ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, December 11, 2013

အိပ်မက်ပွင့်ချပ်များနှင့်အတူ ပွေ့ ပိုက်အိပ်စက်ကြည့်ခြင်း


၂၀၁၃ခုနစ်၊ဇူလိုင်လ ၂၀ရက်နေ့ က အွန်လိုင်းပေါ်မှာ အစ်မတစ်ယောက်လို
ခင်မင်ရတဲ့ စာရေးဆရာမ စုသဲမွန်ဆီက မေတ္တာလက်ဆောင် စာအုပ်လေးတစ်အုပ်
လက်ခံရရှိခဲ့ပါတယ်။အစ်မ စုသဲမွန်ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့
"ထွေးပိုက်အိပ်မက်နှင်းဆီ" ၀တ္ထုတိုစုစည်းမှု စာအုပ်။စာအုပ်ရဲ့ ပုံနှိပ်မှတ်တမ်းကို လှန်ကြည့်လိုက်တော့
၂၀၁၃ခုနစ်(မေလ)။မျက်နှာဖုံးပန်းချီကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
ပန်းချီဆရာ မင်းကိုနိုင်က ရေးဆွဲထားပေးပြီး စာအုပ်တန်ဖိုး ၂၀၀၀ကျပ်နဲ့ 
ရောင်းချပေးထားပါတယ်။

Wednesday, November 6, 2013

မိုးသည်းည ပုံပြင် (ဇာတ်သိမ်းပိုင်း)



ပထမပိုင်း ဖတ်ရှုရန် -
  http://htawoo.blogspot.com/2013/08/blog-post_3258.html

ဒုတိယပိုင်း ဖတ်ရှုရန် - 
http://htawoo.blogspot.com/2013/09/blog-post_15.html
                                                     

                                                          ()                                                     

            အိပ်မက်ထဲကနေ လန့် နိုးလာတော့ ဇောချွေးတွေ ပြန်လာလေပြီ။ဘာဖြစ်လို့ များ ဒီလို အိပ်မက်တွေ ကျွန်မ ခဏ ခဏ မက်နေရတာလဲ။အတိတ်က အဖြစ်အပျက်တွေကို ကျွန်မ ဘာလို့ ဆက်မက်နေရတာလဲ။ ဒီအိပ်မက်ဆိုးတွေ ဆက်မမက်ဖို့  ကျွန်မ တားရပေလိမ့်မည်။နှလုံးသားနှင့် ရင်းပြီး ကျွန်မ တားဆီးနိုင်ရမည်။တစ်ဆက်တည်းတွင်ပင် အဖေ အိမ်ပေါ်မှ ဆင်းသွားခဲ့သည့်နေ့ က ပြောခဲ့ဖူးသော စကားကို  ပြန်ကြားယောင်လာမိတော့သည်။
                                                         @
                           နောက်ပိုင်းဆို အဖေ သမီးနဲ့  အမြဲဆုံရတော့မှာ မဟုတ်ဘူးသမီးအမေနဲ့  လိမ်လိမ်မာမာ နေရစ်နော် သမီး…”    

Monday, October 14, 2013

ထွေးပိုက်အိပ်မက်နှင်းဆီ (စုသဲမွန်)





၂၀၁၃ခုနစ်၊ဇူလိုင်လ ၂၀ရက်နေ့ က အွန်လိုင်းပေါ်မှာ အစ်မတစ်ယောက်လို
ခင်မင်ရတဲ့ စာရေးဆရာမ စုသဲမွန်ဆီက မေတ္တာလက်ဆောင် စာအုပ်လေးတစ်အုပ်
လက်ခံရရှိခဲ့ပါတယ်။ဒီစာအုပ်လေးဟာ စာရေးဆရာမ စုသဲမွန်ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့
"ထွေးပိုက်အိပ်မက်နှင်းဆီ" ၀တ္ထုတိုစုစည်းမှု စာအုပ်လေးပဲ ဖြစ်ပါတယ်။

