ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Sunday, September 15, 2013

မိုးသည်းည ပုံပြင် (ဒုတိယပိုင်း)


ပထမပိုင်း ဖတ်ရှုရန် -
  http://htawoo.blogspot.com/2013/08/blog-post_3258.html
(ယခင်လမှ အဆက်)
                                  
                                     ()

             ညမှောင်မှောင်ထဲ ရန်ဖြစ်သံများ တဖြည်းဖြည်း ကျယ်လာကာ အော်ဟစ်လာသည်အထိ ဖြစ်လာလေသောအခါ အိပ်ရာထက်မှ ကျွန်မ လန့် နိုးလာခဲ့ရသည်။သူတို့ တွေ ရန်ဖြစ်၍ ကောင်းနေကြဆဲ အချိန်တွင် ကလေးမလေးတစ်ယောက် အားငယ်စိတ်ဖြင့် အိပ်ရာထက်မှာ မျက်ရည်ရစ်ဝဲနေခဲ့ရသည်ကို
အဖေတို့ အမေတို့  တတွေ မသိရှာကြလေရော့သလား
           နောက်နေ့ မနက်ရောက်လာလျှင်တော့ အဖေနှင့်အမေတို့  နှစ်ဦးစလုံးလည်း စက်ရုပ်တွေလို လှုပ်ရှားနေကြမည်ကို တွေးမိရင်း စိတ်မကောင်း ဖြစ်ခဲ့ရသည်။အဖေက မနက်အစောကြီး ဘာမျှ မစားတော့ဘဲ ရုံးသွားတတ်သလို အမေသည်လည်း
မနက်အစောကြီး ထကာ ဟင်းချက်ရန်အတွက် ဈေးထဲ ထွက်သွားတတ်ပေလိမ့်မည်။အမေ ဈေးဝယ်ရာမှ ပြန်ရောက်လာလျှင်လည်း အရင်က ကြားနေကျ  ချိုရွှင်ကြည်မြလှသည့် အသံသည်ပင် ပျောက်ဆုံးဆိတ်သုန်သွားပေလိမ့်မည်။မည်သို့ ပင် ဖြစ်စေ။ထိုအဖြစ်မျိုး ကြုံလာအောင် ပြုလုပ်ခဲ့သည့် အဓိကတရားခံစစ်စစ်က ကျွန်မ အဖေကိုယ်တိုင်ပါပဲလေ။
              ထိုညက ခါတိုင်းညလိုပင် မိုးတွေ သည်းကြီးမည်းကြီး ရွာသွန်းခဲ့သည့် မိုးသည်းည တစ်ည။အမြဲလိုလို အိမ်ပြန်နောက်ကျတတ်သည့် အဖေသည်လည်း အရက်ကလေး တမြမြသောက်ပြီး အမေ့ကို စိတ်နာကြည်းဖွယ် ဆိုလာလေသည်။ ထိုမျှမကဘဲ အမေခွင့်မလွှတ်နိုင်သော အပြုအမူမျိုးကို ကျူးလွန်ခဲ့သေးသည်။ ထိုအချိန်မှစ၍  အိမ်ကို အဖေ ပြန်လာချင်သည့်အချိန်တွင်သာ ပြန်လာတတ်သည်။ အခုတော့လည်း အရင်က နွေးထွေးခဲ့ဖူးသော မေတ္တာစံအိမ်လေးသည် အဖေဖျက်ဆီးပစ်ခဲ့သော အချိန်မှစ၍ ပျောက်ဆုံးသွားခဲ့သည်မှာ ကြာညောင်းလှပါပြီ။
           ထိုသို့  ပြုမူခဲ့ပြီးသည့်နောက်ပိုင်း အဖေ ကျွန်မကို စကားတွေ ဖောင်ဖွဲ့ ပြောဆိုလာသည့်တိုင်
မလှုပ်မယှက် ကျောက်ရုပ်တစ်ရုပ်လို သမီး တုန့် ပြန်လိုက်မိတာ သမီး မမှားလောက်ဘူး ထင်ပါတယ် အဖေရယ်။
