ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, December 11, 2013

အိပ်မက်ပွင့်ချပ်များနှင့်အတူ ပွေ့ ပိုက်အိပ်စက်ကြည့်ခြင်း


၂၀၁၃ခုနစ်၊ဇူလိုင်လ ၂၀ရက်နေ့ က အွန်လိုင်းပေါ်မှာ အစ်မတစ်ယောက်လို
ခင်မင်ရတဲ့ စာရေးဆရာမ စုသဲမွန်ဆီက မေတ္တာလက်ဆောင် စာအုပ်လေးတစ်အုပ်
လက်ခံရရှိခဲ့ပါတယ်။အစ်မ စုသဲမွန်ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့
"ထွေးပိုက်အိပ်မက်နှင်းဆီ" ၀တ္ထုတိုစုစည်းမှု စာအုပ်။စာအုပ်ရဲ့ ပုံနှိပ်မှတ်တမ်းကို လှန်ကြည့်လိုက်တော့
၂၀၁၃ခုနစ်(မေလ)။မျက်နှာဖုံးပန်းချီကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
ပန်းချီဆရာ မင်းကိုနိုင်က ရေးဆွဲထားပေးပြီး စာအုပ်တန်ဖိုး ၂၀၀၀ကျပ်နဲ့ 
ရောင်းချပေးထားပါတယ်။
စာအုပ်ကျောဖုံးကိုတော့ အဖေဖြစ်သူ
မောင်လွင်မွန်(ကသာ)ကိုယ်တိုင် ရေးသားထားတဲ့ "ကဗျာဆရာ့ သမီးသို့ "
ကဗျာလေးတစ်ပုဒ်ကို တွေ့ မြင်ကြရမှာပါ။ဝတ္ထုတို ၁၈ပုဒ် စုစည်းထားတဲ့
ဒီစာအုပ်လေးကို စာရေးဆရာကြီး မောင်မိုးသူနဲ့ စာရေးဆရာမကြီး
စမ်းစမ်းနွဲ့ (သာယာဝတီ)တို့ က အမှာစာ ရေးထားပေးပါတယ်။

.....................................












"သူငယ်ချင်းကောင်း ယောက်မတို့ ရေ"

သူငယ်ချင်းကောင်းဘ၀ကနေ ယောက်မတော်ခါမှ သူငယ်ချင်းယောက်မအချင်းချင်း
ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်ခဲ့ရပုံကို ရေးဖွဲ့ ထားတဲ့
ဝတ္ထုတိုလေးပါ။အိမ်ရှင်မများရဲ့ မီဖိုချောင် ကိစ္စကိုလည်း နှစ်သက်စဖွယ်
ထည့်သိုထားတာကို ၀တ္ထုတိုလေးထဲမှာ မြင်တွေ့ ကြရမှာပါ။

"ဒီမှာ မောင်။မောင်တို့  ယောင်္ကျားတွေ စီးပွားရေးမှာ ဘယ်လောက်တော်တော်
မီးဖိုချောင် အသုံးစရိတ်တို့  ၊ဈေးဖိုးတို့  တွက်ချက်တာတို့ ဆိုရင်
ဆွေတို့  အိမ်ရှင်မတွေကို လိုက်မမီနိုင်ပါဘူး။မောင့်ညီမ မိဝေက ဒီနေ့ 
ဆွေတို့ အိမ်မှာ ထမင်းနှစ်နပ် စားသွားတဲ့အတွက် သူ့ အိမ်မှာ
ဈေးဖိုးတစ်ရက်စာ သက်သာသွားတာပေါ့။ ဒါပေမဲ့ ဆွေတို့ အတွက်တော့
နှစ်ရက်စာလောက် ဈေးဖိုး နစ်နာသွားတယ် မောင်။ဒါကြောင့် မနက်ဖြန် အိမ်မှာ
ထမင်းကော၊ဟင်းကော မချက်တော့ဘူး။သူတို့ ဆီမှာ တစ်ခါ ပြန်သွားစားမယ်။
မနက်စာရော၊ညစာရော ၀၀လင်လင်စားပြီး ဗိုက်ကားမှ အိမ်ပြန်လာခဲ့မယ်။ဆွေ
့ယောက်မ မိဝေကိုလေ ချစ်လည်း မချစ်ဘူး၊လွမ်းလည်း မလွမ်းဘူး သိရဲ့လား
မောင်ရဲ့"

ဒီဒိုင်ယာလော့ခ်ကြောင့် သူငယ်ချင်းကောင်း ယောက်မနှစ်ယောက်ရဲ့
အားပြိုင်မှုကို ပိုမို အသက်ဝင်လာစေပါတယ်။

...............................

