ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, July 26, 2013

အဖြစ်အပျက်များသည်...ထို့ ကြောင့် သို့ သော်လည်း ဆက်လက်၍


(အဖြစ်အပျက် များသည်)
ဖြစ်ပြီး ပျက်တတ်ကြ
ဟောဒီ သံသရာထဲ
ငါ့ကဗျာလေးလည်း
စာသား မအန်ကျသေးခင်
တဖြုတ်ဖြုတ် ပျက်ကျ…
ခင်းကျင်းပြသထားတဲ့
ပွဲတကာ ပွဲတွေထဲ
ဟိုပွဲလည်း မတိတ်
ဒ်ီပွဲလည်း မစဲ
မိုးတွေ တသည်းသည်း ရွာချတော့မလိုလို…

ဖြစ်ပြီး မပျက်တတ်တာ
ဒါမျိုးပဲလား…။

(ထို့ ကြောင့်)
ပွဲ တစ်ပွဲပြီးရင်
ဆက်တိုက် ဆိုသလို
နောက်ထပ် ပွဲတွေက
တသီတတန်း တန်းစီပြီး
ပါဝင်ကပြ အသုံးတော်ခံတတ်ကြ…
ပွဲမကြည့်ရက်တဲ့ ပရိသတ်တွေတောင်
သွေးချောင်းတွေ စီးကျ…။

(သို့ သော်လည်း)
ပွဲက ပွဲတည်ထောင်သူတွေကိုယ်တိုင်
ကြည့်ကောင်း နေမှတော့
ငါ့လို အညတရပြာမှုန်လေးတစ်စက
ဘာများ တတ်နိုင်ဦးမလဲလေ…။

(ဆက်လက်၍)
ဟုတ်ကဲ့…
ဟိုပွဲ ဒီပွဲအကြောင်းကို
ဟောဒီ ကမ္ဘာမြေမျက်နှာပြင်ထက်
ဆက်လက် ရှူစား တော်မူကြကုန်…။ ။

                                       ထော်ဦး(ဘားအံကွန်ပျူတာ)

http://htawoo.blogspot.com



3 comments:

  1. ဖြစ်ပြီးမပျက်တတ်တဲ့ ပွဲဆက်တွေအကြောင်း မြတ်တွေးသွားခဲ့တယ် ကိုထော်ဦးရေ။

    ခင်မင်စွာနဲ့
    မြတ်

    ReplyDelete
  2. ဖုန်းထအောင် ကနေကျတဲ့ဇာတ်
    မြေကြေယုံသက်သက်ပါ ပဲဗျာ
    အိပ်ပျက်ခဲ့တာ ကြာပြီ ။

    ReplyDelete
  3. အညတြ ပြာမှုန်လေးလဲ ကိုယ်ပိုင်အရည်အချင်းရှိနေပါတယ် မောင်ထော်ဦးရေ..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete