ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, January 30, 2012

ဖေဖော်ဝါရီလ အတွက် အမြည်း

အခုတလော ပို့ စ်မတင်ဖြစ်တာကို တောင်းပန်ပါရစေ။အမှန်အတိုင်း ၀န်ခံရရင် ဘာတွေတင်ရမလဲ ဆိုတာ စဉ်းစားနေရလို့ ကြန့် ကြာသွားတာပါ။ဒါကြောင့် အခုအချိန်မှာတော့ အမြည်းအနေနဲ့ ပဲ တင်ရတာပါ။

ဒီ2လပိုင်းအတွက် တင်ဖို့ စဉ်းစားထားတာကတော့ အများကြီးပါပဲ။ကဗျာကဏ္ဍမှာ"တောက်တဲ့"ဆိုတဲ့ ကဗျာကိုလည်း တင်ချင်ပါတယ်။အခုတလောတောက်တဲ့က တစ်ပိသာကို သိန်းထောင့်ငါးရာ ရှိနေပါပြီ။နောက်ပြီး AIDSရောဂါတွေ၊ကာမအတွက် အသုံးချနိုင်တဲ့ ဆေးဝါးအနေနဲ့ လည်း အသုံးပြုလို့ ရပါတယ်။တရုတ်နိုင်ငံမှာတော့ ဈေးကွက်ဝင်နေတယ်လို့ လည်းကြားသိရပါတယ်။
ကမာလူမျိုးတွေလည်းတောက်တဲ့ကို စားတတ်ကြတယ်လို့ လည်းကြားသိရပါတယ်။(ဟုတ်မဟုတ်ကတော့
အစ်မ မအိမ်သူကို မေးကြည့်ဦးမှ။)

Monday, January 23, 2012

တရုတ်ရိုးရာ ငြီး အနုပညာ


                                       ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားပါ

တရုတ်လို့  ဆိုလိုက်တာနဲ့  နိုင်ငံအသီးသီးမှာ ပြန့် ကျဲနေထိုင်ကြတဲ့ လူမျိုးရယ်လို့  အားလုံးသိကြမှာပါ။တကယ်တော့ ဒီလို ဖြစ်ရတာတွေဟာ ဒုတိယ ကမာစစ်ကြောင့်ပါ။အားကိုးခိုလုံရာ ရှာကြရင်းနဲ့ နိုင်ငံအနှံ့အပြားမှာ တရုတ်လူမျိုးများ အခြေချကြပါတော့တယ်။အခုဆိုရင် တရုတ်တန်း မရှိတဲ့နိုင်ငံဆိုတာ တော်တော့်ကို ရှားနေပြီးလို့ ဆိုရမလိုပါပဲ။နေရာတိုင်းမှာ တရုတ်လူးမျိုးတွေ လွှမ်းမိုးနေပေမယ့် သူတို့ ရဲ့ ရှေးကျတဲ့ အနုပညာတစ်ရပ်ကိုတော့ သူတို့ ရင်ထဲ အသည်းထဲရောက်သွားအောင် လွှမ်းမိုးနိုင်စွမ်း မရှိတော့ပါဘူး။