"ခြိမ်းသလောက် ရွာတဲ့မိုး"

အပြောဆတ်တဲ့ ကျောင်းဆရာမတစ်ဦးနဲ့  အဆော့သန်တဲ့ ကျောင်းသားတစ်စုကြားက
ပဋိပက္ခနဲ့  မေတ္တာပြကွက်များကို ရေးဖွဲ့ ပြထားတဲ့ ၀တ္ထုတိုလေးပါ။

"ဆရာ၊ဆရာမဆိုတာ ကိုယ့်တပည့်တွေအားလုံးကို ပညာတတ်တွေ
ဖြစ်စေချင်ကြတာပဲ။ဒါပေမဲ့ ခက်တာက မင်းတို့ ကိုယ်တိုင် ကြိုးစားမှ
ဖြစ်မယ်။ငါတို့ က ဘာမှ ၀င်လုပ်ပေးလို့ ရတာ မဟုတ်ဘူး။တစ်ခါတလေကျရင်လည်း ငါ
စဉ်းစားမိပါတယ်။တပည့်တွေအားလုံးကို အတူတူ ပညာသင်ပေးပေမယ့် တပည့်တွေ
ပညာရပုံကတော့ မတူကြဘူးလို့ နော်။တချို့ ကျတော့
ကိုယ်ရည်မှန်းထားတဲ့အတိုင်း ဆရာဝန်ကြီး၊အရာရှိကြီးတွေ ဖြစ်မှာပဲ။ဒါပေမဲ့
တချို့ ကျတော့ ဆိုက်ကားဆရာ၊လက်သမားဆရာ၊ပန်းရန်ဆရာ၊နောက်ဆုံး
ဦးရှင်ကြီးတင်တဲ့ ဆရာမျိုးပဲ ဖြစ်ကြရမှာ။အင်းလေ။ဆရာ ဆရာလို့ 
အခေါ်ခံရတာတော့ အတူတူပဲပေါ့ကွယ်"


"အေးလေ၊အဲဒီလို ခပ်ညံ့ညံ့ တပည့်မျိုးတွေ ရှိနေဦးမှလည်း ငါတို့ မှာ
ဆိုက်ကားစီးရ၊ပဲပြုတ်လေး ဘာလေး စားရမယ့်အပြင် အိမ်သာလေး ဘာလေး
ပြင်တော့လည်း အဆင်ပြေတာပေါ့။ဒါကြောင့် ညုံ့ပြီး အသုံးမကျတဲ့ သူတွေကို
အထင်မသေးရဲပါဘူး။သူတို့ က တစ်နေ့ ကျရင် ခုနက ပြောတဲ့ ဆရာအခေါ်ခံ
ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ချင် ဖြစ်နေဦးမယ် မဟုတ်ဘူးလား"

ကျောင်းဆရာမရဲ့ ရိသဲ့သဲ့ အပြောအဆိုကြောင့် ဆရာမနဲ့  ကျောင်းသားတစ်စုကြားက
ပဋိပက္ခကို ရုပ်လုံးကြွလာစေပါတယ်။မေတ္တာပြကွက်မှာကျတော့ ဇာတ်ရံအနေနဲ့ 
နောက်ထပ် ကျောင်းဆရာမတစ်ဦးကို ပြောခိုင်းထားပါတယ်။

"မနေ့ က သားတို့ ဆရာမအိမ်က ကားပျက်နေလို့ လာမကြိုနိုင်ဘူး။အဲဒါ
ကြိုသိရက်သားနဲ့  မင်းတို့ ကို ထီးပေးလိုက်ပြီး သူက မိုးစဲအောင်
စောင့်ပြန်တာ။ကံမကောင်းချင်တော့ လမ်းတစ်ဝက်ကျမှ မိုးက ထပ်ရွာတာ၊သဲကြီး
မည်းကြီးပဲ။သူက နဂိုက အအေးမိပြီး နေမကောင်း ဖြစ်လက်စဆိုတော့ မိုးမိပြီး
အတော်ဖျားသွားတာ။ဒီနေ့  ကျောင်းမလာနိုင်ဘူး"

ဒီတော့မှ ကျောင်းသားတစ်စုလည်း အပြောဆတ်တဲ့ ကျောင်းဆရာမရဲ့ စေတနာကို
နားလည်သွားခဲ့ပါတော့တယ်။

....................................