Sunday, September 15, 2013

မိုးသည်းည ပုံပြင် (ဒုတိယပိုင်း)


ပထမပိုင်း ဖတ်ရှုရန် -
  http://htawoo.blogspot.com/2013/08/blog-post_3258.html
(ယခင်လမှ အဆက်)
                                  
                                     ()

             ညမှောင်မှောင်ထဲ ရန်ဖြစ်သံများ တဖြည်းဖြည်း ကျယ်လာကာ အော်ဟစ်လာသည်အထိ ဖြစ်လာလေသောအခါ အိပ်ရာထက်မှ ကျွန်မ လန့် နိုးလာခဲ့ရသည်။သူတို့ တွေ ရန်ဖြစ်၍ ကောင်းနေကြဆဲ အချိန်တွင် ကလေးမလေးတစ်ယောက် အားငယ်စိတ်ဖြင့် အိပ်ရာထက်မှာ မျက်ရည်ရစ်ဝဲနေခဲ့ရသည်ကို
အဖေတို့ အမေတို့  တတွေ မသိရှာကြလေရော့သလား
           နောက်နေ့ မနက်ရောက်လာလျှင်တော့ အဖေနှင့်အမေတို့  နှစ်ဦးစလုံးလည်း စက်ရုပ်တွေလို လှုပ်ရှားနေကြမည်ကို တွေးမိရင်း စိတ်မကောင်း ဖြစ်ခဲ့ရသည်။အဖေက မနက်အစောကြီး ဘာမျှ မစားတော့ဘဲ ရုံးသွားတတ်သလို အမေသည်လည်း

Friday, August 16, 2013

မိုးသည်းည ပုံပြင် (ပထမပိုင်း)


                                                 ()

           ညသည် မှောင်သထက် မှောင်လာလေသည်။မိုးတွင်းရာသီဖြစ်၍ ပတ်ဝန်းကျင်တစ်ခွင်၌ လေပြင်းတိုက်ခတ်သည့်အသံများသည် ပြင်းပြစွာ ကျရောက်လျှက် ရှိပေသည်။လေပြင်းတိုက်ခတ်ရာသို့  တဝေါဝေါ ယိမ်းခါနေတတ်သည့် သစ်ကိုင်းအခက်အလက်များသည်ပင် စိတ်ခြောက်ခြားဖွယ် ကောင်းလှပေ၏။ ဖွင့်ထားသည့် ပြတင်းချပ်နှစ်ချပ်ကို ကျွန်မဆွဲပိတ်လိုက်သောအခါ ကောင်းကင်ပြင်ပေါ်မှ ပြိုဆင်းကျလာသော မိုးရေစက်များသည် ကျွန်မ၏လက်ခုံပေါ်သို့  အရှိန်ပြင်းထန်စွာ ဖြာကျလာလေ၏။
          အေးစက်ဖွယ် မိုးရေစက်များသည် ကျွန်မရင်ထဲ ထုံကျဉ်လာစေသည်။နာကျင်ရသည့် ဝေဒနာတွေ ရင်နှင့် မဆန့် အောင် ခံစားနေရလွန်းလို့  ကျွန်မနှုတ်ဖျားမှတစ်ဆင့် စကားလုံးတွေ သွန်ချလိုက်မိ၏။                 
                   မိုးတွေတောင် သည်းလာပြီလေ…”   

Friday, July 26, 2013

အဖြစ်အပျက်များသည်...ထို့ ကြောင့် သို့ သော်လည်း ဆက်လက်၍


(အဖြစ်အပျက် များသည်)
ဖြစ်ပြီး ပျက်တတ်ကြ
ဟောဒီ သံသရာထဲ
ငါ့ကဗျာလေးလည်း
စာသား မအန်ကျသေးခင်
တဖြုတ်ဖြုတ် ပျက်ကျ…
ခင်းကျင်းပြသထားတဲ့
ပွဲတကာ ပွဲတွေထဲ
ဟိုပွဲလည်း မတိတ်
ဒ်ီပွဲလည်း မစဲ
မိုးတွေ တသည်းသည်း ရွာချတော့မလိုလို…

