ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
Saturday, March 17, 2012
ဆယ်တန်းဖြေ ကျောင်းသားဘ၀ အမှတ်တရ
                                                   ဘုရားသုံးဆူမြို့ နယ်ခွဲ
အခုတလော ထော်ဦးတို့  ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ အမှတ်စာရင်းသွားထုတ်ဖြစ်ပါတယ်။ကားစီးပြီး
အမှတ်စာရင်း သွားထုတ်ကြတော့ လမ်းတွေမှာ ဆယ်တန်းဖြေပြီး ထွက်လာကြတဲ့ ကျောင်းသူကျောင်းသားများကို တွေ့ ရတာပါ။မိဘတွေကလည်း လာပို့ ကြလို့ ပေါ့။တချို့ ကျောင်းသားတွေက ဟိုင်းလတ်ကားပေါ်တက်ရင်း စီးကြလို့ ။လူ့ပြည့်သိပ်သွားတော့ တွယ်စီးတတ်ကြတဲ့လူတွေ ရှိပါရဲ့ ။ဒါနဲ့ ပဲ ထော်ဦးရဲ့  ဆယ်တန်းဖြေ ကျောင်းသားဘ၀ကို သတိရမိစေပါတယ်။
အရင်ဦးဆုံးထော်ဦးတို့  ကားစီးပြီး ကြားအင်းဆိပ်ကြီးမြို့ နယ်မှာ စာမေးပွဲဖြေဆိုရတာပါ။ ကျောင်းသားတွေက
ဟိုင်းလတ်တစ်စီး စီးရပါတယ်။ကျောင်းသူတွေက ဆယ်ဘီးကားတစ်စီးနဲ့  ခရီးဆက်ကြတာပါပဲ။ဆရာဆရာမတွေကလည်း လိုက်ပေးရပါတယ်။စာမေးပွဲ မဖြေခင် သုံးရက်အလိုက
ဒီခရီး ထွက်ဖြစ်တာပါ။ဘုရားသုံးဆူကနေ ကြာအင်းဆိပ်ကြီးမြို့ ကို ရောက်ဖို့  လမ်းခရီးက ကြမ်းမှကြမ်း။ဒီကြားထဲ နွေခေါင်ခေါင်နဲ့ ဆိုတော့ ဖုန်တွေကလည်း တထောင်းထောင်းနဲ့ ပေါ့။
ထော်ဦးတို့  ဟိုင်းလတ်ထဲကလူတွေ ဖုန်တွေမိလို့  မျောက်လောင်းရုပ်တောင် ပေါက်ရောပေါ့။
ကျောင်းသူတွေက ဆယ်ဘီးကားပေါ်မှာဆိုတော့ အလှက ဘယ်သွားပျက်မလဲ။သူတို့ က ကိုယ်တို့ တတွေကို
ကြည့်ပြီး ဟားလိုက်ကြသေး။ကိုယ်တို့ အုပ်စုက 12-13ယောက်ဆိုတော့ ကြပ်ကြပ်ညှုပ်ညှုပ်နဲ့ ပဲ
လိုက်ရရှာတယ်ဆိုပါတော့။ဒီလိုနဲ့ ပဲ မနက်ကိုးနာရီးမှာ ခရီးဆက်လာလိုက်ကြတာ မွန်းတည့်တည့်
ဆယ့်နာရီးထိုးတော့မှ ကားခဏနားပြီး အစာစားကြတာပေါ့။ပြီးတာနဲ့ ခ၇ီးဆက်။ခရီးဆက်...ခရီးဆက်နဲ့ ပဲ
နေရောင်က အပူရှိန်နဲ့  ချွေးသီးချွေပေါက်ကျလို့ ။ဒီကြားထဲ ကိုယ်ထိုင်ထားတဲ့ အထုတ်ထဲမှာ ဘာတွေ ထည့်ထားမှန်း မသိပါဘူး ဖင်ညှောင့်ရိုးတောင် တော်တော်ကို နာသွားတယ်။