အဖေကတော့ ညှိုးငယ်သည့်မျက်ဝန်းများဖြင့် ကျွန်မကို စိုက်ကြည့်လို့ ။ပြီးလျှင်
                         သမီးအမေက သမီးကို ဘာတွေ ပြောထားသေးလို့ လဲ သမီး…”       
             ဟူ၍ ကျွန်မပခုံးကို လှုပ်ယမ်းကာ ကြေကွဲစို့ နင့်စွာ အဖေ ဆိုလာတော့သည်။အဖေ့ကို စိုက်ကြည့်ရင်း ဘာမျှပြန်မပြောဘဲ နှုတ်ဆိတ်လျှက်ရှိနေသော သမီးဖြစ်သူကို ကြည့်ပြီး အဖေ ဘယ်လိုများ ခံစားနေရပြီလဲ။
သမီးတို့ အပေါ် အဖေပေးလာခဲ့သည့် ဝေဒနာတွေက ဒီ့ထက် ပိုဆိုးနေသည်ပဲလေ။
             ထိုညက မှတ်မှတ်ရရပင် ကျွန်မနှင့် ပတ်သက်၍ အဖေတို့  စကားများခဲ့ကြသည်။
             ထို့ နောက်တွင်တော့ ပစ္စည်းကောက်ပေါက်သည့်အသံ၊အော်ငစ်ငိုယိုနေသည့် အသံများဖြင့် အဆုံးသတ်ခဲ့ရသည်။အဖေကတော့ ထုံးစံအတိုင် ကားမောင်းပြီး အပြင်ထွက်သွားခဲ့သည်။အမေကတော့ ကျွန်မ အိပ်နေလောက်ပြီ အထင်နှင့် မခမ်းနိုင်သေးသည့် မျက်ရည်များကို အိပ်ရာဘေးတွေ သွန်ထုတ်လို့ ။
                                              @
              အတိတ်က ငယ်ဘ၀ကို တွေးမိတိုင်း ယခုအချိန်ထိတိုင် နာကျင်လျှက်ရှိဆဲ။အတိတ်ပုံရိပ်ကြီးကို တွေးမိလေတိုင်း ကိုက်ခဲလာတတ်သည့် ခေါင်းကို ဖာရာစင်တမောတစ်လုံးဖြင့် ချော့သောက်ကာ အိပ်စက်အနားယူလိုက်ရတော့သည်။
                                  @@@@@@@@@@
                                            ()
 
             ဒီမနက်တော့ ကောင်းကင်တစ်ခွင်လုံး အုံ့ ဆိုင်းလာကာ တိမ်တိုက်များသည်လည်း ညိုမည်းမှောင်မိုက်လျက် ရှိလေ၏။ညက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ခဏတာအနားယူကာ သည်မနက်တွင် ပြန်လည်ရွာသွန်းဖို့  အားအင်စုနေလေသည်များလား။ခေါင်မိုးပေါ်သို့  မိုးရေများ အငြိုးတကြီး သွန်ကျလာသည့်အခါ အတိတ်က ဖြစ်အင်များကို ခံစားချက်မဲ့စွာ တွေးတောလာမိစေသည်။ထိုနေ့ က အမေ ကျွန်မကို ဖက်ပြီး တသိမ့်သိမ့် ငိုကြွေးခဲ့သည်။ကျွန်မလည်း အမေနှင့်အတူ ရောငိုခဲ့မိ၏။ထိုအချိန်မှ စ၍ ကျွန်မဘ၀သည်လည်း ပြောင်းလဲမှုတရားကြီး၏ ဒဏ်ခတ်မှုအောက်တွင် ရုန်းကန်မှု ကင်းမဲ့စွာ စီးဝင်ခဲ့ရသည်။                                                                      @