Monday, July 1, 2013

မြို့ ပြ ဖီလင်

ထိုခဏ၌
လှပဖိတ်လက်၊မှန်ပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊စက်အေးချင်ထင့်
ပေါင်ပင်ချုံကြား၊နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ပြုံးညှို့မြူနှင့်
လူစုံသည့်ဘား၊စပျစ်ခါးကျွန်းမှ
ပန်နုနှုတ်လွှာ၊မျက်ရစ်ပြာနှင့်
ကျဖြာမြိတ်ထုံး၊မြညိုကုံးနှင့်
သလုံးဖြူနု၊ထဘီတိုနှင့်
ကိုယ်ဟန်ကြော့ရွှင်၊ရင်ချီချီနှင့်
ပစ်မှီထိုင်ခုံ၊အိညံ့တုန်မှ
သက်လုံးနွဲ့ နွဲ့ ၊မောပြေခဲ့ဟန်
ခေတ်ရဲ့ ပန်းချီရေးခဲ့သည်။
(ရှုမဝမဂ္ဂဇင်း ၊ ၁၉၅၇ ဇွန်လထုတ် ကြည်အေး၏ “မြို့ လယ်လမ်း”ကဗျာမှ… )

@@@@@@@@@@@@@@@@@@@@@@@

ယခုတစ်လောတွင်တော့ မြို့ ပြနှင့် ပတ်သက်သော အကြောင်းအရာများကို သူ တွေးတောနေမိ၏။

သူ့ အတွေးရောင်စဉ်တန်း ထဲတွင်တော့ ဘာကြောင့်မှန်းပင် မသိ။မြို့ ပြ၏ အကျည်းတန်မှုကိုသာ ပြေးမြင်နေမိတော့သည်။

Saturday, June 15, 2013

သင်္ခါရကို မျိုချနေရသော နေ့ စွဲများ

သင်္ခါရတရားက
ချိုတို့ အလှတရားကို
မျိုချနိုင်တယ်
တချက်ချက်မြည်ဟီးနေတဲ့ နာရီလက်တံက
ချိုတို့ ဘ၀ရဲ့ နေ့ စွဲပါ…။

Saturday, June 1, 2013

မိုးခြွေလေညင်း

ကောင်းကင်ယံ ထက်

မျှော်မှန်း ဆွေးလှ
သော်တာရောင် ရွှန်းပပ
လင်းဖျဖျ ကြယ်ပွင့်ချပ်များက

Sunday, May 12, 2013

လရောင်မျှားသော နွေညများ

လရောင် ဖြာကျလာတော့
မှောင်ရိပ်ခိုဖို့  ခွင်ဖမ်းဖို့ လည်း
မခဲယဉ်းတော့ပြီ…။

ဟောဒီ ကမ်းနားနဘေးမှာ
ပခုံးဖက် အချစ်သည်းနေကြတဲ့အတွဲတွေ
လရောင်ကို ၁-၅-၀-၀ နဲ့ မျှားနေကြ
အဆင်မပြေရင် ဖျက်ကြ ကွာပြဲကြရုံပေါ့…။

