ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, October 14, 2013

ထွေးပိုက်အိပ်မက်နှင်းဆီ (စုသဲမွန်)





၂၀၁၃ခုနစ်၊ဇူလိုင်လ ၂၀ရက်နေ့ က အွန်လိုင်းပေါ်မှာ အစ်မတစ်ယောက်လို
ခင်မင်ရတဲ့ စာရေးဆရာမ စုသဲမွန်ဆီက မေတ္တာလက်ဆောင် စာအုပ်လေးတစ်အုပ်
လက်ခံရရှိခဲ့ပါတယ်။ဒီစာအုပ်လေးဟာ စာရေးဆရာမ စုသဲမွန်ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့
"ထွေးပိုက်အိပ်မက်နှင်းဆီ" ၀တ္ထုတိုစုစည်းမှု စာအုပ်လေးပဲ ဖြစ်ပါတယ်။
စာအုပ်ရဲ့ ပုံနှိပ်မှတ်တမ်းကို လှန်ကြည့်လိုက်တော့ ၂၀၁၃ခုနစ်(မေလ)။မျက်နှာဖုံးပန်း
ချီကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ပန်းချီဆရာ မင်းကိုနိုင်က ရေးဆွဲထားပေးပြီး စာအုပ်တန်ဖိုး ၂၀၀၀ကျပ်နဲ့  ရောင်းချပေးထားပါတယ်။စာအုပ်ကျောဖုံးကိုတော့ အဖေဖြစ်သူ
မောင်လွင်မွန်(ကသာ)ကိုယ်တိုင် ရေးသားထားတဲ့ "ကဗျာဆရာ့ သမီးသို့ " ကဗျာလေးတစ်ပုဒ်ကို တွေ့ မြင်ကြရမှာပါ။ဝတ္ထုတို ၁၈ပုဒ် စုစည်းထားတဲ့
ဒီစာအုပ်လေးကို စာရေးဆရာကြီး မောင်မိုးသူနဲ့ စာရေးဆရာမကြီး
စမ်းစမ်းနွဲ့ (သာယာဝတီ)တို့ က အမှာစာ ရေးထားပေးပါတယ်။စာရေးဆရာမ စုသဲမွန်ရဲ့ "ထွေးပိုက်အိပ်မက်နှင်းဆီ" စာအုပ်လေးကို အမြို့ မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်တိုင်းမှာ ၀ယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ...။
                                                                                         ထော်ဦး(ဘားအံကွန်ပျူတာ)



No comments:

Post a Comment