                                                       လမ်းခရီးက ဒီလို ကြမ်းတာ
                                     ဒီလို ကားမျိုးစီးပြီး ထော်ဦးတို့  ခရီးဆက်ရတာ
ဆက်သွားရင်း...ဆက်သွားရင်းနဲ့ ပဲ ညနေလေးနာရီးလောက်မှ ကြာအင်းဆပ်ကြီးမြို့ ကို ရောက်ပါတော့တယ်။
ဒါနဲ့ ပဲ နေစရာနေရာလေးကို ဆရာတွေက စီစဉ်ရတာပေါ့။အရင်နှစ်တွေက မူလတန်းကျောင်းမှာ အခြေချဖြစ်ပေမယ့် ဒီနှစ်ကျတော့ တခြားရွာက ကျောင်းသားတွေ လက်ဦးမှုရသွားလို့  ထော်ဦးတို့ 
ဘုရားသုံးဆူမြို့ က ကျောင်းသားတွေ ဘုန်းကြီးကျောင်းပေါ်မှာ အခြေချဖြစ်တော့တယ်။ဒါနဲ့ ပဲ နှစ်ပတ်စာနေဖို့  ပါလာကြတဲ့ အထုတ်ပလုတ်တွေ ကူသယ်ပေးရင်းနဲ့
တစ်ယောက်နဲ့ တစ်ယောက် ပျော်ပါးကြလို့ ။ဒီလို တစ်ခါဖူးမှ လူအများကြီးနဲ့  ခရီးမထွက်ကြဘူးဆိုတော့။
ကျောင်းသူတွေကို ဧည့်သည်တွေ တည်းကြတဲ့ နေရာကို နေရာပေးပြီး ထော်ဦးတို့ ကျတော့ ကိုရင်တွေ နေတဲ့နေရာကို ပေးလိုက်ရပါတယ်။
ဒီလိုနဲ့  ရေမိုးချိုး အ၀တ်အစားလဲပြီး ဆိပ်ကြီးမြို့ မှာ ညစာစုပြီး သွားစားဖြစ်တယ်။ဒီညတော့ လွတ်လပ်ရေးပေးထားတယ်ဆို တော့ သွားချင်တဲ့နေရာ သွားကြပေါ့။ထော်ဦးတို့ က ကမ်းနားတစ်လျှောက်
ကို လေညှုင်းခံ ထွက်လျှောက်ဖြစ်ပါတယ်။လမသာတသာ ဖြစ်နေပေမယ့် ကိုယ်တို့ ကတော့ ဒီလိုမျိုး
ကြုံရတာ အထူးအဆန်းလိုလို ပျော်လည်းပျော်နေမိပါတယ်။
ဒီလိုနဲ့ စာတွေကျက် စာတွေကျက်ရင်းနဲ့ စာမေးပွဲကြီး ဖြေရမယ့်အချိန် ကျရောက်လို့ လာပါပြီ။
တချို့ မိန်းကလေးတွေက ပန်းမျိုးစုံပန်ပြီး နတ်ကောင်းနတ်မြတ် မ အောင် ဘုရားကို ရှိခိုးလေရဲ့။
ထော်ဦးကလည်း ဘယ်ခေမလဲ။ဘယ်သူပေးမှန်း မသိတဲ့ သပြေရွက်လေးကို အင်္ကျီအိတ်ကပ်ထဲမှာ
ထည့်လိုက်ပါတယ်။ဘုရားကို အသေအချာရှိခိုးပြီးတော့  ဆရာတွေ ငှားထားတဲ့ ဟိုင်းလတ်ကားကြီးပေါ်တက်တော့တာပဲ။ကိုယ်ရွှေကျားတွေက အမိုးပေါ်မှာ နေရာယူကြလို့ ပေါ့။
ဒါနဲ့ ပဲ ဆိပ်ကြီးမြို့ ရဲ့  အထက ကျောင်းတော်ကြီးကို ရောက်လို့ လာပါပြီ။ထော်ဦးတို့ လိုပဲ တခြားရွာက