Monday, April 22, 2013

မွေးနေ့  အမှတ်တရ

ဧပြီလ ၂၂ရက်နေ့  ကိုယ့်မွေးနေ့ ....။
ကိုယ့်မွေးနေ့ အကြောင်း ပြောရမယ်ဆိုရင်တော့ မွေးနေ့ ပွဲ မကျင်းပဖူးတဲ့ ကိုယ့်အတွက် မွေးနေ့ လက်ဆောင်ဆိုတာလည်း မရရှိခဲ့ပါဘူး။ဒါ့ကြောင့်ပဲလား မသိ။လက်ဆောင်ဆို လိုချင်လွန်းတဲ့ စိတ်က အခုချိန်ထိ စွဲထင်ရစ်နေပါတယ်။ကျောင်းမှာ ပါဆယ်ထုပ်တွေ အလဲအလှယ် လုပ်ရင်လည်း ကိုယ် ဘာများ ရမလဲ ဆိုပြီး စိတ်လှုပ်ရှားခဲ့ဖူးသူပါ။သူငယ်ချင်းတွေနဲ့  မွေးနေ့ ပွဲ လုပ်ရအောင်လည်း
ကိုယ့်မွေးနေ့ ကျရောက်တဲ့အချိန်က ကျောင်းကြီးပိတ်ရက်မို့  မကျင်းပ ဖြစ်ပြန်ပါဘူး။

Thursday, March 21, 2013

စိုထိုင်းထိုင်း ကဗျာ

ဟိုတစ်နေ့ က ကဗျာမရေးဖြစ်ပြန်ဘူး

ခံစားချက်တွေ အိတ်သွန်ဖာမောက် ဖြစ်သွားသလို
စိတ်ပျက်မှုတွေ အဆုံးစွန်ထိ လွှမ်းမိုးလာခဲ့…။

ကဗျာဟာ ငန်လား ခါးလား
ပူလား အေးလား
ကိုယ့်ဘ၀ကို မျက်ကွယ်ပြုပြီး

Monday, March 11, 2013

ဇရာအကြောင်း သိကောင်းစရာ


“ဇရာ” လို့  ဆိုလိုက်တာနဲ့  အသက်အရွယ်ကြီးရင့်လာပြီးဆိုတဲ့ အချက်တစ်ခုတည်း ပါဝင်တာ မဟုတ်ပါဘူး။ ဇရာဝင်လာတာနဲ့ အမျှ ကိုယ့်ရဲ့ အပြုအမူ၊အမူအကျင့်တွေလည်း ပြောင်းလဲတတ်ပြန်ပါတယ်။အခါးလုံးဝ မကြိုက်ခဲ့တဲ့ လူတစ်ယောက်ဟာ အခါးတွေ စားလာတာမျိုး၊ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကို အားကျစိတ် ၀င်လာတာမျိုး၊ငယ်ဘ၀ ပုံရိပ်တွေကို မကြာခဏ လွမ်းဆွတ်တမ်းတတတ်တာမျိုး… စတဲ့ အပြုအမူ၊ အမူအကျင့်မျိုးတွေဟာ ဇရာရဲ့ သင်္ကေတလက္ခဏာတွေပါပဲ။ဒီအပြုအမူတွေဟာ အတွေ့ အကြုံ ရှည်ကြာလာတဲ့ သဘောနဲ့ လည်း သက်ရောက်အကျုံးဝင်နေပြန်ပါတယ်။

စိတ်ကျန်းမာရေး ပညာရှင်တွေကတော့ အခါးတွေ စားလာတယ် ဆိုတာ အသက်ကြီးလာတာနဲ့ အမျှ ကိုယ့်ကိုယ်ကို ကျန်းမာရေးဂရုစိုက်ချင်တဲ့ စိတ်တွေ ၀င်လာကြတဲ့သဘောလို့ ဆိုထားကြပါတယ်။

Wednesday, February 13, 2013

ဒါတွေကို ပြင်နိုင်ပါ့မလား (ချစ်သူများအတွက် အမှတ်တရ)


၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ အတွင်း ထိုင်းနိုင်ငံရှိ မီဒီယာ တော်တော် များများမှာ သန္ဓေသားလောင်း အလောင်းငါးရာ ကျော်တွေ့ရှိတဲ့ သတင်းဟာ သတင်းခေါင်းကြီး ဖြစ်စေခဲ့ပါတယ်။

