ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Sunday, April 8, 2012

သင်္ကြန်ရေသဘင်ပွဲတော်နဲ့  အပြိုင်



                                                 "ရှာပုံတော် မင်းသားကြီး...
                                                  မဏ္ဍပ်တကာ ရောက်ခဲ့ပြီ...
                                                 ဘယ်မြို့ က သူနေမှန်းလည်း မသိတော့ ခက်လှပြီ...
                                                 မနှစ်ကပေးတဲ့မင်းလိပ်စာ ရေတွေစိုလို့ ပျက်ကုန်ပြီ...
                                                 မမှတ်မိလို့  ခက်သားလှချေပြီ..."

မင်္ဂလာ အတာကူးမယ့် နှစ်ကူးသင်္ကြန်ပါခင်ဗျာ...။လာမယ့် ဧပရယ်လ်လ 22ရက်နေ့ မှာ ကျွန်တော့်ရဲ့ 
မွေးနေ့ ကျရောက်လာပါ့မယ်လို့ အကြောင်းကြားရင်း ဒီပို့ စ်လေးကို တင်ဆက်လိုက်ပါ့မယ်။ကဲ...မြန်မာနိုင်ငံကို သွားကြရအောင်
ပါ။မြန်မာရဲ့ နှစ်သစ်ကူးကတော့ အခုနောက်ပိုင်းမှာ ကြမ်းတမ်းလာသလိုပါပဲ။ကောင်မလေးတွေကို
ရေးပက်ရင်းနဲ့ မဟုတ်ကဟုတ်က လက်ကမြင်းနေကြတာကိုလည်းကြားသိရပါရဲ့။ရိုက်ပွဲကတော့
ပြောမနေပါနဲ့ တော့။ရွာဘုရားပွဲရှိရင်တောင် တစ်ရွာနဲ့ တစ်ရွာ တုတ်ဆွဲဓားဆွဲ
ဝိုင်းသမကြသေးတာပါပဲ။

နောက်ပက်တဲ့ရေကလည်း ကြည့်ပါဦး။အနံ့ အသက်မကောင်းချက်က အိမ်သာရေထက်တောင်ဆိုးသေး။
နောက်ထပ်....အဲလိုလေးတွေရှိတော့ ကိုယ်တိုင်တောင် သင်္ကြန်မှာ မကဲတော့ပါဘူး။စာလေးဘာလေးရေး
ပြီး အိမ်စောင့်ကျန်ရစ်မှာ ဖြစ်တဲ့အတွက် သင်္ကြန်ကာလအတွင်း အင်တာနက်လည်း သုံးဖြစ်မှာမဟုတ်
တော့ပါဘူး။
ပြီး..နောက်ထပ် သတိပေးချင်တာကတော့ အရက်မူးပြီး သင်္ကြန်တွင်းမှာ ကားမမောင်းပါနဲ့  ဆိုတာပါပဲ။ဆိုင်ကယ်တရကြမ်းမောင်းလို့ သင်္ကြန်တွင်း သေသွားကြတဲ့ အလောင်းတွေ နည်းမှမနည်းပါပဲ။
ထိုင်းနိုင်ငံဆိုရင် ဧပရယ်လ်လကို ယာဉ်အန္တရာယ် အများဆုံးလလို့  သတ်မှတ်ကြပါတယ်။သေတဲ့သူ
အရေအတွက်ကတော့ တစ်ထောင်နီးပါးပါပဲ။အဲဒီအထဲမှာ ဒဏ်ရာရတဲ့ သူတွေက တော်တော်ကံကောင်းတယ်လို့ ဆိုရပါမယ်။ကဲ...မြန်မာရေသဘင်ပွဲတော်နဲ့ အပြိုင်ကြဲမယ့်
ပွဲတော်တွေကတော့.................

ပထမဦးဆုံးအနေနဲ့ ထိုင်းနိုင်ငံရဲ့  ရေကစားပွဲတော်ပါ။ဒီပွဲတော်ကတော့ ဧပရယ်လ်12
နေ့ မှာစတင်မှာပါ။မြန်မာနိုင်ငံထက် တစ်ရက်စောပြီး ကျင်းပဖြစ်တာပါ။ထိုင်းနိုင်ငံရဲ့ ရေကစားကြပုံကတော့...........


ဒါက "ခေါက်ဆန်"လမ်းမလို့ ခေါ်ပါတယ်။ဒီနေရာမှာယာဉ်ဝင်ခွင့် မရပါဘူး။လူတွေ တရုန်းရုန်းနဲ့ 
တစ်ဦးနဲ့ တစ်ဦး ရေဆော့ခွင့်ရတာကိုက ပျော်စရာတစ်မျိုးကောင်းမှာပါ။



                       ဆင်တွေလည်း ရေဆော့ကြလို့ ပါလား။သင်လည်း ရေဆော့သင့်တယ်လို့ 
ဆိုနေသလို ပါပဲ။





ကဲ..ဒီအပေါ်ပုံလည်း ထိုင်းနိုင်ငံကပါပဲ။မနှစ်တုန်းကဆို ည6နာရီမှာ ကောင်မလေးတစ်ယောက်
ကရင်းကရင်းနဲ့ မူးတာအရှိန်လွန်သွားလို့  အင်္ကျီကိုယ်တိုင်ဆွဲချွတ်တဲ့အထိပါပဲ။ပရိသတ်ကတောင်းဆိုလို့ 
ဆိုပဲ...။အောက်ကပရိသတ်ကတော့ လက်ခုပ်သြဘာပေးကြလို့ ပေါ့.။