Sunday, January 22, 2012

တရုတ်နှစ်သစ်ကူးအတွက် အမှတ်တရ

တရုတ်နှစ်သစ်ကူး ကျရောက်လို့ လာပါပြီ။တရုတ်နှစ်သစ်ကူး ဆိုလိုက်တာနဲ့  နဂါးအကကိုပဲ သတိရကြမှာပါ။
တကယ်တော့ တရုတ်လူမျိုးတွေမှာ တိမ်ကောပျောက်ကွယ်လု ဖြစ်နေတဲ့ အနုပညာတစ်ရပ် ရှိပါတယ်။
ထိုင်းနိုင်ငံမှာတော့ "ငြီး"အနုပညာလို့ ခေါ်ဆိုပါတယ်။ငြီးဆိုတာက ဇာတ်သဘင်လိုမျိုး စတိတ်စင်နဲ့  ဆိုလိုက်ညည်းလိုက်သရုပ်ပြလိုက် အနုပညာဆန်ဆန် သရုပ်ဆောင်ရတာပါ။မျက်နှာမှာလည်း မိတ်ကပ်အဖွေးသား လိမ်းခြယ်ထားရမှာပါ။အခုခေတ် တရုတ်လူငယ်တွေတော့ ဒီအကြောင်း သိပ်မသိကြတော့ပါဘူး။တို့ ဆီက အငြိမ့်သဘင်လိုပဲ ကွယ်ပျောက်ချင်
သလိုပဲပေါ့။နောက်ထပ် ကျန်ရှိနေသေးတဲ့  ငြီးအနုပညာအကြောင်းကို နောက်တစ်နေ့ မှပဲ ရေးပြ့ပါ့မယ်။အခုတော့ အမြည်းအနေနဲ့ ပဲ ဖတ်မှတ်ကြစို့ 
လားကွယ်။
                                                                                             ထော်ဦး(ဘားအံကွန်ပျူတာ)                    

Thursday, January 19, 2012

အချစ်ကြောင့် ကြေ




( အမှာ-ထိုင်းနိုင်ငံမှ ဖြစ်ရပ်မှန်အချစ် သတင်းတစ်ပုဒ်ကြောင့် သည်ဝတ္ထု  ဖြစ်ပွားလာခြင်းဖြစ်သည်။)

"နင့်ကို ငါချစ်တယ်။နင်ဒီလို လုပ်ရက်မယ်လို့  ငါမထင်မိဘူး။တကယ်ချစ်ရင် တူတူအိပ်ရမယ် ဟုတ်လား။
ဒါကိုငါ လက်မခံတော နင်ငါ့ကို လမ်းခွဲသွားတာပေါ့ ဟုတ်လား"

 နင်ငါနဲ့  လမ်းခွဲတုန်းက နင်ငါ့ကို စကားတစ်ခွန်းပြောတယ်နော်
"ငါ့လိုကောင်ကို ဘယ်မိန်းမကမှ အိပ်ဖို့ တောင်:ဆိုရင် မအိပ်ဘူးလို့  ငါ့ကို မငြင်းနိုင်ကြဘူး။မင်းတို.့ မိန်းမတွေက အချော့ကြိုက်လေ ။ဒါကြောင့် ငါတို့ ရဲ့  ကျော့ကွင်းထဲကို မင်းတို့ မိန်းမသားတွေ ၀င်သွားရတာပေါ့"လို. လေ                                                                                                                                                      
     နင်က ကောင်မလေး ဘယ်နှယောက်လောက်ကို ဖျက်ဆီးလိုက်တာလဲ။နင့်ကိုငါမေးတော့

Tuesday, January 17, 2012

teenဆွေးနွေးပွဲ နဲ့ အပြိုင်

teenဆွေးနွေးပွဲကတော့ အောင်မြင်စွာ ပြီးစီးသွားပြန်ပြီ။ဒါပေမဲ့...၀င်မဆွေးနွေးဖြစ်ပါဘူး။တကယ်တော့ ကိုယ် ဖိတ်စာသွားထုတ်တုန်းက ၀င်ရောက်ဆွေးနွေးပါလို့  အယ်ဒီတာ ဆရာမက ပြောထားပါတယ်။တတ်နိုင်ရင် တခြားလူတွေရဲ့ အသံကို နားဆင်ဖို့ ပဲ လာတာပါ။ကိုယ်က teen စာမျက်နှာထက်မှာ ပြောပြပိုင်ခွင့် ရှိနေပေမယ့် တခြားလူတွေကတော့ ဒီလိုပြောပိုင်ခွင့် မရှိရှာဘူးလေ။