Saturday, February 2, 2013

အိမ်ငယ်လေးသို့  လွမ်းချင်း


ကိုယ့်ရဲ့ အိမ်ငယ်လေး
ဟောဒီ အိမ်ငယ်လေးထဲ
ရယ်မောမှုတွေ မလျှံကျပေမယ့်
လွမ်းမောဖွယ် အတိတ်က
ကိုယ့်ရင်လွှာကို ငြိတွယ်
မိသားစုထဲမှာ ကိုယ်ဟာ
အဝေးလွှင့်မျှောသွားတဲ့
ငှက်တေလေ တစ်ကောင်ပါပဲ…

Wednesday, January 23, 2013

ရည်ဝေရဲ့ ဒွိဟကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း




ဒီဝတ္ထုတိုလေးကို ရွေးချယ်ဖြစ်တဲ့ အကြောင်းရင်းကတာ့ ရင်ထဲ စွဲငြိမိတဲ့ ၀တ္ထုတိုလေးတစ်ပုဒ် ဖြစ်နေလို့ ပါပဲ။ဒါ့အပြင် ဇာတ်သိမ်းပိုင်းမှာ စာဖတ်သူတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချခွင့် ပေးထားသလို ကိုယ်တို့ လို စာရေးနေကြသူတွေအတွက် အတုယူစရာကောင်းလှတဲ့ ဇာတ်သိမ်းလေးတစ်ခုမို့ 
လို့ ပါပဲ။

………………………………………………………………………………………………………….

စာဖတ်သူတစ်ဦးအနေနဲ့  ၀တ္ထုတိုတစ်ပုဒ် နှစ်သက်ခြင်း၊မနှစ်သက်ခြင်းဟာ စိတ်ခံစားချက်နဲ့ သက် ဆိုင်မယ်လို့ ယူဆမိပါတယ်။အခုလည်း ရည်ဝေရဲ့
ဝတ္ထုတိုလေးဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်ထဲမှာ ညှို့ ငင်ဖမ်းစားသွားပြီလို့  ပြောရင်မမှားပါဘူး။ဒီဝတ္ထုတိုလေးကို ဖတ်ကြည့်လိုက်ရင် အကြောင်းအရာလေးတွေဟာ လေးလေးပင်ပင်ကြီး မဟုတ်ပေမယ့် ၀တ္ထုတိုထဲမှာ အဓိက လိုအပ်နေတဲ့
ပဋ္ဋိပက္ခလေးတွေ ခင်းကျင်းပြသထားတဲ့အတွက်လည်း နှစ်သက်စရာ ကောင်းလှတဲ့
ဝတ္ထုတိုတစ်ပုဒ်အဖြစ် ခံစားလာမိစေပါတယ်။

Wednesday, January 16, 2013

ရင်ဝေးကြယ်

ဂန္ထ၀င် ကြယ်ပွင့်တွေ
တဖြုတ်ဖြုတ် ကြွေကျ
ငိုကြွေးသံတွေ တစ်စစ…
ဟောဒီ ရင်ထဲ
ကမ္ဗည်း အက္ခရာ
လွမ်းသူ ပန်းခွေတွေ
ရေးထိုး ထားကြ…
တောင့်တ နှစ်ကာလတွေ

Friday, January 11, 2013

ဘလော့သက်တမ်း တစ်နှစ်ပြည့် အမှတ်တရ

ဘာလိုလိုနဲ့  ၂၀၁၃ခုနစ် ဇန်န၀ါရီလ ၁၂ရက်နေ့ မှာ ဘလော့သက်တမ်းလေးလည်း တစ်နှစ်ပြည့်သွားပါပြီ။တစ်နှစ်ဆိုတဲ့ အချိန်လေးကို နောက်ပြန်လှည့်ကြည့်မိတဲ့အခါ အမှတ်တရ ဖြစ်မိစရာလေးတွေ အများကြီးပါ။