"ကန္တာရဆူးပင်ထက်က အိပ်မက်နှင်းဆီ"

အင်ဒိုနီးရှားအထည်ချုပ်စက်ရုံမှာ အလုပ်သမများကို ဒုက္ခပေးလွန်းတဲ့
အင်ဒိုအမျိုးသမီးတစ်ဦးရဲ့ မိခင်စိတ်ထားလေး အကြောင်းကို
မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အမြင်နဲ့  ရေးဖွဲ့ ပြထားပါတယ်။ဝတ္ထုရေးသူ
ကြုံတွေ့ ခဲ့ဖူးတဲ့ အခက်အခဲ အတွေ့ အကြုံများကိုလည်း ၀တ္ထုတိုလေးထဲမှာ
နေသားတကျ ဖြန့် ခင်းပြထားပါတယ်။

............................

"တွယ်ရာမဲ့ သစ်ခွတစ်ပွင့်"

အိမ်ထောင်သည် အမျိုးသမီးတစ်ဦးနဲ့  မိခင်ကြားက မိခင်မေတ္တာလွမ်းချင်းကို
ရေးဖွဲ့ ပြထားတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါ။အိမ်ဖော်ထွက်သွားလို့ 
အိမ်အလုပ်တွေ ၀ိုင်းကူဖို့  အမေ့ဆီက အကူအညီ လိုအပ်ပုံ၊ရွာမှာ နေပျော်တဲ့
အမေ့ကို သမီးဖြစ်သူက အတူတူ လာနေဖို့  ဘယ်လောက်ပဲ ခေါ်ခေါ် မလိုက်နိုင်ပုံ
တို့ ကို ဖွဲ့ သီထားပါတယ်။

"အမေကလေ ကျွန်မကို သိပ်ဒုက္ခပေးတာပဲ။ကျွန်မက ဒီမှာ အမေ့ကို
စိတ်မချနိုင်မှန်း သိလျက်နဲ့  အမေက နေခဲ့ချင်တယ်။ကျွန်မ ဒီမှာ ဘယ်လိုမှ
နေလို့ မရဘူးဆိုတာ သိသိကြီးနဲ့  ကျွန်မစိတ်ထိခိုက်အောင် မေမေ သက်သက်
ဒုက္ခပေးတာပဲ"

မေမေ့ကို ပြောမိတဲ့ စကားအမှားအတွက် ပြန်တောင်းပန်ချင်ပေမယ့် မေမေ
ကွယ်လွန်သွားခဲ့ပြီမို့  ပြန်လည်တောင်းပန်ခွင့် မရတော့တဲ့အကြောင်းကို
မိခင်မေတ္တာလွမ်းမောနေသူတစ်ဦးရဲ့ နောင်တတရားများနဲ့  ဖွဲ့ သီထားတဲ့
ဝတ္ထုတိုလေးတစ်ပုဒ်ပါ။

..................

"နှလုံးသားချင်း ကြားတဲ့ တံခါးခေါက်သံ"

အင်ဒိုနီးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အဆောင်နေ
မြန်မာအမျိုးသမီး နှစ်ဦးရဲ့ သံယောဇဉ်အဖွဲ့ ကို ရေးဖွဲ့ ပြထားတဲ့
ဝတ္ထုတိုလေးတစ်ပုဒ်ပါ။မရည်ရွယ်ထားပါဘဲ တစ်ဦးနဲ့ တစ်ဦး လာမတွေ့ ကြဖို့ 
ပြောမိတဲ့အချိန်ကစပြီး နှစ်ဦးစလုံး နီးလျက်နဲ့  ဝေးခဲ့ကြပါတယ်။အခန်းထဲ
ဝင်ဖို့ တံခါးနားရောက်တိုင်း လှည့်ပြန်ခဲ့ရတဲ့ အကြိမ်အရေအတွက်လည်း
မနည်းလှပြီ။တစ်နေ့  တံခါးနားရပ်ရင်း တွေဝေနေမိခိုက် - အဲဒီအချိန်မှာပဲ
တံခါးလက်ကိုင်ဘုကလေး တဖြည်းဖြည်း လည်လာပြီး အခန်းတံခါး အလိုလို
ပွင့်သွားခဲ့ပါတယ်။ဝတ္ထုခေါင်းစဉ် "နှလုံးသားချင်းကြားတဲ့ တံခါးခေါက်သံ"
နဲ့ လည်း လိုက်ဖက်လှတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါ။

......................

