ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, February 22, 2012

အိပ်မက်ကို တို့ ထိ ခြေရာကောက်ကြည့်

သင်အိပ်မက် မက်ဖူးလား။မက်ဖူးတဲ့အိပ်မက်တွေကို မှတ်မိကြရဲ့ လား။ အိပ်မက်ဟာ ဘယ်ကနေဖြစ်ပေါ်လာပါလိမ့်လို့  တစ်ခါတလေ စဉ်းစားကြည့်ရဲ့ လား။အိပ်မက်ထဲကနေ တစ်ခုခုတော့
ရလာနိုင်တယ်ဆိုတာရော သင်သိပါရဲ့ လား။တစ်ခါတလေအိပ်မက်ဟာ ကပေါက်တိကပေါက်ချာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ဒါဟာ ဘာကြောင့်လို့  သင်ထင်ပါလိမ့်။ဒီလိုနဲ့ ပဲ သုတေသီတွေက အိပ်မက်ကို တို့ ထိခြေရာကောက်ကြည့်တဲ့အခါ....။

Monday, February 13, 2012

ဒါတွေကို ပြင်နိုင်ပါ့မလား(ချစ်သူများ အတွက်မှတ်တရ)

(အခုတလော ချစ်သူများနေ့ မှာ ကျင်းပတဲ့stag showပွဲကတော့ ချစ်သူစုံတွဲ အယောက်ငါးရာအတွက် ပန်းစည်း၊ ဗေဒင်မေး စတဲ့ မက်လောက်စရာတွေပေးတယ်ဆိုပဲ။ကဲ...ညမိုးစုန်းစုန်းချုပ်တော့ ဒီချစ်သူတွေ
ဘယ်မှာတည်းကြမလဲ။စဉ်းစားစရာပါ။ဒီအကြောင်းနဲ့  ပတ်သက်ပြီး ချစ်သူများနေ့ အတွက် အမှတ်တရအနေနဲ့  ဖော်ပြလိုက်ပါတယ်။)
                                  သန္ဓေ သားလောင်းလေးတွေဟာ သင့်လက်တွင်းမှာပါပဲ         

၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ အတွင်း ထိုင်းနိုင်ငံရှိ  မီဒီယာ တော်တော် များများမှာ သန္ဓေသားလောင်း အလောင်းငါးရာ ကျော်တွေ့ရှိတဲ့ သတင်းဟာ သတင်းခေါင်းကြီး ဖြစ်စေ ခဲ့ပါတယ်။

Thursday, February 9, 2012

ဘလော့ဂ်ဂါဘ၀ တစ်လတာ မမေ့နိုင်စရာ

                                         ထိုင်းနဲ့ မြန်မာ နယ်စပ်ရှိ စေတီသုံးဆူ

ဘာလိုလိုနဲ့  12.2.2012 ကျရင်ဘလော့ဂ်ဂါသက်တမ်းတစ်လပြည့်တော့မှာပါ။
နောက်ကြောင်းကို ပြန်တွေးကြည့်လိုက်တော့ ပြုံးချင်ချင်ဖြစ်လာတယ်။ဒီဘလော့ဖြစ်လာတာလည်း ဆရာဝေမိုးနိုင် ကောင်းမှုနဲ့ မကင်းပါဘူး။အမှန်အတိုင်း ၀န်ခံရရင် ဆရာဘလော့တစ်ခု ရမှန်းသိကတည်းက အားကျနေမိတာ။ကိုယ်တိုင်လည်း စမ်းကြည့်မှဆိုပြီး blogspot ထဲဝင်။မြန်မာကွန်နက်ရှင်ကြောင့်လား ကိုယ်ညံ့လို့ လားမသိ။try againကြီးပဲလာတယ်ဆိုတော့ လုပ်ရင်းလုပ်ရင်းလက်လျှော့လိုက်တာ
နှစ်ရက်တိုင်တိုင်ပါပဲ။နောက်ရက်ကျတော့မှ ကံကောင်းသွားပါတယ်။ဆရာ ဝေမိုးနိုင် အကူအညီပေးလို့ ပါ။
ဒါတောင် try again ငါးခါခြောက်ခါ ဖြတ်ကျော်မှပဲ အဆင်ပြေသွားတော့တယ်။ဟူး.....။

Tuesday, February 7, 2012

ဗိုလ်တထောင်ဘုရား တရားပွဲ၊ဘားအံ စာပေဟောပြောပွဲ နဲ့  65 ကြိမ်မြောက် မွန်အမျိုးသားနေ့ 


                                                   ဗိုလ်တထောင် စေတီတော်
အစ်မချောရဲ့  ဘလော့ဂ်ထဲမှာ ရွှေတိဂုံ စေတီတော်နှစ်၂၆၀၀ပြည့်  ပို့ ဂ်လေးကို တွေ့ လိုက်လို့  အားကျမခံ တင်လိုက်ရတာပါပဲ။အခုတင်မှာကတော့ ဗိုလ်တထောင်ဘုရား စေတီတော်အကြောင်းပါ။အခုပို့ လ်တင်နေတဲ့အချိန် 7.2.2012 ရက်နေ့ ကနေ 16.2.2012 ရက်နေ့ အထိ ဗိုလ်တထောင် ဘုရားပွဲ ရင်ပြင်တော်ဝယ် အထူးတရားပွဲ ကျင်းပမှာ ဖြစ်ပါတယ်။အဲဒီ တရားပွဲမှာ
ထမနဲစတုဒိသာ ကျွေးမွေးမှာ ဖြစ်တဲ့အပြင် တခြားပါဝင်လှူဒါန်းလိုသူများလည်း ဖုန်းဆက်ပြီး မေးမြန်းလို့ ရပါတယ်။ဖုန်းနံပါတ်ကတော့ 09 731 61772၊09 540 7386 ၊09 5082 009၊09 7317 3481 ကိုဆက်သွယ် မေးမြန်းလို့  ရပါတယ်ခင်ဗျာ...။

Sunday, February 5, 2012

အချစ် ကဗျာ 2 in 1

                               ဖြေလျှော့ရန် လိုသည်


ပဋိပက္ခ နုနုလးတွေ များလာတော့
တို့ နှစ်ဦးရဲ့  ချစ်စံအိမ်လေးလည်း
အက်ကွဲလာကြလို့ ပေါ့။

အခုတော့လည်း
ဘာရယ်မဟုတ်တဲ့ အကြောင်းကိစ္စလေးတွေက
မဟာတံတိုင်းကြီးပမာ
ခြားနားထားလို့ ။

Thursday, February 2, 2012

တောက်တဲ့

သူ့ အသားက
ဆေးဖက်ဝင်သတဲ့
ရောဂါပရတွေ
ကုရာနတ္ထိ ဆေးမရှိတဲ့ရောဂါတွေ
ပျောက်ကင်းနိုင်တယ် ဆိုပဲ
ဒီတော့...
သူ့ ကို ရောင်းကြ၀ယ်ကြ
လုပ်ကြရတော့တာပေါ့
အရွယ်တော်တစ်ကောင်ကို
အနည်းဆုံးသုံးသိန်းဆိုတော့