ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, March 29, 2012

Happy-Go-Lucky



တကယ်တော့ ဒီပို့ စ်ကိုရေးရတာ ကိုယ့်အတွက်အခက်ခဲဆုံးပါပဲ။ခေါင်းစဉ်နဲ့ လိုက်အောင်  ရေးသားရသလို
အခုလောလောဆယ် ဟစ်ဖြစ်နေတဲ့ နိုင်ငံရေးအကြောင်းလည်း တင်ဆက်ရမယ်ဆိုတော့
ထင်သလောက်မလွယ်ကူလှပါဘူး။ကဲ...ဖတ်ကြည့်ရအောင်ပါ။

Happy-Go-Luckyဆိုတာ မြန်မာလိုပြန်ရရင် "ပျော်ပျော်နေ သေခဲ"ပေါ့။ကိုယ်တို့ မြန်မာလူမျိုးတွေရော ပျော်ပျော်
နေကြပါရဲ့ လား။ဆန်းစစ်ကြရအောင်ပါ။အရင်ဦးဆုံး ဘောလုံးပွဲအကြောင်းကို စပြောချင်ပါတယ်။လွန်ခဲ့တဲ့ နှစ်ကဖြစ်မယ်ထင်ပါတယ်။အာရှ ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်ကွင်း  အဖြစ် မြန်မာတို့  တခြားနိုင်ငံက အသင်းနဲ့  ဘောလုံးကန်ကြတာပါ။
မြန်မာနဲ့ ဘယ်အသင်း ကန်ကြမှန်း မသိပေမယ့် သေချာတာကတော့ မြန်မာပရိသတ်တွေ မကျေမနပ်ဖြစ်ပြီး
အော်ဆဲကြ၊ကွင်းထဲကို ပုလင်းတွေ ဘူးခွံတွေ ကောက်ပေါက်ကြနဲ့  နိုင်ငံတကာက အထင်သေးစေတဲ့
အဖြစ်အပျက် ဖြစ်ပွားလာပါတယ်။ဒါ့အပြင် ကမာ့္ဘဖလား ခြေစစ်ပြိုင်ပွဲမှာလည်း မြန်မာဘောသမားတစ်ယောက်
တခြားနိုင်ငံက ဘောသမားကို တစ်ခုခုလုပ်တယ်ဆိုလားပဲ။
ကမ္ဘာ့ ဖလား အဖွဲ့ ချုပ်ကမြန်မာနိုင်ငံ
ကို လျှော်ကြေးတောင်းဆိုလာတာကြားသိရပါတယ်။ဒါလည်း မြန်မာလူမျိုးတွေရဲ့  ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ဖြစ်ရပ်ပါပဲ။ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတွေဟာ ဒေါသကို အသုံးချပြီး ဖြေရှင်းတတ်ကြတာကို မြင်ကြရမှာပါ။ဘောလုံးပွဲဆိုတာကလည်း အနိုင်အရှုံး ရှိနိုင်တဲ့အတွက် စည်းလုံးစေချင်တဲ့စိတ်နဲ့ ကျင်းပတယ်ဆိုတာ သိထားကြရင် ကောင်းမယ်ထင်ပါတယ်။