Saturday, January 14, 2012

ဆောင်းဖောက်တေး

ဆောင်းဖောက်တေး

မိုးအကုန် ဆောင်းအကူးပေမို့ 
ပန်းတကာ ပွင့်ကာလန်းလို့ ရယ်
တောတောင်တွေ နှင်းတွေဝေစမို့ 
မျှော်ကြည့် ကာ သာလှတာကြောင့်
စိတ်နှလုံး ရွှင်ပျော်မြူးပါလို့ 

Friday, January 13, 2012

ဆောင်းတွင်းအေးအေး နှင်းဖွေးဖွေးမှာ



                    ဆောင်းတွင်းအေးအေး နှင်းဖွေးဖွေးမှာ

   ဆောင်းတွင်းဆိုတာ အေးချမ်းမှုကို ယူဆောင်လာစေနိုင်သလို
ဆောင်းရာသီရောက်တိုင်း လွန်လေပြီးတဲ့ အတိတ်စာမျက်နှာကို လှန်လှောကာ
တွေးတောမိစေပါတယ်။အိမ်မှာနေစဉ် ကျောင်းသားဘ၀နဲ့ တက္ကသိုလ်ကျောင်းသားဘဝ
တွေမှာ ကြုံရတဲ့ ဆောင်းရာသီလေးဟာ အရပ်ဒေသချင်းမတူသလို အချိန်ကာလချင်းလည်း
မတူပါဘူး။ဒါပေမဲ့ ကျောင်းသားဘ၀ဆိုတဲ့ စာမျက်နှာလေးက ဆောင်းရာသီကို
ပိုပြီးအသက်ဝင်စေသလိုပါပဲ။

ရင်မှာမမေ့ ဒီမွေးနေ့ 



                                              ရင်မှာမမေ့ ဒီမွေးနေ့ 

      မွေးနေ့ကို အကြိမ်ကြိမ်ဖြတ်သန်းဖူးပေမယ့် မွေးနေ့ပွဲ တစ်ကြိမ်တစ်ခါမှ မပြုလုပ်ဖူးပါဘူး။မွေးနေ.ကို အမှုမဲ့အမှတ်မဲ့နဲ့ ဖြတ်သန်းလာခဲ့တာများပါတယ်။ဒါပေမဲ့ 2011 ဧပြီလရောက်မှပဲ ရင်ထဲမှာ  စွဲထင်ကျန်ရစ်စေတဲ့ ဖြစ်ရပ်နှစ်ခုက ကိုယ့်ဆီဝင်ရောက်လာပါတယ်။

Thursday, January 12, 2012

ကျွန်တော်စာရေးဆရာ

ကျွန်တော်စာရေးဆရာ PDF Print E-mail
Written by ထော်ဦး(ဘားအံကွန်ပျူတာ)   
Monday, 31 August 2009 06:30
Share |

“သေနာကောင်ကြီး တွေရဲ့” လို့သာ ပက်ပက် စက်စက် ဆဲပစ်လိုက် ချင်ပါရဲ့။ ကြည့်စမ်းပါဦး။ ဒီကောင်တွေ ပြောနေလိုက်တဲ့ ပုံကိုက
“နင် ဘယ်လိုပဲ ကြိုးစားကြိုးစား စာရေးဆရာ ဖြစ်လာမှာ မဟုတ်ဘူး၊ အေးအေး ဆေးဆေးနဲ့ နောက်ဆုတ် လိုက်စမ်းပါ ပေါက်ဖော်ကြီးရာ” ဆိုတာက တစ်မျိုး။
“နင်စာရေး ဆရာ ဖြစ်ရင်တော့လေ ငါ့အိမ်မှာ ရှိသမျှ စာအုပ်တွေ အားလုံး မီးရှို့ ပစ်လိုက်မယ်” ဆိုတာက တစ်ဖုံ။ ပြောနေ လိုက်ကြတာလေ။