"ကျွန်မတို့ က ခပ်ညံ့ညံ့မှကြိုက်"

ရိုးသားလှတဲ့ ကားဒရိုက်ဘာတစ်ဦးရဲ့ အကြောင်းကို ရေးဖွဲ့ ပြထားတဲ့
ဝတ္ထုတိုလေးတစ်ပုဒ်ပါ။ ကားဒရိုင်ဘာလေးယောက်ထဲမှာ ရိုးအလွန်းတဲ့ သူ့ ကို
ပိုသဘောကျကြပေမယ့် လမ်းကြောမသိတဲ့အတွက် စိတ်ညစ်စိတ်ပျက်ရပုံကို ဖွဲ
့သီထားတာပါ။ဘာပဲပြောပြော လူ့ အဖွဲ့ အစည်းထဲမှာ ရိုးသားလှတဲ့ လူတွေ
ပိုမိုလိုအပ်လာပြီ ဆိုတဲ့အကြောင်းကို ဒီဝတ္ထုတိုလေးက ကိုယ်တို့ ကို လက်တို
့ပြထားပါတယ်။

..............................

"လရောင် ဝေးဝေးည"

ဒီဝတ္ထုတိုလေးကတော့ အခြားလူ ကျူးလွန်ခဲ့တဲ့ အမှားအတွက်
တာဝန်ရှိသူတစ်ဦးအနေနဲ့  ထောင်ကျခံရတဲ့ ခင်ပွန်းဖြစ်သူဆီ ထောင်ဝင်စာ
လာတွေ့ ကြတဲ့ မိသားစုတစ်စုအကြောင်းကို ရေးဖွဲ့ ပြထားပါတယ်။

ပြောရရင် ၀တ္ထုတို ဆယ့်ရှစ်ပုဒ်ထဲမှာ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်လိုက်တဲ့
ဝတ္ထုတိုလေးတစ်ပုဒ်လို့  ဆိုနိုင်ပါတယ်။

.........................

အချုပ်ဆိုရရင် ဒုတိယ၀တ္ထုတိုစုစည်းမှုဖြစ်တဲ့ "ထွေးပိုက်အိပ်မက်နှင်းဆီ"
စာအုပ်လေးဟာ အစ်မ စုသဲမွန် ထုတ်ဝေခဲ့ဖူးတဲ့ ပထမဦးဆုံး ၀တ္ထုတိုစုစည်းမှု
("မွေးနေ့ သစ်ကို အိပ်မက်တဲ့ ကျွန်မ") ထက်
အနုပညာပိုင်းရော၊အတတ်ပညာပိုင်းပါ ပိုမိုတိုးတက်လာတာကို
တွေ့ မြင်ကြရမှာပါ။ ၀တ္ထုတိုအများစုဟာ ၂၀၀၅ခုနစ်ကနေ ၂၀၀၉ ခုနစ်အထိ
မဂ္ဂဇင်းများမှာ ဖော်ပြခံရတဲ့ ၀တ္ထုတိုလေးတွေ ဖြစ်နေပါတယ်။အခု ၂၀၁၂ - ၂၀၁၃
ခုနစ်များမှာ အစ်မ စုသဲမွန် ရေးသားထားတဲ့ ၀တ္ထုတွေကျတော့
"ထွေးပိုက်အိပ်မက်နှင်းဆီ" ၀တ္ထုတိုလေးတွေထက် ပိုမိုကောင်းမွန်လာတာကို
တွေ့ မြင်ကြရမှာပါ။အစ်မ စုသဲမွန်တစ်ယောက် အားထုတ်မှုများစွာနဲ့ အတူ
ဝတ္ထုတိုစုစည်းမှု စာအုပ်ကောင်းလေးတွေ ဆက်လက် ထုတ်ဝေနိုင်ပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့ သအပ်ပါတယ် ခင်ဗျား...။          ။
                                                                    ထော်ဦး(ဘားအံကွန်ပျူတာ)


No comments:

Post a Comment