ပြီးတော့  မြန်မာနိုင်ငံရဲ့  နိုင်ငံရေးဇာတ်ခုံကို သွားကြရအောင်ပါ။အခုတလော ပါတီတစ်ခုနဲ့ တစ်ခု တိုက်ပွဲဆင်နေကြသလိုပဲလား ထင်မှတ်မိပါတယ်။facebookမှာ ဆိုရင်လည်း အဆိုတော်တစ်ဦးက ပါတီနှစ်ခုမှာ ပါဝင်ဖျော်ဖြေပေးတာကို ဖွတ်မလေး ဘာလေးနဲ့ ကွန်မန့် ပေးထားကြတာကိုတွေ့ ရပါတယ်။ဆဲထားတဲ့
ကွန်မန့်တွေလည်းတွေ့ ရရဲ့။ဒီလိုပဲ သူ့ ပါတီကိုယ့်ပါတီဆိုပြီး သဘောထားချင်းမညီကြလို့  အချင်းချင်းဆဲနည်းပေါင်းစုံသုံးပြီး ဆဲတတ်ကြတာကို မြင်နေရပါရဲ့ ။ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတွေ
ပျော်ရွှင်မှု ကင်းမဲ့နေကြသလိုပါပဲ။အပြင်မှာတွေ့ ကြရင်တော့ နပန်းလုံးသတ်ကြမလား ထင်မှတ်မိပါပေရဲ့ ။
တကယ့်တကယ်တော့ ဒီအချိန်မှာ မြန်မာလူမျိုးအားလုံး စည်းလုံးညီညွှတ်ရမယ့်အချိန်ပါ။ပါတီချင်း
ခွဲခြားဆက်ဆံတာကိုလည်း ရပ်တန့် သင့်လှပါပြီ။တိုးတက်အောင် ပြုလုပ်ကြရမယ့် အချိန်ကာလမို့ 
အားလုံးလက်တွဲပြီး ထင်းစည်းပမာ စည်းလုံးသင့်လှပါတယ်။ငယ်ငယ်ကသင်ထားဖူးတဲ့ ထင်းစည်းပမာ
ပုံပြင်လေးက အလကားမှ မဟုတ်ပါပဲလေ။နောက်ပြီး အပြောင်းအလဲကို လိုချင်ရင် ကိုယ်ကိုယ်ကိုယ်လည်း
ပြောင်းလဲနိုင်အောင် ကြိုစားရပါမယ်။တိုးတက်တဲ့ ပြောင်းလဲမှုကို ကိုယ်ကိုယ်တိုင်ကရော လုပ်ဆောင်နိုင်ကြပါသလား ဆန်းစစ်ကြည့်စေချင်ပါတယ်။အရင်က တစ်နေ့ ဆေးလိပ်10လိပ် သောက်ဖြစ်တယ်ဆိုပါတော့။အခု ငါးလိပ်လောက်သောက်ဖြစ်တယ်ဆိုရင် ဒါဟာ ကောင်းတဲ့ပြောင်းလဲမှုပါပဲ။ဒါနဲ့ ပဲ တဖြည်းဖြည်းချင်း လျှော့ချနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုငတဲ့ လူလို့  ပြောလို့ ရပါပြီ။တကယ်လို့ မပြောင်းလဲနိုင်သေးဘဲ ဒုန်ရင်းဒုန်ရင်းအတိုင်းသာ
ဆိုရင်တော့ မြန်မာနိုင်ငံရေး မပြောင်း လဲဖြစ်နေရင် တော့ အပြစ်ဖွဲ့ စရာ မလိုလောက်ဘူး ထင်ပါတယ်။
ဘာလို့ လဲဆိုတော့ ကိုယ်ကိုယ်တိုင်မှ ကောင်းတဲ့ပြောင်းလဲမှုကို လက်သင့်မခံနိုင်ကြတာပဲလေ။   

မြန်မာလူမျိုးတွေ ဒီလိုမွန်းကျပ်ကြလို့ လည်း ပျော်နိုင်မယ့် အကြောင်းတရာေးလးတွေ ရှာဖွေတတ်ကြပါတယ်။ဒီတော့ ဟာသကို သူတို့ တွေ့ ရှိကြပါပြီ။ဘယ်လောက်ထိ ပြည်သူတွေ
ဟာသကို သဘောခွေ။ကြ့ တယ်ဆိုတာကို သိကြတဲ့ ပရိုဂျုဆာတွေက ဟာသရုပ်ရှင် လှိုင်လှိုင် ထုတ်လုပ်
ဖြန့် ချိတော့တာပါပဲ။ဒီတော့ ပေါတောတော ဟာသကားတွေ ဈေးကွက် ၀င်သွားတာပဲပေါ့။

