ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, April 2, 2012

တန်ခူးအမြည်း ဧပရယ်လ်အတင်း

ကဲ..ဒီတစ်လအတွက် အတင်းကို ဦးစားပေးပြောချင်ပါတယ်။ထုံးစံအတိုင်း နိုင်ငံရေးအတင်းပေါ့။ဒီအကြောင်း
မပါရင် ခေတ်နောက်ကျသွားမှာလည်း စိုးရရဲ့ ။1ရက်နေ့ တုန်းကတော့  ဘယ်သူမဲနိုင်မလဲလို့  နိုင်ငံရေး ၀က်ဘ်ဆိုက်တွေမှာ ခြေဦးတည်နေမိပါတယ်။စစဖတ်တော့ ကြားရတဲ့သတင်းက ရင်တုန်စရာ။ဘုရား ဘုရား။
ပါတီတစ်ခုရဲ့  အမှတ်ခြစ်တဲ့နေရာမှာ ဖယောကင်းတွေ သုတ်ထားတယ်ဆိုပဲ။အမှန်ခြစ်လို့ မရအောင်လုပ်တယ်ဆိုပဲ။
ဒီလို ကလိန်ကကျင့်လုပ်တာမျိုးကိုတယ်ပြီး သဘောမကျပေမယ့် ကိုယ်တိုင်မျက်မြင်သက်သေမဟုတ်တော့
သိပ်ပြီးလည်း မယုံရဲဘူး။
ဒါပေမဲ့...ဒီလိုသာတကယ်ဖြစ်ရင်တော့ ထော်ဦးတို့  ဘုရားသုံးဆူမြို့  လည်း   ပြည်တွင်းစစ်ဒဏ်ကို တကျော့ပြန် ခံစားလိုက်ရုံပေါ့။အဲဒီလို စိုးရိမ်မှုတွေ ဖြစ်လာလိုက်တာ ဒီနေ့ မှပဲ
ဘယ်သူမဲနိုင်လည်းဆိုတာ သိလိုက်ရပါတော့တယ်။နိုင်တဲ့ပါတီက 41နေရာတောင် အနိုင်ရလို့ ပါလား။
ပြည်သူအားလုံးရဲ့  ဆန္ဒနဲ့ ထပ်တူကျလို့  အားလုံးဝမ်းမြောက်ကြပြီး ထခုန်နေကြမှာပါ။Happy-Go-Lucky
ပေါ့။ပြည်သူတွေ ပျော်တာကို ကြားခွင့်ရတဲ့အတွက်လည်း ထပ်တူဝမ်းမြောက်မိပါရဲ့ ။ဒီတော့...
အနှစ်20ကျော်ကျော်  စောင့်ဆိုင်းခဲ့တဲ့ နေရာတစ်နေရာလည်း ရလာပြီပေါ့။ထော်ဦးတောင် နိုင်ငံရေးလောက
ထဲဝင်ရင် ဒီပါတီမှာ ၀င်ရင်ကောင်းမလားလို့ ပါ။ဒါပေမဲ့...ကျန်တဲ့ ပါတီတွေအတွက်လည်း စိတ်မကောင်း
ဖြစ်မိပါတယ်။နောက်ထပ်ကြားရတာတွေက ပါတီ တစ်ပါတီနဲ့  တစ်ပါတီ တရားစွဲဆိုကြတာပါ။တစ်ချို့ အကြောင်းအရာတွေကလည်း မဆိုစလောက်လေးကို ချဲ့ ကားပြီး တရားစွဲကြတာမျိုးပါ။ဘယ်လိုပဲဖြစ်ဖြစ် ပါတီအချင်းချင်း ပြိုင်ဘက်လို့ မသတ်မှတ်ကြပဲ မိတ်ဆွေများလို နိုင်ငံတော် တိုးတက်ဖို့ အချင်းချင်းညှိနှိုင်း    တိုင်ပင်  သင့်လှပါတယ်။နိုင်ငံတော်တိုးတက်ဖို့ ဆိုတာကလည်း အချင်းချင်း စည်းလုံးညီညွတ်ကြမှ ရေရှည်အောင်မြင်မယ်လို့  ထင်မြင်မိပါတယ်။

ကဲ...ဒီတစ်လအတွက်တော့ စာအမြည်းလေးတွေ စကြရအောင်ပါ။မတ်လတုန်းက တော်တော် အီသွားကြပြီ
ထင်ပါရဲ့ ။ဒါကြောင့်လည်း ဒီတစ်လတော့ ခပ်ကျဲကျဲပဲ ပို့ စ်ပါတော့မယ်။အရင်ဆုံးကတော့ "၀တ္ထုတို"ကို
တင်ဆက်ပါ့မယ်။ဒီဝတ္ထုတိုက facebookမှာ28ယောက်အထိLike လုပ်ပေးကြတာပါ။2011မတ်လ
29ရက်နေ့ မှာ မဂ္ဂဇင်းတိုက်ဆီ ပို့ ထားတဲ့ ၀တ္ထုမို့  အခုဆိုရင် တစ်နှစ်ပြည့်သွားပါပြီ။ဘယ်လို ရေးသားတင်ဆက်ထားသလဲဆိုတာ ဖတ်စေချင်ပါတယ်။ပြီးတော့ ကဗျာလည်းတင်ဆက်ပါဦးမယ်။နောက်ပြီးတော့ ခရီးသွားဆောင်းပါးပေါ့။အခုလောလောဆယ်ရေးချင်တာတွေ များနေပေမယ့် တကယ်မရေးဖြစ်မှာဆိုးလို့
ဒီလောက်နဲ့ တင် ကျေနပ်စေချင်ပါတယ်။