                သို့ သော်လည်း နေ့ လယ်ပိုင်း ကန်တင်းထဲတွင် ထမင်းထွက်စားဖြစ်ရင်းနှင့်ပင် သူ့ ကြောင့်  ပျော်ရွှင်လိုက်ရသည်ကို ကျွန်မ ၀န်ခံရပေလိမ့်မည်။သူကတော့ အိမ်မှတစ်ဆင့် ဆိုင်ကယ်ဖြင့် ကျောင်းတက်တတ်သလို လပတ်စားမေးပွဲ ဖြေဆိုရလျှင်လည်း ကျောင်းနှင့်နီးသော ဘော်ဒါဆောင်တွင် သူငယ်ချင်းများနှင့်အတူ စာကျက်ရင်း အဆောင်နေဖြစ်သူလည်း ဖြစ်သေးသည်။အခုလည်း ကျွန်မတို့ နှစ်ဦး ထမင်းစားနေသည်ကို မြင်တော့ သူက ပြောလာပြန်ပြီလေ
                          နွေကို ကြည့်ရတာဆိုင်ဟင်းတွေ စားနေရလွန်းလို့  အားမရှိတော့ဘူး ထင်တယ်၊ဒါ့ကြောင့်  ကိုယ်  နွေတို့  အတွက် ဟင်းအပိုထည့်လာပေးတာ
                ဟူ၍ ဟင်းထည့်ထားသည့် ချိုင့်တစ်ခွက်ကို ကျွန်မတို့ စားပွဲဝိုင်းဆီ ပို့ ပေးရင်း အပြုံးမပျက် ပြောလာတော့သည်။
                           ဖြူ့ အတွက် ဟင်းတော့ မပါလာဘူးပေါ့ ….၊ဟုတ်လား…”
                သူငယ်ချင်း ဖြူက သူ့ ကို စချင်နောက်ချင်စိတ်ဖြင့် ပြောလာလေတော့ သူ့ မှာ မနေတတ်မထိုင်တတ်နှင့်ပင် ဖြစ်လို ။အတွင်တွင် ခေါင်းဖွရင်း
                           နှစ်ယောက်စလုံးအတွက် ပါဗျာ…”
               ဟူ၍ ဘာပြန်ပြောရမည်မှန်း စဉ်းစားရကျပ်စွာ သူ စကားဆိုလာလေတော့သည်။ကျွန်မတို့  နှစ်ဦးစလုံး မတိုင်ပင်ထားပါဘဲ ရယ်မောလာမိလေပြီ။သူ့ အမူအရာကို ကြည့်ရင်း သဘောတကျရယ်မောနေမိသော ကျွန်မ
တို့ နှစ်ဦးကို ကြည့်ကာ သူပါ ရောယောင်ရယ်မောမိတော့သည်။ပြီးမှ ရှက်ကိုးရှက်ကန်းခေါင်းကုတ်မိကာ ကျွန်မ
တို့ ကို အယောင်ယောင်အမှားမှား နှုတ်ဆက်ရင်း လှည့်ထွက်သွားတော့သည်။ဒီလိုဆိုတော့လည်း သူက ခပ်အူအူ ဖြစ်နေပြန်ရောလားဟု ကျွန်မ တွေးနေမိသည်။သူငယ်ချင်း ဖြူကတော့ ကျွန်မကို တံတောင်နှင့် တွတ်ပြီး
                              သူ နင့်ကို စိတ်ဝင်စားနေပြီ ထင်တယ်
                 ဟူ၍ ခပ်တိုးတိုး ပြောလာချိန်တွင်တော့ ကျွန်မတစ်ယောက် စိတ်တွေ လှုပ်ခတ်လာမိပြီ။ကိုယ့်အပေါ် ကြင်နာယုယတာလေးကို သာယာနေမိပြီလားဟူ၍ ကျွန်မ မရေမရာလှစွာ တွေးတောနေမိတော့၏။
                                                     @
                ညကျတော့ ဖြူနှင့် လက်ဖက်သုပ်စားရင်း သူ့ အကြောင်း ပြောဖြစ်ခဲ့သည်။