ပလတ်စတစ်စွပ်ထားတဲ့ လက်တွေနဲ့ ရှာတော့တာပဲ။ဇာတ်စစဖွင့်တာနဲ့ တော်တော်ကို စိတ်ကုန်သွားပါရဲ့ ။
ဒါနဲ့ ပဲ ထော်ဦးတို့  မြန်မာစာ ဖြေဆိုပါတော့တယ်။ လူက အလောတကြီးနဲ့ ဆိုတော့ မျဉ်းကြောင်းတားတာတောင် ဘော်ပင်နဲ့ တားမိသွားတယ်။လူက ထူပူရင်းနဲ "ငါတော့ ပေါက်ကရတွေလုပ်ထားလို့  စာမေးပွဲ ကျတော့မှာပဲ"
လို့ တွေးမိရင်း ဘော်ပင်နဲ့ တားထားတာကို ခဲတံနဲ့ ပြန်တား။ကံမကောင်းချင်တော့ 10မှတ်တန် အပုဒ်ကြီး2ပုဒ် ကျက်တဲ့အထဲမှာ မပါလေတော့  ရမ်းသုတ်လိုက်ရော။ဒီလို ရမ်းသုတ်တာအရှိန်လွန်သွားလို့  များလားမသိပါဘူး။စာစီစာကုံးကို တစ်မျက်နှာခွဲပဲ ဖြေလိုက်ရတယ်။အချိန်ကလည်း ကုန်မြန်သွားလိုက်တာ။
မြန်မာစာနေ့ က စော်ချွေးကို ပြန်သွားစေတာပါပဲ။
ဒီလိုနဲ့ တခြားနေ့ တွေကျတော့ စာမေးပွဲနဲ့  အထာကျသွားပါပြီး။ဆရာဆရာမတွေက စားဖို့ သောက်ဖို့ 
ထမင်းဟင်းတွေ ချက်ပြုတ်ပေး၊တစ်ခါတလေ သစ်သီးဖျော်ရည်လေးတောင် လုပ်ပြီး ကျွေးလိုက်သေး။
ကိုယ်တို့ ဆိုရင် လက်ဆေးပြီး ထမင်းစားလိုက်ရုံပဲ။ပန်းကန်တောင် မဆေးရဘူးလေ။ဇိမ်ကျလိုက်တာ လွန်ရော။
ဖြေရင်းဖြေရင်းနဲ့  နောက်ဆုံးနေ့ လည်းရောက်ရော...။ပျော်လိုက်ကြတဲ့အပျော် တော်တော့်ကို အတောမသတ်  နိုင်အောင်ပါပဲ။"ငါတို့ လွတ်လပ်ရေး"ဆိုပြီး စာမေးပွဲကာလအတွင်း အပြင်ထွက်ခွင့် မရတာတွေကို
အတိုးချပြီး အပြင်ထွက်တော့တာပါပဲ။တကယ့်ကို လွတ်လပ်ရေးဆိုတာကြီးကို ထိပ်တိုက်ရင်ဆိုင်ရသလို ခံစားလိုက်ရပါတယ်။စာမေးပွဲကာလအတွင်း ကျောင်းအနောက်ဘက်မှာရှိတဲ့  ရေပြင်ပေါ်ဝါးဖောင်မျှော်
နေတာကိုလည်း ခိုးကြောင်ခိုးဝှက် ကြည့်စရာမလိုတော့ဘူး။အားလုံး အားလုံးလည်း လွတ်လပ်ကုန်ကြပြီ။
ဒီလိုနဲ့ ညဘက်မှာ အိမ်အတွက် ၀ယ်ခြမ်းစရာတွေ ၀ယ်လိုက်ကြရင်းနဲ့  ကမ်းနားလမ်းကို ပထမနေ့ တုန်းကလို ဆက်လျှောက်တော့တာပဲ။ကမ်းနားလမ်းက ဆိုင်ကလေးတစ်ဆိုင်မှာ ထိုင်ပြီး
လက်ဖက်သုပ် စားကြတာလည်း မမေ့ရက်စရာပါပဲ။မီးမှိန်မှိန်ကြားမှာ သူတို့ စားနေတဲ့ ပန်းကန်ထဲ
ငရုတ်သီးတွေ ပစ်ထည့်လိုက်တာတွေ၊ငရုတ်သီးဒဏ်ခံရတဲ့သူက ဘယ်လိုနေမှန်းမသိပေမယ့်
