ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, March 1, 2012

မတ်လအတွက် အမြည်း

ဘာလိုလိုနဲ့ လတစ်လ ကုန်ဆုံးသွားပြန်ပါပြီ။အားလုံး ရွှင်လန်းစွာနဲ့  ပျော်ရွှင်နိုင်ကြမှာပါ။ထော်ဦးတို့ လည်း ထုံးဆန်အတိုင်း လကုန်ခါနီးရင် အမြည်းကျွေးဖို့ အစီအစဉ်ကို စတင်လိုက်ပါပြီ။အခုလာမယ့် မတ်လအတွက် အမြည်းကတော့ တော်တော်များမယ်ထင်ပါတယ်။မအီအောင်တော့ ကဏ္ဍအသစ်လေးတွေ တိုးချဲ့ ပြီးတက်ဆက်ပေးပါ့မယ်။

ကဲ...အခုလတ်တလော လူပြောသူပြော များတာကတော့ မြန်မာနိုင်ငံရဲ့ 
 နိုင်ငံရေးအကြောင်းပဲ ဖြစ်နိုင်ပါတယ်။လာမယ့် ဧပြီလ ၁ရက်ကျရင်လည်း မဲထည့်ပေးရမယ်မို့ လား။ဒါကြောင့် ခေတ်နောက်ကျမကျန်ရအောင် နိုင်ငံရေးသမားတွေ ဘယ်လို မဲဆွယ်
စည်းရုံးတတ်ကြသလဲဆိုတာကို တင်ပြပေးပါမယ်။ပို့ စ်ခေါင်းစဉ်ကတော့
"မဲဆွယ်စည်းရုံးရေးသမား မယုံလေနဲ့  သတိထား"ပါ။တကယ်တော့ ထော်ဦးက နိုင်ငံရေးအကြောင်းကို တယ်ပြီးစိတ်မ၀င်စားလှပါဘူး။နိုင်ငံတိုးတက်ဖို့ အတွက်ကျတော့လည်း လူတိုင်းမှာတာဝန်ရှိတယ်ထင်လို့ 
မတတ်တတတ်နဲ့  ဒီပို့ စ်လေးကို တင်စမ်းကြည့်တာပါ။(ဒီလို ပြောလိုက်တော့ ကိုယ်ကိုယ်ကိုယ်တောင်
လေထဲမှာ ပျံဝဲလို့  : ) )


နောက်ထပ်တိုးချဲ့မယ့်ကဏ္ဍကတော့ "ခရီးသွားကဏ္ဍ"ပါ။ဘယ်ခရီးသွားဖြစ်မလဲဆိုတာကတော့
တင်တဲ့အခါကျမှ ပြောပြပါတော့မယ်။ဒါ့အပြင် "ဖတ်ညွှန်းကဏ္ဍ" မှာတော့ ပေါ်လီယာနာ ၀တ္ထု ကိုလေကန်ထားတဲ့ "Happy-Go-Lucky"ပို့ စ်လေးပါ။

လာမယ့် မတ်လ12ရက်နေ့ မှာကျတော့ ဆယ်တန်းတွေ စာမေးပွဲကြီး ဖြေကြရမှာပါ။ဒီတော့ ဆယ်တန်း
စာမေးပွဲ ဖြေခဲ့ရတဲ့ အတွေ့ အကြုံကို "ကိုယ်ရေးကိုယ်တာ"ကဏ္ဍမှာတင်ဆက်ပါမယ်။နောက် မတ်လ23
ရက်နေ့ "သူ့ အချိန် သူ့ အခါကဏ္ဍ"မှာတော့ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်လွမ်းဆွတ်ကြရမှာပါ။လွမ်းဆွယ်မယ့်လူကတော့
နာမည်ကျော်ဟောလီဝုဒ်မင်းသမီးကြီး အယ်လစ်ဇဘက်တေလာရဲ့  ကွယ်လွန်ခြင်းတစ်နှစ်ပြည့်ပါပဲ။
ကွယ်လွန်သွားတဲ့သူအတွက် ကောင်းတဲ့အကြောင်းပဲ ရေးမယ်ဖြစ်လို့  သူမရဲ့  အနုပညာလောကထဲ
တိုးဝင်နိုင်ဖို့ ကြိုးစားအားထုတ်မှုကို တင်ဆက်ပေးမှာပါ။