                                     နင်ရော သူ့ ကို စိတ်ဝင်စားနေမိပြီလား   
                ဆိုပြီး ဖြူ မေးလာလေတော့ ကျွန်မလည်း ဘာပြန်ပြောရမည်မှန်း မသိ ဖြစ်ခဲ့ရ၏။ ရှက်သွေးဖြာနေသော ကျွန်မမျက်နှာကို ကြည့်ရင်း ဖြူတစ်ယောက် တဟားဟားနှင့်ပင် ရယ်မောနေလေတော့သည်။ကျွန်မလည်း ရှက်ရှက်နှင့် ဖြူ့ ကို ခေါင်းအုံးဖြင့် ကောက်ထုနေမိတော့သည်။                                               
                ထိုညက မိုးစိမ့်စိမ့်လေးသာ ရွာသွန်းလေသည်။ခေါင်မိုးထက်မှ တစ်ပေါက်ပေါက် ကျဆင်းလာတတ်သည့် မိုးရေစက်များသည်လည်း ယခင်ကလို ဆူညံမနေဘဲ နားဝင်ချိုကြည်စွာ ဖြစ်လျှက်ရှိ၏။အိပ်ရာထက်တွင် သူ့ အကြောင်းများကို နှစ်နှစ်ခြိုက်ခြိုက်တွေးရင်း ပျော်ရွှင်နေရသည်မှာ တခြားညများနှင့် ဆန့် ကျင်စွာပင်။
                  ထိုညတွင် သူ့ အကြောင်း တွေးကောင်းကောင်းနှင့်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ရသည်။ သူနှင့်ပတ်သက်၍လည်း အိပ်မက်ထဲအထိ ထည့်မက်ဖြစ်ပါသေးသည်။
                                                   @@@
               အိပ်မက်ထဲတွင်တော့ သူ နှင့် ကြည်နူးပျော်ရွှင်စွာ ကန်သာယာသို့  သွား၍ စကားတတွတ်တွတ် ပြောဖြစ်ခဲ့သည်။
              ထို့ နောက် ဘားအံသံလွင်တံတား အနီးရှိ လင်းနို့ ဂူဘုရားသို့  နှစ်ဦးသား သွားဖြစ်ကြသေးသည်။
ထို့ အပြင် သံလွင်မြစ်၊သံလွင်တံတားနှင့် တောင်တန်းများကို မြင်ကွင်းကျယ် ကြည့်ရှုနိုင်ရန်အတွက်
လင်းနို့ ဂူစေတီပေါ်သို့  လှေကားသုံးကာ တက်ရောက်ဖူးမျှော်ဖြစ်ကြပါသေးသည်။ လေတဖြူးဖြူး တိုက်ခတ်နေသည့် စေတီရင်ပြင်ထက်တွင် ထိုင်ရင်း ဘားအံမြို့ ၏ မြစ်ရေအလှ၊ တောတောင်သဘာဝအလှကို ငေးမောကြည့်ဖြစ်သည်။လင်းနို့ အမျာအပြား အစာရှာ ထွက်လာကြမည့်အချိန်ကို စောင့်စားရင်း
ကျွန်မတို့ နှစ်ဦးသား ဘားအံမြို့ မဈေးအနီးရှိ ရွှေယဉ်မျှော် ဘုရား၊ ဇွဲကပင်တောင်တန်းနှင့် ကျောက်ကလပ်ဘုရားတို့ ၏ အလှအပများကို စာဖွဲ့ ကာ ပြောဖြစ်ကြသေးသည်။အတန်ကြာ စကားစမြည် ပြောဆိုကြပြီးနောက် နာရီကို ငုံ့ ကြည့်မိလေတော့ ညနေ ငါးနာရီပင် ခွဲနေပေပြီ။ထိုအခိုက် ဂူထဲရှိ လင်းနို့  များသည်လည်း တကျွိကျွိ မြည်သံများပေးကာ ဂူအပြင်ဘက်သို့  ထွက်ခွာရန် ဟန်ပြင်နေကြလေပြီ။ကျွန်မတို့  နှစ်ဦးလည်း လင်းနို့  ထွက်လာကြတော့မည်ကို စောင့်စားလျှက်နှင့်ပင် စွန်ရဲနှစ်ကောင်စ သုံးကောင်စတို့  ကောင်းကင်ထက် ပျံဝဲလာကြသည်ကို လှမ်းမြင်လိုက်ရ၏။
