ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, May 24, 2012

စ...စာ...စား



                            




                                        “

ဘားအံ ကွန်ပျူတာတက္ကသိုလ်ကို ကျောင်းစအပ်တဲ့ နေ့ က မှတ်မိပါသေးတယ်။စာရေးမက
ဘယ်လိုကနေဘယ်လို စိတ်ကောင်း ၀င်လာသလဲ မသိတော့ပါဘူး။ကျောင်းအုပ် ဆရာမကြီးနဲ့ 
သွားတွေ့ ဖို့ ရုံးခန်းဆီ ခေါ်ဆောင်သွားလေရဲ့။ရုံးခန်းထဲ ရောက်တော့ ဆရာမကြီးက
ဘယ်ကျောင်းမှာ ဆယ်တန်းအောင်တာလဲလို့ မေးပါလေရော။ ဘုရားသုံးဆူမြို့ ကပါလို့ 
ကိုယ်ဖြေလိုက်တော့ ဆရာမကြီးက ကွန်ပျူတာစာတွေက
အရမ်းခက်ခဲတဲ့အကြောင်း၊တော်ရုံတန်ရုံနဲ့ တက်ချင်တိုင်းတက်
လို့ မရနိုင်ကြောင်း၊ဒီနှစ်တော့ တစ်နှစ်လုံးစာကို တစ်ကြိမ်တည်းဖြေရမှာဖြစ်လို့  အရင်ကထက်
နှစ်ဆ စာများနိုင်ကြောင်းဆိုပြီး သြ၀ါဒတွေ ချွေလေရဲ့။အင်း၊မပြိုင်မီက ရှုံးနှင့်သည်ဆိုတဲ့
စကားကိုတောင်သတိရမိပါသေး။ဘယ်တတ်နိုင်မလဲလေ။ကိုယ့်ထိုက်နဲ့  ကိုယ့်ကံပဲပေါ့။

                                        :D

Tuesday, May 15, 2012

အညတရ အနုပညာရှင်

    “အညတရ အနုပညာရှင်



ရူးရူးမိုက်မိုက် စာသားတွေကြား

ငါ့အတွေးတွေ ပြန့် ကျဲကျလာလို

ကလောင်တံကို လှမ်းကိုင်လိုက်မိ

ဒါပေမဲ့

မင်ရည် ခပ်ကျဲကျဲ  ကလောင်တံလေးက

ငါ့ကို ရယ်မောလှောင်ပြောင်လို့ ပေါ့။


စည်းလွတ်ဝါးလွတ် သံစဉ်တွေကြား

ငါ့အသံတွေ မပီပြင်ဝိုးတ၀ါးနဲ

အိပ်မက်က လန့် နိုးလာတဲ့

ကျီးကန်း တစ်ကောင်လို

Friday, May 11, 2012

ဒီ ည


                “ဒီ

ဒီည

စာကျက်ရတဲ့

စာမေးပွဲ အောင်မြင်ဖို့ အရေး

စာဖိလုပ် နေရလို

အိပ်ရေးပျက် ခဲ့ရတဲ့

ညလေး ပါပဲ


ဒီည

အတွေးရောင်စဉ် တန်းနေတဲ့ည

မနက်ဖြန်ပေါင်း များစွာ

ရှေ့ဆက် အောင်မြင်နိုင်ဖို့ အရေး

တွက်ရေးချက်ရေး စက်သူဌေးတွေလို

Sunday, May 6, 2012

လူ့ ဘ၀ရဲ့ အနှစ်သာရ


 
                                          
ရုပ်ရှင်မင်းသမီး တစ်ဦးဖြစ်တဲ့ ကျွန်မအတွက် ရိုက်ကွင်းများပေါ် ကျင်လည်ခွင့် ရရှိခဲ့တဲ့အချိန်တိုင်းဟာ

  အချိုမြိန်ဆုံး နေ့ ရက်တွေပါပဲ။ဘ၀မှာ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါး ခံစားနေရပါစေ။ဒီအနုပညာ

ကို ဖက်တွယ်ခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်ကျေနပ်နေရသူပါ။အခုတော့ကျွန်မရဲ့ စိမ့်စမ်းရေ

လေးကြောင့် ဒါတွေအားလုံးကို စွန့် လွှတ်ရဲတဲ့အထိ သွေးနီလာချေပြီ။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မှတ်မိပါသေးတယ်။သားအိမ်အခြေအနေကြောင့်  မွေးဖွားမယ့်ရက်ထက် နှစ်ပတ်စောပြီး

သမီးလေးကို မွေးဖွားရတာကိုပါ။ကျွန်မနှာခေါင်းမှာ ပိုက်တန်းလန်းတပ်ထားပေးပြီး ထုံဆေး

ထိုးကာ ဗိုက်ကိုခွဲစိတ်ပါတော့တယ်။ဆေးရှိန် ရီဝေေ၀ဖြစ်နေရင်းနဲ့ ကလေးကို ဆွဲထုတ်တဲ့အခိုက်

မှာ ဘာလို့ ကလေးမငိုပါလိမ့်လို ပူပင်နေပြန်ပါတယ်။လူက လှုပ်လို့ မရ ၊စကားပြောလို့ လည်း

မရနဲ့ ဆိုတော့ အခံရခက်ပါပြီ။အတန်ကြာမှ ကလေးငိုသံ ကြားလိုက်ရတော့