 ဒီကြားထဲမှာ သိပ်မကျွမ်းကျင်ဖူးလို့  ကိုယ်တိုင်က ခံယူထားတဲ့ "ကဗျာ"လေးတွေကိုလည်း တင်ဆက်ပေးဖို့ အစီအစဉ်ရှိပါတယ်။တကယ်တော့ ထော်ဦးတို့ က ရသစာပေပဲ ရေးချင်တာပါ။ဒါပေမဲ့ အရေးအသားအားနည်းချက်တွေရှိလို့  ပို့ စ်ထဲမှာ မတင်ဖြစ်တာပါ။
ဆောင်းပါးကြီးပဲ အရေးများတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် အားသန်တယ်လို့ ယူဆမိလို့ ပါ။
တကယ်တော့ ဆောင်းပါးစာအုပ်တွေ သိပ်မ၀ယ်ဖြစ်ပါဘူး။ဝတ္ထုတို စာအုပ်တွေ ရသစာပေတွေပဲ အ၀ယ်များတာပါ။ဘာလိုပဲဖြစ်ဖြစ် နှစ်လတာ ကာလအတွင်းမှာ ဒီဘလောဂ်လေးကို
ချစ်ချစ်ခင်ခင်နဲ့ လာရောက်အားပေးကြတဲ့သူများအတွက် ကျေးဇူးတင်မိပါတယ်။ဘလောဂ်ဂါပေါင်း ရာချီထောင်ချီ
ရှိတဲ့အထဲကမှ ကိုယ့်ဆီအလည်လာပြီး စာလာဖတ်ပေးတဲ့အတွက် နောက်ထပ် ကျေးဇူးတင်ပါတယ်လို့ ပဲ
ပြောပါရစေ။ဆက်လက်ပြီးတော့လည်း ဒီထက်ပိုကောင်းအောင် ကြိုးစားရေးသားဦးမှာပါ။မျက်စိအညောင်းခံပြီး စာလာရောက်ဖတ်ပေးတဲ့အတွက်လည်း
ဝမ်းသာမိပါတယ်။တစ်ဖက်တလမ်းကလည်း နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း "ပညာပေးစာစု"လေးတွေ တစ်ခါတရံ တင်ဆက်ပေးပါဦးမယ်။တစ်ခါတလေကျတော့လည်း ကိုယ့်ဘက်က အားနည်းချက်ကြောင့် စာဖတ်သူတွေရဲ့ တောင်းဆိုမှုတွေ မလိုက်လျောပေးနိုင်တာကို တောင်းပန်အပ်ပါတယ်ခင်ဗျာ။ဘယ်လိုပဲဖြစ်ဖြစ် 2လတာကာလအတွင်း
မှာ စာလာရောက်ဖတ်ရှုပေးပြီး အသိတစ်ခုခု ရသွားမယ်ဆိုရင်တော့ စာရေးသူအနေနဲ့  ၀မ်းသာရမှာပါ။
ဆက်လက်ပြီးတော့လည်း အခွင့်အရေးနဲ့ အချိန်အခါ ကိုယ့်ဘက်မှာ ရှိနေသေးသရွေ့  ဆက်လက်ဘလော့ဂ်ဂင်းပေးနိုင်လိမ့်မယ်လို့  ပြောကြားရင်း အခုတင်ဆက်တဲ့ အမြည်းလေးတွေထဲက
တချို့ သောအမြည်းလေးတွေကို မကျွေးဖြစ်ရင်လည်း နောက်လနောက်လကျမှ တကယ်ကျွေးနိုင်အောင် ကြိုးစားတင်ဆက်ပေးပါ့မယ်လို့  ပြောကြားပါရစေခင်ဗျာ....။
                                                                                    ထော်ဦး(ဘားအံကွန်ပျူတာ)







 (ကဲ...အားလုံးပဲ အမြည်းလေးနည်းနည်းစီ သုံးဆောင်ကြပါဦး။အဲ၊မလုကြနဲ့ လေ...။အမြည်းလေးပဲ
 သုံးဆောင်ရမယ်နော်။)
                                                                                                         ထော်ဦး


        

5 comments:

  1. စာတွေကလဲမြည်းလို့ကောင်းတယ်

    အောက်က အမြည်းတွေကလဲစားလို့ကောင်းမဲ့ပုံပါပဲ

    အမြည်းတွေပဲများနေလို့ အရည်နဲ့မျှောချရအောင်

    အရည်သွားဝယ်လိုက်ချင်စိတ်တောင်ပေါက်မိတယ်။

    ReplyDelete
  2. ကော်ဖီလေးသောက်ပြီး စာအုပ်လေးတစ်အုပ်နဲ့ တစ်နေလုံး အချိန်ဖြုန်းရရင် သိပ်ကောင်းမယ်။ ပို့စ်နဲ့ ဆိုင်မဆိုင် မသိတော့ပါဘူး။ ခုလောလောဆယ် လုပ်ချင်နေတာလေး ပြောမိတာ။

    မြတ်ဆီ မကြာမကြာ လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုထော်ဦးရေ။ ခုလောလောဆယ်တော့ အသစ်မတင်နိုင်သေးပါဘူးရှင်.

    ခင်တဲ့
    မြတ်

    ReplyDelete
  3. မတ်လအမြည်းတွေက စိတ်ဝင်စားစရာ...။
    စောင့်မျှော်ဖတ်ရှုပါမည်ဖြစ်ကြောင်း.....။

    ReplyDelete
  4.ှဆရာရေ..............အမြည်းဖတ်ပြီးတော်တော် စိတ်ဝင်စားမိတယ်ဗျ။ ထပ်တင်လာမယ့် ပို့စ်တွေရော.၊ စားသောက်ဖွယ်ရာတွေကိုရော.၊ စောင့်ဖတ်နေမှာနော်ဆရာ။

    ReplyDelete