ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, January 13, 2012

ဆောင်းတွင်းအေးအေး နှင်းဖွေးဖွေးမှာ



                    ဆောင်းတွင်းအေးအေး နှင်းဖွေးဖွေးမှာ

   ဆောင်းတွင်းဆိုတာ အေးချမ်းမှုကို ယူဆောင်လာစေနိုင်သလို
ဆောင်းရာသီရောက်တိုင်း လွန်လေပြီးတဲ့ အတိတ်စာမျက်နှာကို လှန်လှောကာ
တွေးတောမိစေပါတယ်။အိမ်မှာနေစဉ် ကျောင်းသားဘ၀နဲ့ တက္ကသိုလ်ကျောင်းသားဘဝ
တွေမှာ ကြုံရတဲ့ ဆောင်းရာသီလေးဟာ အရပ်ဒေသချင်းမတူသလို အချိန်ကာလချင်းလည်း
မတူပါဘူး။ဒါပေမဲ့ ကျောင်းသားဘ၀ဆိုတဲ့ စာမျက်နှာလေးက ဆောင်းရာသီကို
ပိုပြီးအသက်ဝင်စေသလိုပါပဲ။

    တက္ကသိုလ်ကျောင်းသားဘ၀...။မိသားစုနဲ့ ခွဲခွာပြီး အဆောင်မှာနေခဲ့ရတဲ့ အဖြစ်လေးဟာ အေးစိမ့်စိမ့်ဆောင်းရာသီကို အန်တုလာနိုင်အောင် သင်ကြားပေးသလိုပါပဲ။ပတ်ဝန်းကျင်
အသစ်ဟာ လူကို အိပ်ချင်စိတ်ပျောက်သွားအောင်  လှုပ်နှိုးနိုင်တဲ့အထိ အချမ်းဒဏ်သင့်ခဲ့ရတာပါ။အချမ်း
ဒဏ်ကို ကာကွယ်နိုင်ဖို့ ကော်ဖီမစ်ထုတ်ကို ဖောက်သောက်လိုက်တော့ နည်းနည်းသက်သာသလိုရှိပေမယ့် ဘုရားသုံးဆူမြို့လေးရှိ မိသားစုအိမ်လေးကိုသတိရမိတော့ ရင်ထဲမှာကျင်လျက်နဲ့ပေါ့။ငယ်ငယ်
တုန်းက အစ်မနဲ့အတူ စောင်ပြိုင်လုရင်း အဘွားပြောပြတဲ့ ပုံတိုပတ်စ ပုံပြင်လေးတွေ
နားထောင်တတ်ကြတာကို သတိရမိလာလေတော့ အိမ်လွမ်းတဲ့စိတ်က ပိုပြီးကြီးစိုးလာသလိုပါပဲ။အင်း
လေ...ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာ ဆောင်းတွင်းမှာ အနွေးဓာတ်ရလာစေဖို့
ကိုယ်တိုင်ပြုလုပ်ရသလိုပါပဲ။ဒီလိုပါပဲ။ကြုံလာတဲ့ ပြသာနာတွေကို ကိုယ်တိုင်ဖြေရှင်းမှ ရရှိလာတဲ့ ရလဒ်ဟာလည်း ဘာနဲ့မှမလဲနိုင်ပါဘူး။ဒီလိုနဲ့ပဲ...အချိန်တွေတရွေ့ရွေ့ ကုန်လွန်သွားချေပြီ။အခုလက္ရိွေ
ရာက်နေတဲ့ ရန်ကုန်ဆောင်းကရော ဘယ်လိုများရှိနေပါလိမ့်။ကြုံလာတဲ့ပြသာနာတွေကိုရော
ဘယ်လိုဖြေရှင်းနိုင်ပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ ပြန်မေးနေမိရင်းနဲ့....။

                                                                                     ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                           2011 ဒီဇင်ဘာလထုတ် the chic magazine

No comments:

Post a Comment