တစ်နှစ်တာအတွင်းမှာ ပို့် စ်အမျိုးအစား တော်တော်များများ တင်ဖြစ်ပါတယ်….။
ဒီပို့ စ်တွေထဲက အအောင်မြင်ဆုံး ပို့ စ်ကတော့ လူငယ်ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “ဒါတွေကို ပြင်နိုင်ပါ့မလား” ဆောင်းပါးပါ…။

Tuesday, January 8, 2013

အွန်လိုင်းပေါ်က ဖေ့စ်ဘွတ်အကြောင်း...တစေ့တစောင်း


ဒီကနေ့  နည်းပညာခေတ်ကြီးထဲမှာ အွန်လိုင်းအသုံးပြုသူတွေ များလာသလို အွန်လိုင်းပေါ်က အကျိုးသက်ရောက်မှုတွေကလည်း များပြားလာပါတယ်။နည်းပညာကို ကောင်းတဲ့ ဘက်တွေမှာ အသုံးချနိုင်သလို ဆိုးရွာတဲ့ ဘက်တွေမှာလည်း အသုံးချနိုင်ပါတယ်။ကဲ…ဒါဆိုရင် အွန်လိုင်းနဲ့ ပတ်သက်ပြီးသိထားရသမျှတွေကို မျှဝေ ကြရအောင်ပါ…။
…………………………………………………………………………………………………………..

လတ်တလော အသုံးပြုမှု အများဆုံကတော့ ဆိုရှယ်ဝက်ဘ်ဆိုက်လို့  ခေါ်တတ်ကြတဲ့ facebook(ဖေ့စ်ဘွတ်) ပါပဲ…။ကိုယ်ကတော့ ဖေ့စ်ဘွတ် ထဲကနေ အသုံးပြုသူအချင်းချင်း ခင်မင်ရင်းနှီးမှုတွေ လိုချင်လို့  ၀င်သုံးဖြစ်တာပါ။နောက်ပြီး ဖေ့ဘွတ်ရဲ့အဓိက အားသာချက်ကတော့

Saturday, January 5, 2013

ပစ္စက္ခကို သုံးဆယ့်နှစ်ဒီဂရီ တိမ်းစောင်းကြည့်ခြင်း

လူ့ ဘ၀က
အမြီးအမောက် မတည့်ချင်ဘူး
အိတ်ကပ်ထဲက ငွေတွေ
တဖြည်းဖြည်း လုံး လုံးပါးလာသလို
ဝမ်းဗိုက်ထဲက အစာအိမ်လေးလည်း

Tuesday, January 1, 2013

ဆောင်းရနံ့ ဆွတ်ခြွေ လွမ်းရိပ်ဝေ



နှင်းဆွတ်ဆွတ် ဖြန်းပက်ထားသည့် ဆောင်းမနက်ခင်းတွင် ဖြူလွှလွှ အမှုန်အစများသည် အရာရာကို ဖုံးအုပ်လျက် ရှိပေသည်။ပတ်ဝန်းကျင်၏ လှုပ်ရှားသက်ဝင်မှုကိုပင်
ကွယ်ဝှက်ထားသယောင် ခံစားမိစေ၏။ သစ်ပင်များကြားမှ တကျွိကျွိ အော်မြည်တတ်သည့် ကျေးငှက်သာရကာများသည်ပင် ဆောင်းမနက်ခင်းကို တေးသံစုံများဖြင့် ဆီးကြိုနေကြလေသည်။ စိမ်းစိုစို မြက်ခင်းပြင်များသည်လည်း နှင်းစက်နှင်းမှုန်များဖြင့် လက်လက်ထ စိုလက်နေလေ၏။မနက်ခင်း၏ ချမ်းမြမြ အေးစိမ့်စိမ့်ဒဏ်ကို ကာကွယ်နိုင်ရန်အလို့ ဌာ