စရတဲ့သူတွေက တ၀ါးဝါးနဲ့ ။တစ်ဖန် စတဲ့လူတွေလည်း ငရုတ်သီးနဲ့  ပြန်ထိတော့တာပဲလေ။
"ဒီတစ်ခါတော့ ငါ့အလှည့်ပေါ့"ဆိုတဲ့ မျက်နှာပေးလေးနဲ့ ရယ်လိုက်ကြလို့ ။ပြန်တွေးရင်းနဲ့ 
ပျော်စရာတော့ ကောင်းသား။
ည အိပ်ရာဝင်ချိန်ရောက်တော့....လူက နေရထိုင်ရတာ တစ်မျိုးကြီး။ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိ။အထုတ်တွေ ပလုတ်တွေ ထုတ်ပိုးလို့ လည်း ပြီးသွားပြီလေ။အခုချိန်ကျမှ ဘာလို့  စာကျက်ချင်တဲ့ စိတ်က ၀င်ရောက်နေပါလိမ့်။တော်တော့်ကို ထူးဆန်းသား။ဒါနဲ့ ပဲ..မနက်ဖြန်ခရီး ရှေ့ဆက်နိုင်ဖို့  တရေးတမောလေးအိပ်လိုက်ချင်ပေမယ့်
စိတ်ကူးအတောင်ပံလးတွေက လေထဲမှာပျံဝဲလို့ ...။ဘာလို့  ဖမ်းဆုပ်တာ မရပါလိမ့်လို့ တွေးမိရင်း.......။
(နှစ်ပတ်တာ ဆယ်တန်းစာမေးပွဲကြီး ခရီးသို့ အမှတ်တရ)
                                                                                                               ထော်ဦး(ဘားအံကွန်ပျူတာ)
Bonus:
                                        ဘုရားသုံးဆူမြို့ ရှိ ထိုင်းနဲ့ မြန်မာ နယ်ခြားထားတာပါ
ဘုရားသုံးဆူမြို့ က ကုန်စုံဆိုင်လေးတစ်ဆိုင်ပါ။ကြည့်ရတာ ထော်ဦးတို့ ဆိုင်နဲ့ တော်တော်တူပါတယ်။
(google ကရထားတာပါ)                                               
                                                                                                                               ထော်ဦး
3 comments:
  1. ဆယ်တန်းဖြေတုန်းကတော့နေ့စဉ်လက်ရှည်အင်္ကျီဝတ် ထိုးကွင်းကိုလက်မှာမရိုး
    အောင်ထိုးသွားခဲ့တာအမှတ်ရတယ်..
    အတန်းစောင့်ဆရာကိုပြူံးပြရတာလည်းပါးစပ်ကနားရွက်တက်ချိတ်မတတ်ပါဘဲ.
    ခင်မင်တဲ့
    မိစံ
    ReplyDelete
  2. ဆယ်တန်းကျောင်းသားဘ၀တော့ ပြန်မရောက်ချင်ဘူးဆရာရေ. . ။စာကျက်ရမှာ ပျင်းလို့
    ReplyDelete
  3. ကျွန်မ ဆယ်တန်းတုန်းက အဖြစ်ပျက်လေးတွေကို ပြန်တွေးနေမိပြီ။
    ခင်တဲ့
    မြတ်
    ReplyDelete