အခုဆိုရင် ဘလော့ဂ်သက်တမ်းလည်းသုံးလနီးပါးရှိချေပြီ။ဘလော့ဂ်ကို အသုံးချပြီး ကောင်းတဲ့အရာတစ်ခုကိုလည်း ပြုလုပ်ခွင့်ရခဲ့ပါတယ်။အဲဒါကတော့"'ဒါတွေကို ပြင်နိုင်ပါ့မလား"
 ဆိုတဲ့ပို့ စ်လေးကို တင်လိုက်မိလို့ ပါ။ဒီပို့ စ်ကိုတင်လိုက်တော့ အစ်မ ပျိုးယုဝသုန်က ဒီပို့ စ်ဖတ်ပြီး
နောက်ထပ် tag postသဘောမျိုး ပို့ စ်တင်လိုက်တာပါ။ဒီထက် ၀မ်းသာစရာကောင်းတာက
အစ်မပျိုးယုဝသုန်ရေးထားတဲ့ ပို့ စ်လေးကို မတ်လ20ရက်နေ့ ထုတ် street viewဂျာနယ်မှာ ဖော်ပြခံရတာကို တွေ့ လိုက်ရပါတယ်။မတ်လ17ရက်နေ့ မှာ အစ်မ၀သုန်ရေးထားတဲ့ ဒီစာလေးကိုဂျာနယ်မှာ တွေ့ လိုက်ရတော့ တော်တော် အံ့သြ၀မ်းသာမိပါတယ်။ဒါပေမဲ့...ကိုယ်တို့ တွေ ဒီအကြောင်းအရာတွေကို
ဘယ်လောက်ပဲရေးရေး လူငယ်တွေ မပြုပြင်နိုင်ကြသေးဘူးဆိုရင် ဘာမှမတတ်နိုင်ပါဘူး။ဘာပဲဖြစ်ဖြစ်
နိုင်ငံတစ်ခုရဲ့  အကျည်းတန်တဲ့ အမှန်တရားတွေကို ဖော်ထုတ်ခွင့်ရလို့ လည်းဝမ်းသာမိပါတယ်။
ဒီလို အကျည်းတန်မှုတွေကို ထပ်ပြီ ဖော်ထုတ်ပါဦးမယ်။စာဖတ်သူများအားလုံးဆီကနေ အကူအညီ
တွေလည်း ရယူချင်ပါတယ်။ဘာလို့ လဲဆိုတော့ ကိုယ်မသိတာတွေကို တခြားလူတွေကလည်းသိ
ကြလို့ပါပဲ။နောက်ဆုံးအနေနဲ့ ပြောကြားလိုတာကတော့ သင်္ကြန်ချိန်ခါမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့
စာလေးတွေ တင်ပေးပါ့မယ်။ပြီးတော့ သင်္ကြန်တွင်းမှာ ခွင့်ရက်ရှည် ခံစားခွင့်ပြုပါ။ဘလော့ဂ်လည်း ဒီ
သင်္ကြန်ကာလမှာ အနားယူပါ့မယ်လို့ ပြောကြားရင်း ဓာတ်ပုံအမြည်းလေး ခံစားကြည့်ကြပါဦးစို့ ။
                                                                                           ထော်ဦး(ဘားအံကွန်ပျူတာ)

  ခရီးသွားထားတဲ့ ဓာတ်ပုံလေးတွေပါ.........................










နွေရာသီမှာ စားဖို့ သင့်တော်တဲ့ စားစရာလေးတွေပါ........
















     

4 comments:

  1. အဟားဟား စားစရာလေးတွေသွာားရည်ယိုလိုက်
    စာလေးဖတ်လိုက် ပုံလေးကြည့်လိုက်နဲ့ နိပ်ဟ

    ReplyDelete
  2. စားစရာတွေတော့ စိတ်ဝင်စားတယ်ဆရာရေ။ မြင်ရုံနဲ့တင် သွားရေ ကျမိတယ်။ ပို့စ်တွေလည်း စောင့်ဖတ်နေကြောင်းပါခင်ဗျား။

    ReplyDelete
  3. ပုံလေးတေါကြည့်ရင် မုန့်လုံးရေပေါ်လေး စားချင်စိတ်ပေါက်လာတယ်..
    စကားမစပ် ကျွန်တော် လင့်ပြောင်းထားတယ်နော်

    ReplyDelete
  4. မြန်မာပြည်မြေပုံလေး ဖော်ထားတဲ့ သစ်ပင်လေးကို သဘောကျလိုက်တာ ကိုထော်ဦးရေ..
    မြတ် အဲပုံလေး ယူသွားပြီနော်။

    ခင်တဲ့
    မြတ်

    ReplyDelete