ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, March 10, 2012

အလင်းစ တစ်စ


ပိုးစုန်းကြူး တစ်ကောင်က
ကမ္ဘာမြေကြီး အပေါ်
အလင်း ဖျိုးဖျိုးဖျတ်ဖျတ်
ပေးဆောင်နိုင်တယ်။

ကြယ်လေး တစ်ပွင်.က
ကမ္ဘာမြေကြီး အပေါ်
အလင်းစ တစ်စ
စွမ်းဆောင်ပေးတယ်။


နေမင်းကြီးက
ကမ္ဘာမြေကြီး အပေါ်
ခမ်းနားတဲ. အလင်းရောင်ကို
ပေးစွမ်းနိုင်တယ်။

လမင်းလေးက
ကမ္ဘာမြေကြီး အပေါ်
သာယာပျော်ရွှင်မှုကို
လုပ်ဆောင်ပေးတယ်။

လူတွေထဲက
လူတစ်ယောက်ကရော
ကမ္ဘာမြေကြီး အပေါ်
ဘယ်လောက်အထိ
ပေးစွမ်းနိုင် သလဲကွယ်။ ။

(မတ်လ 21ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ ကဗျာများနေ့  အမှတ်တရ)
ထော်ဦး(ဘားအံကွန်ပျူတာ)
2011 July, International Look magazine,Look New Poem(ကလောင်သစ်ကဗျာကဏ္ဍ)

အမှာစာ-
ဒီတစ်ပုဒ်ကတော့ ပထမဦးဆုံးပုံနှိပ်ဖော်ပြခံရတဲ့ ကဗျာနှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။
လာမယ့်မတ်လ 21ရက်နေ့ မှာ ကမ္ဘာကဗျာများနေ့ အထိမ်းအမှတ်အနေနဲ့  ကဗျာတစ်ပုဒ်တင်ပေးပါဦးမယ်။
ဒါမှမဟုတ် ကာရံကဗျာတင်ပေးရင်ကောင်းမလားလို့ ပါ။
အခုတလော စာရေးချင်စိတ် သိပ်မရှိပေမယ့် ကတိပေးထားတဲ့အတိုင်း ပြီးစီးနိုင်အောင် ကြိုးစားပါဦးမယ်။
အမြဲလာရောက် ဖတ်ရှုကြသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း....။
                                                                                                          ထော်ဦး

2 comments:

  1. မတ်လ ၂၁ရက်နေ့မှာကျရောက်မဲ့ ကမ္ဘာ့ကဗျာများနေ့အတွက်
    အမှတ်တရကဗျာလေးကို ဖတ်သွားတယ် မောင်ထော်ဦးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကဗျာများနေ့အတွက် ကဗျာလေးတစ်ပုဒ်တော့ ရေးကြည့်ချင်သား
    ဒါပေမဲ့ အဖြစ်မရှိတာမို့ သူများရေးထားတာတွေဘဲဖတ်ပါတော့မယ်လေ..
    အားပေးသွားပါကြောင်း ကိုထော်ဦးရေ။

    ReplyDelete