောအချိန်က မိုးသည်းထန်စွာ ရွာသွန်းသည့် မိုးသည်းည တစ်ည။ထိုညက မိုးမရွာနိုင်ဘူး အထင်နှင့် ထီးမယူမိဘဲ အဆောင်နှင့် အတန်ငယ်လှမ်းသော ထမင်းဆိုင်တွင် တစ်ယောက်တည်း ထမင်းထွက်စား ဖြစ်ခဲ့သည်။ကံဆိုးချင်တော့ ပြန်ခါနီးကျမှ မိုးတွေ သည်းကြီးမဲကြီး ရွာချတော့သည်ပင်။ဆိုင်ရှေ ့တွင် ရပ်ရင်း မိုးအခြေအနေ ကြည့်နေသော ကြ်န္မကို သူက ထီးတစ်လက် လာပေးတော့တာပါ။
နွေ ဒီထီးကို ယူသွားလေ၊ကိုယ့်ထီးပဲဘာမွ မျဖစ္ဘူး
သူ ့အပြောကြောင့် ကျွန်မလှည့်ကြည့်ရင်း တစ္ခုခု ပြောလိုက်ဖို ့ အားယူမိတော့သည်။နှုတ်ဖျားထက်တွင် တော့
ကျေးဇူးပါ၊ကိုယ်နဲ ့ သိပ်မရင်းနှီးတဲ့ လူရဲ့ထီးကို မယူပါရေစနဲ ့
ကြ်န္မ၏ ပြတ်သားလှသော အပြောကြောင့်ပဲလား မသိ။အကြောင်သားရပ်ရင်း သူ ကြ်န္မကို ငေးကြည့်နေမိတော့သည်။ကျွန်မလည်း ဆက်ရပ်နေဖို ့မသင့်တော့ပြီမို ့ ဒီအတိုင်းပဲ မိုးသည်းသည်းထဲ ပြေးထွက်သွားမိ၏။သူ ဘယ်လိုကျန်ခဲ့မည်မှန်း မသိလိုက်ရသော်လည်း မုန်းတီးခဲ့ဖူးသည့် မိုးသည်းညတစ်ညမှာ တော့ ကျွန်မတစ်ယောက်တည်း ပြေးနေရပြီလေ။
ဒီလို မိုးသည်းညမှာ ကြ်န္မ ဘယ်လောက်ထိ အားငယ်ခဲ့ရသလဲ။ကြ်န္မ ဘယ်လောက်အထိ စိတ်နာကြည်းခဲ့ရသလဲ ဆိုတာကို ဘယ္သူကမ်ား သိနိုင်ပါ့မလဲလေ။ပြေးလွှားနေရင်းနှင့်ပင် မိုးရေးစက်များနှင့် အပြိုင် မျက်ရည်တွေ သွန်ကျနေမိပြီ။
အနာဟောင်းကို ပြန်ဆွမိတဲ့ မိုးသည်းည။
ကြ်န္မ ခံနိုင်ရည်အားကို ဆုတ်ယုတ်သွားစေပြီလား။
@
ထိုညက တစ်ယောက်တည်း အိပ္မရျဖစ္ကာ မျက်လုံးကြောင်နေမိ၏။အတိတ်မှ အဖြစ်အပျက်များကို အိပ်မက်ထဲအထိ ဆက်မက်လာမည်ကို တွေးကြောက်ရင်း မအိပ်မိအောင် အားထုတ်နေရသည်။ အစီအစဉ်မကျလှသည့် စိတ်ကလေးကြောင့် ကြ်န္မ ရူးမ်ား ရူးသွားခဲ့ပြီလား။သည်ညတော့ ကျွန်မအတွက် စိတ္တဇည ဖြစ်နေပါပြီ။
သူတို ့တွေကတော့ ပျော်နေကြရောပေါ့။ကျွန်မ ဆက်မတွေးချင်။ကျွန်မကိုတောင် သူတို ့၏ ကိုယ်ပွားအဖြစ်
အသိအမှတ်ပြုကြသေးရဲ့လား။ကျွန်မ ထပ်မစဉ်းစားချင်။ကံကြမ္မာက ကျွန်မအပေါ်ကိုသာ ကွက်ပြီး မိုးသည်းပြနေတာကိုတော့ ကြ်န္မ အကျယ်တ၀င့်ပြုပြီး ဇာမချဲ ့ချင်တော့ပါဘူးလေ။
@@@