အခုတလော ကိုယ့်ကို ဟတ်ထိနေတဲ့ဟာသ စာအုပ်တွေလည်း ရှိပါရဲ့ ။အရင်ဦးဆုံး စာရေးဆရာမင်းလူရဲ့ 
"အောင်ဘာလေ"မည်တဲ့ ဟာသ၀တ္ထုပါ။သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်တစ်ဦးရဲ့ တလွဲတချော် ဖြစ်နိုင်မှု
ကို ဟာသပြကွက်တွေနဲ့ ရက်ဖောက်ထားတဲ့ ၀တ္ထုပါ။ဒီဝတ္ထုတွေကို ဖတ်ရင် ဘာတွေ ရနိုင်မလဲ။သူတစ်ပါးကို
ကူညီတတ်လာမယ်၊ဒီလို ကူညီတတ်တဲ့ လူသားတစ်ယောက်ဟာ ဘယ်လိုအန္တာယ်မျိုးနဲ့ ပဲ ကြုံကြုံ နောက်
ဆုံးတော့ အဲဒီ အတားအဆီးကနေလွတ်မြောက်သွားနိုင်တာကို တွေ့ ကြရမှာပါ။ ဆိုပါတော့...ဒီဇာတ်ကောင်က သူခိုးသယ်လာတဲ့ မီးခံသေတ္တာကို ၀ိုင်းသယ်ပေးပါတယ်။ဒါကို မြင်တဲ့
မျက်မြင်သက်သေက ရဲကို တိုင်တော့တာပဲ။ဒီတော့ ဒီဇာတ်ကောင်က ရုံးရောက်သွားပါတယ်။
သူရုံးရောက်ပြီ တရားခံဖြစ်သွားပေမယ့်    သူ ကူညီထားဖူးတဲ့ လူတွေနဲ့ ပဲ အဲဒီနေရာမှာ ထပ်ဆုံကြရပါတယ်။ဘယ်လောက်လဲဆိုရင် တရားသူကြီးကိုယ်တိုင်က သူ့ ကျေးဇူးမကင်းရှာပါဘူး။
(တရားသူကြီး ဆေးရုံးတက်စဉ် ဘယ်သူမှန်းမသိပေမယ့် သူက သေးပေါက်ချေးပါဝေရာဝတ္ဆအကုန်လုံးလုပ်ပေးလို့ ပါ)။ဒီလောက်ဆိုရင် သူတစ်ပါးကို  ကူညီပြီး
ကိုယ့်ကိုယ်ကိုယ်လည်း ပျော်ရွှင်နိုင်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

နောက်ထပ်ညွှန်းချင်တဲ့ စာအုပ်ကတော့ ဘာသာပြန် စာအုပ်လေးပါ။ဘာသာပြန် စာရေးဆရာ ထင်လင်း
ဘာသာပြန်ထားတဲ့ "မေတ္တာရှင်မလေး ပေါ်လီယာနာ"ပါ။သူတစ်ပါးကို ပျော်ရွှင်နိုင်အောင် ပြုလုပ်ပေးတာဟာ ကိုယ်မပျော်ရွှင်တဲ့အချိန်ရောက်လာရင် သူတို့ လည်း ကိုယ့်ကို တန်းပြန် ပျော်ရွှင်နိုင်အောင်ပြုလုပ်ပေးပါလိမ့်မယ်...ဆိုတဲ့ သဘောတရားကိုရရှိလာမှာပါ။        

ဒါကြောင့် ကောင်းတဲ့အတွေးတွေ တွေးကြမယ်။သူတပါးတတွေကို ပျော်ရွှင်မှုတွေ ပေးကြမယ်။ကိုယ့်အတွက် ဆိုတာထက် သူတစ်ပါးအတွက် ပျော်ရွှင်မှုကို ပေးကြမယ်။သင့်ရဲ့ အပြုံးတွေကို
လောကကြီးအတွက် ခဏလေးပဲ အလှဆင်ကြည့်လိုက်ပါ။သင့်ကို လောကကြီးက ဒီ.ထက်ပိုလှတဲ့ အလှတရားတွေ ပြန်ပေးလာကြပါလိမ့်မယ်။လောကမှာ တွေးတတ်ရင် အရာရာတိုင်းဟာ ပျော်ရွှင်စရာပါပဲ။
ကိုယ်တို့ နိုင်ငံလညိး အရင်ကထက်ပိုပြီး တိုးတက်လာပါပြီ။စာနယ်ဇင်း လွတ်လပ်ခွင့်လည်း အရင်ကထက်ပိုပြီး ရလာပါပြီ။ကိုယ်တို့ နိုင်ငံကို နိုင်ငံခြားသားတွေ အရင်ကထက် ပိုမိုလာရောက်ကြပါပြီ။
အစိုးရ ၀န်ထမ်းတွေလည်း အပိုထောက်ပံ့ကြေး ခံစားကြရချေပြီ။ဒါဟာ ကောင်းတဲ့ပြောင်းလဲမှုပါပဲ။
နောက်ထပ်လည်းတဖြည်းဖြည်း ကောင်းတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်လာမှာပါ။ဒါတွေကို တွေးတတ်ရင် ပျော်ရွှင်ဖို့ ကောင်းတယ်မဟုတ်လား.......။အားလုံး ပျော်ရွှင်စွာနဲ့  ကြိုက်ရာသူကို မဲပေးနိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းရင်း.............။
                                                                   ထော်ဦး(ဘားအံကွန်ပျူတာ)
၂၀၁၃၊စက်တင်ဘာ ၁၈ရက်နေ့ ထုတ် Women's World Journal



ဒါတောင်ပျော်ဖို့  မကြံတတ်သေးရင်ဖြင့် ဒီရုပ်ရှင်နမူနာလေးကို ကြည့်လိုက်ပါ။(Happy-Go_lucky ရုပ်ရှင်)


 ဓာတ်ပုံရှင်နဲ့  ရုပ်ရှင်ကားထဲက မင်းသမီးက အတူတူပါပဲ။Sally Hawkinပါ။သူမရဲ့ သ၊ရုပ်ဆောင်ချက်ကြောင့်
ရွှေကမ္ဘာလုံးဆုရတဲ့အထိ အောင်မြင်ထားတာပါ။သူမကိုပေးတဲ့ ပရိသတ်ရဲ့ ကွန်မန့် တွေကတော့....

Shame she didn't get an Oscar nomination but she at least won a Golden Globe. This is the kind of girl I want to marry!

her face expression is so sweet when she wanted to stand up but noticed she shouldn´t yet :D she is really extraordinary

There's a lot of variety in Europe, you just can't say 'European'. There are Slavic women (Slovakia, Poland for example), Mediterranean (south of Spain, Greece, south of Italy), British, French... With much bigger cultural and physical differences than the ones between American and Canadian women.

as an american man i love european women!

What a movie, what a movie! The entire cast are just lovely and the dialogues are great specially those by Scoot. This film shows a lot of perspectives about pshycological disorders, and it made it clear for us. Then, when you think that everything its said and done, the ending just blow your mind, it really does. I didnt see that comming. By the way, I felt in love with Poppy she is just amazing as a few girls on planet.

you know you can make jokes while your driving but you will crash and you will die laughing. you're gonna go,then that's the best way to go.that doesn't sound like a bad idea to me.

i bought the necklace sally's wearing for my best freinds birthday from topshop ;) its pwwwwweeety :) and also such a great film, makes me feel so happy and optimistic about things X

သူမဟာ ဥရောပတိုက်မှာရှိတဲ့ အင်္ဂလန်နိုင်ငံသူပါ။2011ခုနစ် ရန်ကုန်မှာပြသတဲ့ ဥရောပရုပ်ရှင်ပွဲတော်
မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကို အင်္ဂလန်သံရုံးက ပြသပေးတဲ့အထိ အောင်မြင်နေတဲ့ သူပါ။
                                                                                                                           ထော်ဦး
ကြားဖြတ်ရွေးကောက်ပွဲအတွက် ဖတ်သင့်တဲ့ပို့ စ်
မဲဆွယ်စည်းရုံးရေးသမား မယုံလေနဲ့  သတိထား


    

1 comment:

  1. ဟုတ်ပါ့ဗျာ့ထော်ဦးတို့ကတော့ ရေးတတ်ပလေတယ်
    ညီအကိုတတွေပျော်ပျော်နေကြရအောင်ဗျာ့အောင်ဘာလေ
    စာအုပ်လဲဖတ်ချင်မိတယ် မင်းလူဆိုတော့လေ ဒီမှာက ဝယ်ရခက်လို့
    ebook linkလေးရှိရင် ပေးပါနော်။

    ReplyDelete