ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, April 19, 2012

နွံ

                                              
နွံ

အင်တာနက်ကို သုံးပြီး
ငါ့အချိန်တွေ ကုန်မှန်းမသိ
ကုန်သွားခဲ့တယ်
မတွေ့ မမြင်ဖူးတဲ့ လူတွေနဲ့
လိမ်ညာ နေရတာ
ငါ အရသာ တွေ့လို့
ဒီလောကထဲ ၀င်လိုက်တော့
ကမ္ဘာကြီးဟာ
ကျဉ်းကျဉ်းလေးမှန်း
ငါသိခဲ့ရ

ဒီလိုနဲ့ပဲ...
ငါ့ရဲ့ ကိုယ်ပိုင်အချိန် တွေကို
အင်တာနက် ကြီးက
တိုက်စား ၀ါးမျိုလို့
ဒီနွံထဲက
ငါရုန်း မထွက်နိင်ဘူး
လူ့လောက ကြီးထဲမှာ
ဒီထက် စွဲမက်ဖို့ကောင်းတာ
ဘာတွေရှိဦး မလဲ
ဒီလိုနဲ့ပဲ...
ဆိုးရွား လှတယ်လို့
လူကြီးတွေ ပြောပြော နေကြတဲ့
ဒီ အင်တာနက် ကြီးထဲကို
ငါ ခပ်ပျော်ပျော် ကြီးနဲ့
စီးမျှောနစ်ဝင်
ပစ်လိုက် တော့တယ်လေ။ ။

ထော်ဦး၊ဘားအံကွန်ပျူတာ၊
9နှစ်ပြည့် Teen Magazine 2011 အောက်တိုဘာလထုတ် လက်သစ်ကဗျာကဏ္ဍ 
(လာမယ့်ဧပရယ်လ်လ22ရက်နေ့ တွင် မွေးနေ့ အမှတ်တရ ပို့ စ်တင်ထားပါ့မယ်။ဒီတစ်လ အင်တာနက် အသေအချာမသုံးဖြစ်တာကိုခွင့်လွတ်ပါ။ပို့ စ်တွေကိုလည်း ကြို တင်ထားပါတယ်ခင်ဗျာ...)

 စာဖတ်သူများအတွက် အမှတ်တရလက်ဆောင် 

အစ်မတော် မ၀ိမွန်တောင်းဆိုထားတာကို ဖြည့်ဆည်းပေးလိုက်ပါတယ်...
အစ်မ၀ိမွန် နှင့်တကွ စာဖတ်ပရိသတ်များအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေချင်ဗျာ...   
 ဘုရားသုံးဆူ အထက်တန်းကျောင်းပါ
ထော်ဦးတို့  သူငယ်တန်း၊ပထမတန်း ပြီး ၅တန်းကနေ တက္ကသိုလ်ဝင်တန်း ဆယ်တန်းအထိ
တက်ရောက်ထားဖူးပါတယ်...




4 comments:

  1. ဟုတ်ပ တစ်ရက်တစ်ရက် အင်တာနက်ထဲမှာ အချိန်ကုန်လို့ ကုန်မှန်းမသိ...
    ဒီလိုနဲ့ တော်တော်တောင်ကြာခဲ့ပြီ
    ပြန်ထွက်ဖို့ စဉ်းစားလိုက်တော့ ရုန်းမရတော့ဘူးး))
    တူတူဘဲ

    ReplyDelete
  2. ဖတ်ပြီးသားပေမယ့် ထပ်အားပေးသွားခဲ့တယ်ဆရာ။ ဆရာတို့ ကျောင်းလေးကလည်း သပ်သပ်ရပ်ရပ်လေးနော်။ သဘောကျစရာလေး

    ReplyDelete
  3. ဟုတ်တယ် မောင်ထော်ဦးရေ။ တန်ဘိုးရှိတဲ့ ကိုယ်ပိုင်ချိန်တွေ အတော်များများကို ဝါးမြိုနိုင်စွမ်းရှိတဲ့ အင်တာနက်ပဲနော်။
    သိသိကြီးနဲ့ ရှောင်တိမ်းရခက်နေတဲ့ အင်တာနက်ကြီးဖြစ်သလို ကောင်းကျိုးလည်းပြု မကောင်းကျိုးလည်းပြုတဲ့ အင်တာနက်ပေါ့ကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေလို့-

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ၀ိမွန်April 25, 2012 at 5:17 PM

    ကျောင်းပုံတင်ထားပေးတာကို ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete