ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, April 22, 2013

မွေးနေ့  အမှတ်တရ

ဧပြီလ ၂၂ရက်နေ့  ကိုယ့်မွေးနေ့ ....။
ကိုယ့်မွေးနေ့ အကြောင်း ပြောရမယ်ဆိုရင်တော့ မွေးနေ့ ပွဲ မကျင်းပဖူးတဲ့ ကိုယ့်အတွက် မွေးနေ့ လက်ဆောင်ဆိုတာလည်း မရရှိခဲ့ပါဘူး။ဒါ့ကြောင့်ပဲလား မသိ။လက်ဆောင်ဆို လိုချင်လွန်းတဲ့ စိတ်က အခုချိန်ထိ စွဲထင်ရစ်နေပါတယ်။ကျောင်းမှာ ပါဆယ်ထုပ်တွေ အလဲအလှယ် လုပ်ရင်လည်း ကိုယ် ဘာများ ရမလဲ ဆိုပြီး စိတ်လှုပ်ရှားခဲ့ဖူးသူပါ။သူငယ်ချင်းတွေနဲ့  မွေးနေ့ ပွဲ လုပ်ရအောင်လည်း
ကိုယ့်မွေးနေ့ ကျရောက်တဲ့အချိန်က ကျောင်းကြီးပိတ်ရက်မို့  မကျင်းပ ဖြစ်ပြန်ပါဘူး။