ညက မိုးရေမိထားသည့် ဒဏ်ကြောင့်ရော အိပ်ရေးပျက်ထားသည့်ဒဏ်ကြောင့်ပါ ဒီမနက်တော့ ကြ်န္မ ကျောင်းမသွားဖြစ်တော့ပါ။ဖြူကတော့ ကျောင်းသွားရန် ပြင်ဆင်ရင်းနှင့်ပင်
ဖျားသွားပြီလား
ဟု ကြ်န္မအား မေးလာလေ၏။
ညက မိုးမိထားလို ့ပါ
ဟု ကြ်န္မ ဖြူ ့ကို အထိုက်အလျှောက်ပင် ဖြေလိုက်ရသည်။တရေးပြန်အိပ်လိုက်ပြီး အိပ်ရာမှပြန် နိုးလာလေတော့ တခြားလူတွေ ကျောင်းသွားကြပါပြီ။အဆောင်ထဲတွင် အဆောင်ရှင်အပျိုကြီး တစ်ယောက်ကလွဲပြီး ကျောင်းသူဆို၍ ကြ်န္မ တစ်ယောက်တည်းသာ ကျန်နေရစ်ခဲ့၏။ခေါင်းမူးလျှက်နှင့်ပင် အိပ်ရာမှ လူးလိမ့်ထကာ မျက်နှာသစ်သွားတိုက်လိုက်ရ၏။အတန်ငယ် လန်းဆန်းလာပြီး နေသာထိုင်သာ ရှိလာလေသည်။
နေ ့လယ်ပိုင်း ကျောင်းဆင်းချိန်ရောက်တော့ ဖြူ ့ကို အဆောင်နှင့် ဆယ်မိနစ်ခန် ့ပင် ေ၀းသော ကော့ဂွန်းဂူဘုရားသို ့ သွားရန် အဖော်စပ်လိုက်မိ၏။ကျွန်မအပေါ် အလိုလိုက်ရှာသည့် ဖြူက ကြ်န္မ နှစ်ခါပင် ခေါ်စရာ မလို။လိုက်မယ်ဟုပင် ခေါင်းတဆတ်ဆတ် ညိတ်လေတော့သည်။
နေ ့လယ်ပိုင်းတွင် ကျွန်မတို ့နှစ်ဦး ကျောင်းမတက်ဖြစ်တော့ဘဲ ထီးလေးတစ်လက်ကို နှစ်ယောက်အတူ ဆောင်းကာ ကော့ဂွန်းဂူဘုရားသို ့ လမ်းလျှောက်ထွက်ဖြစ်ကြ၏။ မိုးရာသီဆိုသော်လည်း ဘားအံကွန်ပျူတာတက္ကသိုလ် တည်ရှိသည့် ဘားကပ်ရွာကလေးက နေ ့လယ်ပိုင်းအချိန်တွင်တော့ နေခြစ်ခြစ်တောက်ပင် ပူပြင်းတတ်လှ၏။ ကျွန်မတို ့ နှစ်ဦး လမ်းလျှောက်ကြရင်းနှင့်ပင် တစ္ဖက္တစ္ခ်က္ဆီမွ ထန်းပင်များ၊စိမ်းစိုစို စပါးခင်းများကို စိတ်နှလုံး ရွှင်ပျစွာ လှမ်းကြည့်ဖြစ်ကြသည်။
ရှေးဟောင်းကော့ဂွန်းဂူဘုရားထဲသို ့ လှမ်း၀င်လေတော့ အေဒီ ၇- ရာစုကတည်းက တည်ဆောက်ခဲ့သည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် အများအပြားကိုကြည်ညိုဖွယ် ဖူးမျှော်ခွင့် ရလိုက်၏။ထို ့အပြင် ဂူနံရံထက်မှ ကပ်ထားလျှက်ရှိသော အုတ်ခွက်ဘုရားများသည်လည်း တချို ့နေရာများတွင် နှစ်ကာလများစွာ ဖြတ်သန်းထားမှုကြောင့် ကြာက်ပ်က္စီးကာ အနာရွတ်အဖြစ် တည်ရှိနေလေ၏။ကော့ဂွန်းဂူထဲတွင်တော့
