ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, October 10, 2012

မိုးခြွေလေညင်း

အဆောင်၏ အပြင်ဘက်တွင် မိုးသည် သည်းသည်းလှုပ်ပင် ရွာသွန်းနေလေ၏။

……………………………………………………………………………………………………………………….

ပြတင်းပေါက်မှတစ်ဆင့် တစ်ပေါက်ပေါက်စီးကျနေသော မိုးရေများကို ကြည့်ကာ သူ အထွေးကို သတိရနေမိပြန်သည်။မသိစိတ်က စွဲလမ်းနေသည်ကို ဘာကြောင့်များ မတားဆီးနိုင်ပါလိမ့်…။ဘာလိုလိုနှင့် အထွေးကျောင်းမတက်ဖြစ်သည်မှာ သုံးပတ်ခန့် ပင် ပြည့်ပေပြီ။

တစ်နေ့ တစ်နေ့ 

Tuesday, October 2, 2012

ရူးသွပ်ရင် ဖြစ်မယ်(tag post)


“ရူးသွပ်မှု”ဆိုတဲ့ စကားလုံးဟာ ကာယကံရှင်ကို ကောင်းတဲ့တုန့် ပြန်မှုတွေ ရလာနိုင်စေသလို၊တစ်ဖက်မှာလည်း ဆိုးဝါးတဲ့ တုန့် ပြန်မှုတွေ ရလာနိုင်စေပါတယ်…။
ဆိုပါစို့ …။လူတစ်ယောက်က သရုပ်ဆောင် ပညာကို အရမ်းရူးသွပ်နေတယ် ။အဲဒီ ရူးသွပ်မှုတွေကြောင့်လည်း အောင်မြင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်သွားပါတယ်…။
ဒါပေမဲ့ အခြားတစ်ဖက်ရဲ့ တုန့် ပြန်မှုကတော့