              လင်းနို့ များ အုံလိုက်ကျင်းလိုက် ဂူထဲသို့  ထွက်လာကြပါပြီ။ပုစွန်ဆီရောင် သမ်းလျှက်ရှိသော ညနေဆည်းဆာ အလှသည်လည်း ပျံသန်းလျှက်ရှိကြသော လင်းနို့ မြောက်များစွာဖြင့် အသက်ဝင်လာလေ တော့သည်။ သံလွင်တံတားရှိ ဓာတ်ကြိုးများကို လင်းနို့ များဝင်မတိုက်မိလေအောင် ကမ်းနားနဘေးရှိ လူများသည် တီး၍ရသည့် ပုံးများဖြင့် တဒုန်းဒုန်း  တီးခတ်ကြလေသည်။မြည်ဟီးလာသော အသံများကြောင့် လင်းနို့ များသည် အသက်အန္တရာယ်ရှိသော ဓာတ်ကြိုးများ အထက်သို့  မြင့်သထက် မြင့်ကာ ပျံဝဲလေတော့သည်။တစ်ကြိမ် တီးတိုင်း အထက်သို့  မြင့်သထက် မြင့်တက်လာအောင် ပျံသန်းတတ်ကြသည့် လင်းနို့ များကို ကြည့်ကာ စိတ်နှလုံး ညွှတ်နူးဖွယ် ခံစားရသည်ပင်။
             သို့ သော်လည်း အကောင်ရေ ထောင်ကျော် အုံလိုက်ကျင်းလိုက် ပျံဝဲနေကြသည့် လင်းနို့ များကို စွန်ရဲများက အတင့်ရဲလှစွာပင် သားကောင် ဖမ်းကြလေတော့သည်။များမကြာမီ စွန်ရဲတစ်ကောင်ပြီး
တစ်ကောင် ပျံဝဲလျှက် သားကောင်ဖြစ်သည့် လင်းနို့ များကို သူ့ နှုတ်သီး သူ့ ခြေများဖြင့် တိုက်စစ်ဆင်လေတော့သည်။
             ဘုရားဘုရား။လင်းနို့ တွေ စွန်ရဲများ၏ အန္တရာယ်မှ ဘေးကင်းရာသို့  ရောက်ပါစေဟု ကျွန်မ ဆုတောင်းနေမိခိုက်။စွန်ရဲကြီးတစ်ကောင်သည် ကျွန်မဆီသို့  အရှိန်ပြင်းစွာ ဦးတည်လာပြီး သူ့ နှုတ်သီး
သူ့ ခြေများဖြင့်
             သွားစမ်းသွားစမ်း   
              အား                  
              ကျွန်မ လန့် နိုးလာတော့ ဇောချွေးများ တစ်ကိုယ်လုံး စို့ နင့်နေလေသည်။ရင်ဘတ်ကို ဖိမိတော့ နှလုံးခုန်သံက အရှိန်ပြင်းထန်စွာ ခုန်လာပေပြီ။မည်သို့ သော နိမိတ်ပါလိမ့်ဟု တွေးမိရင်း သက်ပြင်းကို ရှိုက်ထုတ်ရင်းနှင့်ပင် စိတ်နှလုံး ညှိုးနွမ်းလာမိတော့၏။
             နှိုးစက်မှ နာရီကို လှမ်းကြည့်လိုက်တော့ မနက် ငါးနာရီပင် ထိုးနေလေပြီ။ကျွန်မ ဆက်မအိပ်ဖြစ် တော့ပါ။ထိုအိပ်မက်ကိုသာ တွေးတောရင်း မနက် မိုးလင်းခဲ့ရသည်။
                                                  @@@