လင်းနို ့များနှင့် ငွက္ကေလးမ်ား၏ တကျွိကျွိအော်မြည်သံများကို ကြားနေရသည့်အပြင် ဂူနံရံကြားမှ တတောက်တောက် စီးကျလာသည့် ရေကျသံကိုလည်း စိတ်ဘ၀င်ကြည်ရွှင်ဖွယ် ကြားရပါသေးသည်။ တကယ်တော့ ကော့ဂွန်းဂူဘုရားသည် အေဒီ ၁၁-၁၂ရာစုတွင် တည်ဆောက်ထားသော
ရှေ ့ဟောင်းပုဂံဘုရားထက်ပင် ရှေးကျပါသေးသည်။ လူသိနည်းတာကြောင့်ရော အေသးစား ဂူကလေးတစ်ဂူလောက်သာ ဖြစ်သည်မို ့ပါ လူတော်တော်များများ သိပ်မသိရှာပေ။သို ့သော်လည်း နို်င်ငံခြား ခရီးသွားဧည့်သည်များက တစ်ခါတရံ အလည်လာရောက် ဖူးမျှော်တတ်ကြပါသည်။ဘားအံမြို ့ အနီးအနားတွင်ရှိှသော တက္ကသိုလ်ကျောင်းသားများနှင့် စတိတ်ကျောင်းသားများသာမက မော်လမြိုင်မြို ့ရှိ တက္ကသိုလ် ကျောင်းသားများကပါ ကော့ဂွန်းဂူဘုရားသို ့ လာရောက်ဖူးမျှော် တတ်ကြပါသေးသည်။
နာရီ၀က်ခန် ့ ကော့ဂွန်းဂူဘုရားဖူးပြီးနောက် ကျွန်မတို ့နှစ်ဦးလည်း အဆောင်သို ့ ပြန်ရန် တိုင်ပင်ဖြစ်ကြလေ၏။အဆောင်သို ့ ပြန်ရန် ကျွန်မတို ့့နှစ်ဦး လမ်းလျှောက်ရင်းနှင့်ပင် ဟိုအကြောင်း ဒီအကြောင်း စကားပြောဆိုဖြစ်ကြသည်။အဆောင်ရောက်ခါနီးတွင် ကျွန်မတို ့နှစ်ဦးအနီးသို ့ ဆိုင်ကယ်တစ်စီး ထိုးဆိုက်လာလေ၏။
နွေ ဒီနေ ့ဖျားများဖျားသွားပြီလား ထင်ပြီး ကိုယ် နွေတို ့အဆောင်ကို လာချောင်းသွားသေးတယ်၊ အဆောင်ပိုင်ရှင် အစ်မကြီးက နွေတို ့ ကော့ဂွန်းဂူသွားကြတယ် ဆိုလို ့ ကိုယ်လိုက်လာရတာပါ
ဟု ဆိုင်ကယ်ရပ်ရင်း စကားဆိုလာတော့သည်။စကားဆိုလာသူကို လှည့်ကြည့်မိတော့ မေန ့ညက တွေ ့ ခဲ့ဖူးသည့် သူပါပဲလေ။ဖြူကတော့ အံ့သြသည့်အကြည့်နှင့် ကျွန်မတို ့ကို ကြည့်လို ့။ဘယ်အချိန်ကတည်းက ကျွန်မတို ့နှစ်ဦး ခင်သွားခဲ့ပါလိမ့် ဟု ဖြူ သိချင်နေမှာပဲလေ။သူကတော့ ခင်မင်ရင်းနှီးနေသူလို စကားတွေ တရစပ်နှင့် ပြောနေလေ၏။
ကိုယ့်နာမည်က မျိုး၀င်းပါ၊ကိုမျိုးလို ့ ခေါ်ရင်လည်း ရပါတယ်
ဖြူရဲ့ နာမည်အရင်းက ဖြူဖြူခိုင်ပါ.၊ဖြူ ့သူငယ်ချင်းရဲ့ နာမည်အရင်းက နွေေ၀လင်းပါ
ဖြူကတော့ ကျွန်မတို ့၏ အမည်ကို အထိုက်အလျှောက်ပင် မိတ်ဆက်ပေးလိုက်သည်။သူကတော့ သူပြောချင်ရာ ပြောပြီးနောက် ကျွန်မတို ့နှစ်ဦးကို နှုတ်ဆက်ကာ ဆိုင်ကယ်ကို ၀ီးခနဲ နေအောင် မောင်းထွက်သွားတော့သည်။
@@@
