ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, May 3, 2014

အထာလေးတွေ နပ်ထားကြစေချင်


ကျွန်တော့် ဖေ့စ်ဘွတ်အကောင့်ထဲမှာ စာရေးဖော် မောင်နှမများရဲ့ အကောင့်တွေ အများကြီး ရှိပါတယ်။တချို့ က ပုံနှိပ်စာမျက်နှာတွေပေါ်မှာ နေရာရထားပြီးသား သူတွေ ဖြစ်နေကြပြီး တချို့ ကျတော့လည်း အခုမှ ပုံနှိပ်မီဒီယာပေါ် တိုးဝင်နိုင်ဖို့  ကြိုးစားနေကြသူတွေပါ။ကျွန်တော် ပြောချင်တာကတော့ ပုံနှိပ်စာမျက်နှာတွေပေါ် တိုးဝင်နိုင်ဖို့  ကြိုးစားနေကြတဲ့ ဖေ့စ်ဘွတ်စာရေးသူတွေကိုပါ။