              ဒီမနက် စာသင်ခန်းထဲ ၀င်လာတော့ ကျောင်းသူများ ကျွန်မကို ကြည့်ပြီး တီးတိုးတီးတိုးပြောဆိုနေကြသည်ကို လှမ်းမြင်လိုက်ရသည်။သူတို့ တွေ ဘာများ ပြောနေကြပါလိမ့်ဟု ကျွန်မ ကျောမလုံစွာ တွေးနေမိ၏။ထိုအချိန်တွင် သူတို့ အဖွဲ့ ထဲမှ တစ်ယောက်က ကျွန်မဆီ ဦးတည်လာပြီး စကားစလာလေသည်။
                             နင်နဲ့  ကိုမျိုးဝင်းတို့  ချစ်သူတွေ ဖြစ်နေကြပြီဆို၊တစ်ကျောင်းလုံးက ပြောနေကြလို့  ငါ နင့်ကို မေးကြည့်တာ…”  
                သူ့ အမေးကြောင့် ကျွန်မ ထိတ်လန့် သွားရ၏။
                               ဘယ်ကနေ ကြားထားလို့ လဲ၊ငါနဲ့  သူက ဘာမှ မဖြစ်ရသေးပါဘူးခင်ရုံပဲ ခင်ရသေးတာပါ…”    
                               သိဘူးလေနင်တို့ တွေ တတွဲတွဲနဲ့  မြင်နေတွေ့ နေရလို့  မေးကြည့်တာ… ”
               ဘုရားရေ။ကန်တင်းထဲမှာ ကျွန်မတစ်ယောက်တည်းကိုသာ  ကွက်ပြီး လက်ဆောင်တွေ ပေးနေသည်ကို  သူတို့ က တစ်မျိုး ထင်မြင်နေကြပြီလား။သူနှင့် ကျွန်မတို့ နှစ်ဦး တစ်ခါဖူးမျှ စကားရှည်ရှည်ဝေးဝေး  မပြောဖြစ် ခဲ့ကြဖူးပါ။ကန်တင်းမှာ ဆုံဖြစ်လျှင်လည်း အလာပ သလ္လာပ စကားအနည်းငယ်မျှသာ ပြောပြီး သူလည်း သူ့ သူငယ်ချင်းရှိရာ ၀ိုင်းမှာ ထမင်းစားဖြစ်သည်ပဲလေ။ သည်အတိုင်းသာဆို သူ ပေးလာမည့် လက်ဆောင်တွေကို မယူမိဖို့  ကျွန်မ ဆင်ခြင်ရပေလိမ့်မည်။ဆရာမတွေ တစ်ယောက်ပြီး တစ်ယောက် စာသင်နေကြသော်လည်း ကျွန်မ၏ စိတ်အာရုံထဲတွင်တော့ ထိုကိစ္စနှင့်ပတ်သက်ပြီး အစာမကြေဖြစ်မိသည်။ သူငယ်ချင်း ဖြူသည်ပင်
                                    နွေနင်ဘာတွေများ ဖြစ်နေတာလဲနေမကောင်းလို့ လား…” 
                ဆိုပြီး မေးလာလေတော့ ကျွန်မ ဖြည်းညင်းစွာပင် ခေါင်းခါလိုက်မိသည်။ရင်ထဲတွင်တော့ လေးလံဆဲပင်။         
                                                  @@@
                                      ဘာဟင်းတွေ စားနေတာလဲ နွေ
               ကန်တင်းထဲတွင် ကျွန်မတို့  ထမင်းစားနေကြခိုက် သူ ကျွန်မတို့ ဝိုင်းဆီ စကားလာပြောတော့သည်။ ခုတလော ကျွန်မ သူနှင့် စကားပြောချင်စိတ် မရှိတော့ပါ။သူ ကျွန်မကို  ဘာမျှော်လင့်ချက်တွေ  ထပ်ပေးဦး