နောက်တစ်နေ ့မွစ၍ ကျွန်မတို ့စာသင်ခန်းရှေ ့တွင် သူ ယောင်လည်လည်နှင့် ရပ်စောင့်နေသည်ကို ကျွန်မတို ့နှစ်ဦးစလုံး တွေ ့လိုက်ရသည်။ကျွန်မတို ့ကို မြင်တော့ မချိပြုံး ပြုံးပြကာ သူ ့ခေါင်းကို ခပ္ဖြဖြေလး ဖွပစ်နေလေ၏။ကျွန်မတို ့နှစ်ဦးလည်း သူ ့အမူအရာကို လှမ်းကြည့်ကာ ပြုံးပြလိုက်မိကြသည်။ဖြူကတော့ ပြုံးယောင်သမ်းနေသည့် ကျွန်မမျက်နှာကို စိုက်ကြည့်ကာ တစ်စုံတစ်ရာ အလေးအနက် စဉ်းစားဟန် ပြုနေသည်ကို တွေ ့လိုက်ရ၏။ဖြူ၏ စူးစမ်းမှုကြောင့် ကြ်န္မ အပြုံးကို တမင်တကာ ရုပ်သိမ်းလိုက်ရသည်အထိပင်။
သူသည်လည်း ယောကျၤားတကာတို ့ ပြုမူနေကျအတိုင်း လွယ်လွယ်လေးရမည် ထင်ပြီး ကြ်န္မ၏ အခ်စ္ကို ခူးဆွတ်ချင်နေလို ့မ်ားလား ဟု တစ်ကိုယ်တည်း တွေးကြည့်မိရင်း ကြ်န္မ မျက်နှာ သုန်မှုန်လာမိတော့သည်။
အချစ်နှင့်ပတ်သက်ပြီး ယုံကြည်သက်၀င်နိုင်ဖို ့ ကျွန်မအတွက် ခဲယဉ်းနေပြီပဲလေ။ထိုအချစ်လို ပူပြင်းလှသည့်အရာကို ကြ်န္မ မရယူချင်။ဒီလို အချစ်နှင့်ပတ်သက်သော အပူမီးကို မီးမလောင်ခင် ကတည်းကပင် ကြ်န္မ တားဆီးဖို ့ လိုအပ်လှှသည်ပဲ မဟုတ္လား။
@@@
သို ့သော်လည်း သူနှင့် တဖြည်းဖြည်းချင်း ရင်းနှီးရာမှ စ၍ သူ၏ ကျွန်မအပေါ် ပြုမူတာလေးတွေကို ကြ်န္မ သာယာတတ်လာလေပြီ။တစ်လောက ကျွန်မအတွက်ဆိုပြီး ရောင်စုံခဲဖျက်ရုပ်ကလေးတွေ လာပေးသွားသည်။ ဒီနေ ့လည်း ကျွန်မအတွက် ကြိုးကြာရုပ်ကလေးတွေ စတင်ခေါက်နေပါပြီဟု လာပြောသွားသေး၏။အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ကျွန်မအပေါ် ဂရုတစိုက် အရေးတယူလုပ်ပေးမည့် တစ်စုံတစ်ဦးကို တောင့်တမိရာမှစ၍
သူ ့အပေါ် သံယောဇဉ်တွယ်တာသွားခဲ့ရသည်။ ထိုအရာကို အချစ်ဟူ၍ ခေါ်ဆိုတတ်ကြပါသလား။ ကျွန်မကိုယ်တိုင် မေသခ်ာမေရရာပါဘဲ တွယ်တာစရာလေးတစ်ခုလို ဆုပ်ကိုင်နေမိပြီလေ။
တွယ်တာစရာလေးတစ်ခုဟု တိုးဖွဖွ ရည်ရွတ်ကြည့်မိရင်း တစ်ချိန်တည်းမှာပင် အတိတ္က အဖြစ်အပျက်များကို ပြန်ပြောင်း နာကျင်လာမိတော့သည်။အဖေလည်း အေမ့ကို ချစ်ခဲ့လို ့သာ လက်ထပ်ကြတာပဲလေ။အချစ်နှင့် လက်ထပ်ခြင်း ထပ်တူကျသွားသည့်တိုင် လက်ထပ်ပြီးသည့်နောက်ပိုင်း ပျော်ရွှင်မှုအတိနှင့် ပြီးဆုံးသွားကြသည်မှ မဟုတ်လေပဲ။ကျွန်မအပေါ် အဆုံးစွန်ချစ်ခဲ့ဖူးသည့် အဖေကိုယ်တိုင်တောင် ကျွန်မတို ့ သားအမိတေတြ မုန်းလာအောင် လုပ်ရက်သည်ပဲလေ။ တခြားသူစိမ်းယောကျၤားတွေကို ဘယ်သတ္တိမျိုးနှင့် ကြ်န္မ ယုံကြည်နိုင်ပါ့မလဲ။ ကွဲရှသွားခဲ့သည့် ဖန္ကြဲစမ်ားကို လိုက်လံကောက်ယူရင်း ထိုဖန်ကွဲစတွေကြောင့် ကြ်န္မ သွေးစို ့လာခဲ့ရပါပြီ။သည်တော့လည်း နောက်ထပ် ကွဲရှတတ်သည့် ဖန်ခွက်များကို မကိုင်ရဲခဲ့တာ ကြ်န္မ မွားမ်ား မွားသြားခဲ့ျပီလား။
ယခုအချိန်မှာတော့ ကြ်န္မ မကိုင်ရဲခဲ့သည့် ဖန္ခြက္တစ္လုံးက ကြ်န္မထံ အရောက် လှမ်းလာနေပါပြီ။ ထိုဖန်ခွက်ကို လက်ခံထားရမည်လား တစ်နေရာရာမှာ စွန် ့ပစ်လိုက်ရမည်လား၊ကြ်န္မ မစဉ်းချင်တော့ပြီ။
@
ထိုညက အတိတ္က ဖြစ်ပျက်ခဲ့ဖူသည့် အိပ်မက်ဆိုးကို မမျှော်လင့်ထားပါဘဲ တုန်ရင်လှိုက်မောဖွယ် မက်ဖြစ်ခဲ့၏။
တစ်ဦးနှင့်တစ်ဦး ဒေါသတကြီး အော်ငစ်နေကြသည့် အသံနှင့်အတူ မိုးခြိမ်းသံ တဂျုန်းဂျုန်း ရွာချလျှက်။
လျှပ်စီးတစ်ချက် အလက်တွေတော့ ထိုမြင်ကွင်းမျိုးကို မြင်လိုက်ရသည့် ဆယ်နှစ်သား ကောင်မလေး တစ်ယောက်က မျက်ရည်စီးကြောင်းတွေ လွ်ံက်လို ့။ထို ့နောက် လှိုက်တက်လာသည့် ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်ငိုယိုနေသည့် အသံ။
ကြ်န္မ အထိတ်တလန် ့့့ျဖစ္ကာ အိပ်ရာထဲကနေ လန် ့နိုးလာရတော့သည်။အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက် ရှုသွင်းရှုထုတ်ပြုရင်း မောပန်းလွန်းလှပါပြီ။အာခေါင်များ ခြောက်ကပ်လာကာ ရေငတ်လာသလို ဖြစ်လာတော့သည်။မီးခလုတ်ကို ဖွင့်ရင်း သောက်ရေအိုးထဲမှ ရေကို နှစ်ခွက်ဆက်တိုက် ဆင့်သောက်လိုက်ရ၏။သို ့သော်လည်း ခုနက မက်ခဲ့သော အိပ်မက်ဆိုးကို သတိရနေမိဆဲ။အပြင်ဘက်မှာလည်း မိုးတွေ သည်းစ ပြုနေပေပြီ။
ကြ်န္မ၏ အတွေးရောင်စဉ်တန်းထဲတွင်တော့ အတိတ္က ဖြစ်ပျက်ခဲ့ဖူးသည့် ဖြစ်ရပ်များကိုသာ မိုးရေစက်များပြိုကျလာသလို သတိရလာမိလေ၏။
(ဆက်လက်ဖော်ပြပါဦးမည်)
ဒုတိယပိုင်း - http://htawoo.blogspot.com/2013/09/blog-post_15.html
ထော်ဦး(ဘားအံကွန်ပျူတာ)
၂၀၁၄၊ဇန်နဝါရီလထုတ် Treasure Land မဂ္ဂဇင်း
No comments:
Post a Comment