မလို့ လဲ။ ချစ်စကား တစ်ခွန်းတလေတောင် မပြောဘဲ ကျွန်မကို အမှတ်တရ ပစ္စည်းလေးတွေ ပေးနေတာ ဘာသဘောလဲ။ကျွန်မ မယူချင်ဘူးဟု ငြင်းဆန်လေတိုင်း ဖြူမှတစ်ဆင့် ကျွန်မထံသို့  ရောက်လာအောင် လက်ဆောင်ပေးတတ်သည့် သူ့ ကို ကျွန်မ မည်သို့  သဘောထားရမည်လဲ။ ကျွန်မ မစဉ်းစားချင်။ဘာမျှ ပြန်မဖြေဘဲ သုန်မှုန်နေသော ကျွန်မကို ဖြူက                 
                                ဟေဘာတွေးနေတာလဲ၊ကိုမျိုး မေးနေတယ်လေ…”  
                                သြော်အင်း၊ဒီနေ့ နွေ နေသိပ်မကောင်းလို့ ပါ ကိုမျိုး
                                                သြော်…”
               သူ၏  သြော်…”ဆိုသည့် အသံကြောင့် ကျွန်မ စိတ်မကောင်းဖြစ်သွားရသည်။သို့ သော် မတတ်နိုင်။ မိန်းကလေးတစ်ယောက်ကို အပျော်သဘောနှင့် သို့ လောသို့ လော ဖြစ်အောင် လုပ်နေတတ်သည့်
သူ့ လိုလူကို ကျွန်မက သနားရဦးမည်လား။အခုဆို အတန်းထဲတွင်ပင်  သူနှင့် ကျွန်မ ချစ်သူတွေ ဖြစ်နေကြပြီဟု သတင်းထွက်နေပြီပဲလေ။
               တကယ်ဆို၊တကယ်ဆို
               သူနှင့်ကျွန်မတို့ နှစ်ဦး ချိန်းတွေ့ ကြဖို့  နေနေသာသာ လက်ကလေးတောင် ကိုင်ဖူးကြသည်မှ မဟုတ်တာပဲလေ  
               စာသင်ခန်းထဲ ပြန်ရောက်တော့ ဖြူက အားမလို အားမရနှင့် ကျွန်မကို ပြောနေလေပြီ။ ကျွန်မလည်း
                               ဖြူရယ်နင် သူ့ အကြောင်း ဘာများ သိထားလို့ လဲ၊သူနဲ့ ငါ ရင်းနှီးရုံကလွဲပြီး ဘာမှ မဖြစ်သေးတာကို နင်လည်း အသိ၊ယောင်္ကျားတွေအကြောင်းကို နင် ဘယ်လောက်များ သိထားလို့ လဲ ဖြူရယ်…”
                                နင်ရောယောင်္ကျားတွေ အကြောင်း ဘယ်လောက်များ သိနေပြီလို့ လဲ နွေပြောလေ…”
               ဖြူ၏ အမေးကြောင့် ကျွန်မ ခေတ္တ တွေဝေငြိမ်သက်သွားမိ၏။ကျွန်မ ဘာပြန်ပြောရမည်လဲ။ဖြူ၏ အကြည့်စူးစူးကို သွေဖယ်ပြီး ကျွန်မ ဖြူ့ ကို စကားတစ်ခွန်းတော့ ပြောဖြစ်လိုက်သည်
                                  ငါ့ ဘ၀နဲ့ ရင်းပြီး ယောင်္ကျားတွေ အကြောင်းကို သိထားတယ်လို့  နင့်ကို ငါ ပြောလိုက်ရင်ရော နင် ယုံနိုင်ပါ့မလား…”
       ကျွန်မ၏ အသံတွေ အဖျားခတ်သွားပါပြီ။မျက်ရည်တွေတောင် ကျွန်မပါးပြင်ပေါ် သွန်ကျလာပြီပဲလေ။        
                                                   @
              ဒီညတွင်တော့ ကျွန်မ၏ အာရုံထဲသို့ ပင် အတိတ်ဖြစ်စဉ်များက ၀င်ရောက် နေရာယူလာကြသည်။
              မိုးခြိမ်းသံအလား ပန်းကန်ခွက်ယောက်တွေ ပစ်ပေါက်သည့် အသံ၊ရန်ဖြစ် ဆူပူနေကြသည့် အသံများသည် ကျွန်မ၏ နုနယ်လှသော နှလုံးသားလေးဆီသို့  အရှိန်အဟုန်ပြင်းထန်စွာ ရိုက်ခတ်လို့ လာ လေပြီ။ပြီးတော့ ကလေးမလေး တစ်ယောက်အဲဒီ မိုးသည်းညမှာ ငိုယိုလို ။ထို့ အပြင် အမျိုးသမီးတစ်ဦး၏ လှိုက်လှိုက်လှဲလှဲ ငိုကြွေးသံကိုလည်း စိတ်ထိခိုက် တုန်ရီစွာ ကြားလိုက်ရသေး၏။
                              ယောင်္ကျားဆိုတာ ဒီလိုပဲ မရခင်တုန်းက ကိုယ့်အပေါ် ကောင်းပြ၊ရပြီးတော့လည်း သူတို့ သောက်နေကျ ဆေးလိပ်ပြာလောက်တောင် တန်ဖိုးမထားတတ်တော့ဘူး 
             ဟူ၍ ရှိုက်ကြီးတငင်နဲ့ ငိုယိုပြီး ပြောနေသည့် အသံ အသံပိုင်ရှင်နှင့်အတူ ကျွန်မ ရောငိုနေမိတော့သည်။မိုးတွေလည်း သည်းသထက် သည်းလာပါပြီလေ။
             ခံနိုင်ရည် မရှိတော့သည့်အဆုံး နားနှစ်ဖက်ကို ပိတ်ကာ လှိုက်မောစွာ ကျွန်မ ငိုကြွေးမိတော့သည်။
သို့ သော်လည်း နာကြည်းစို့ နင့်နေသော အသံကိုတော့ နားထဲတွင် ကြားနေမိဆဲပင်။               
                                   ယောင်္ကျားဆိုတာယောင်္ကျားဆိုတာ
                                   ဟင့်အင်း။ဟင့်အင်း        
                                   ကျွန်မ လက်မခံချင်ဘူး။လက်မခံချင်ဘူး….
                                   လက်မခံ ပါရစေနဲ့ တော့ အမေရယ်
(ဆက်လက်ဖော်ပြပါဦးမည်)
                                                                  ထော်ဦး(ဘားအံကွန်ပျူတာ)
                                              ၂၀၁၄၊ဇန်န၀ါရီလထုတ် Treasure Land မဂ္ဂဇင်း  
ဇာတ်သိမ်းပိုင်း ဖတ်ရှုရန် - 
http://htawoo.blogspot.com/2013/11/blog-post.html 

1 comment:

  1. 8 Casino, Hotel & Spa in Waukegan, Waukegan, WV
    See 전라남도 출장안마 8 Casino, 정읍 출장샵 Hotel & Spa locations, rates, amenities: expert WV 강원도 출장샵 research, only 충청남도 출장마사지 at 익산 출장마사지 Hotel and Travel Index.

    ReplyDelete