ဒါကတော့ ကိုရီးယားနိုင်ငံက ရွှံ့ပွဲတော်ပါ။ရွှံဆိုတာကလည်း အလှပြင်တဲ့နေရာမှာ သုံးတယ်ဆိုတာ လူတိုင်း
သိကြမှာပါ။ Boryeong Mud Festivalလို့  ခေါ်ဝေါ်ကြတာပါ။ဇူလိုင်လလယ်လောက်မှာကျင်းပဖြစ်ပြီး
အများအားဖြင့် ကမ်းခြေလိုနေရာမျိုးမှာ ကျင်းပဖြစ်ပါတယ်။အင်း...ရေကစားခွင့်မရတဲ့သူများ
ရွှံကစားလို့ ရပါတယ်နော်...။ဒါမှ အသားအရေ...နူးညံ့စိုပြေမယ်လေ...။အဲ ကစားတာများသွားရင်လည်း
ကျွဲ  ဖြစ်သွား မှာကိုတော့ စိုးရိမ်မိပါရဲ့ ...။





ကဲ...ဒီထက်ပိုပြီး အသားအရေ လှချင်သေးသပဆိုရင်တော့ စပိန်နိုင်ငံက ကျင်းပတဲ့ ခရမ်းချဉ်သီးပွဲတော်ကို
ဝင်နွှဲလို့ လည်းရပါတယ်။တစ်ဦးနဲ့ တစ်ဦး ခရမ်းချဉ်သီ ပစ်တမ်းဆော့ကစားရတယ်ဆိုတော့
အသားအရေလည်းလှ မိတ်ဆွေခင်ဆွေတွေလည်း ပေါများလာမှာအမှန်ပါပဲ...။ဒီပွဲတော်က
သြဂုတ်လရဲ့ နောက်ဆုံးအပတ် Wednesday(ဗုဒ္ဒဟူးနေ့ )မှာ ကျင်းပမှာပါ။ထော်ဦး
ကတော့ ဒီပွဲတော်ကို အကြိုက်ဆုံးပဲ။အသားအရေလည်း စိုပြေစေတယ်လေနော်...။ကဲ....
ခရမ်းချဉ်သီးလေးစုပြီး ပစ်ပေါက်တမ်းကစားကြည့်ကြရအောင်နော်...။






ဒါကတော့ ကမ္ဘောဒီယားနိုင်ငံက ကြေကွဲ ဖွယ်ဖြစ်ရပ်ပါ။ဖြစ်စဉ်က 2010ခုနစ် ရေသဘင်ပွဲတော်ညမှာပါ။
တံတားပေါ် လူအုပ်ကြီးတစ်အုပ်တစ်မကြီးကို အခုလိုပဲမြင်ကြရမှာပါ။ပွဲတော်နေ့ ဆိုတော့ လူတွေက ကြောက်ခမန်းလိလိ ဖျော်ဖြေပွဲကို ဆင်နွှဲကြလို့ ။ဒီလိုနဲ့ ကြပ်ညှပ်နေတဲ့လူအုပ်တွေက တစ်ဦးနဲ့ တစ်ဦး တွန်းတိုက်ရင်းနဲ့ တချို့ က လဲကျလို့ ။တစ်ဖက်လူအုပ်ကလည်း တွန်းတိုက်နေတယ်ဆို တော့ လဲကျတဲ့ သူကို အရှိန်နဲ့ နင်းမိလို့ ။တချို့ ကလည်း အသက်ရှုကျပ်ကြလို့ ပေါ့။
ဒီလိုနဲ့ သေတဲ့ သူကသေ ဆေးရုံရောက်တဲ့သူက ရောက်လို့ ပါပဲ..။ဒါကြောင့် လူတွေစုရုံးစုရုံးဖြစ်နေရင်
ရှောင်ကြဉ်ကြပါလို့  ပြောကြားပါရစေ...။






နောက်ဆုံးအနေနဲ့ သတိပေးချင်တာကတော့ 2010ခုနစ် မြန်မာသင်္ကြန်ကာလမှာဖြစ်ပျက်ခဲ့တဲ့
ဗုံးပေါက်ကွဲမှုကို သာဓကယူပြီး အတာ ရေသဘင်ပွဲနွှဲပျော်ကြတိုင်း သွားသတိ လာသတိ သတိပြုဆင်ခြင်စေချင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အသေအချာ ဂရုစိုက်ကြဖို့ ပန်ကြားချင်ပါတယ်။အားလုံး သင်္ကြန်နှစ်ကူး ရေသဘင်ပွဲတော်မှာ ဒီပို့ စ်နဲ့ အပြိုင် မြူးနိုင်ကဲနိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းရင်...
                            "မပြန်ပါနဲ့ ဦးကွယ်...
                             နွေမ မာလာ မပြန်ပါနဲ့ ဦးကွယ်...                                 
                             မပြန်ပါနဲ့ ဦးကွယ်...
                             နွေမ မာလာ မပြန်ပါနဲ့ ဦးကွယ်... "                                

                   လို့ သီဆိုပါရစေခင်ဗျာ..........................။                      ။
                                                                                   ထော်ဦး(ဘားအံကွန်ပျူတာ)


2 comments:

  1. ဆရာရေ......
    တကယ့်ကို ရေးသင့်တဲ့ ပို့စ်လေးပါဆရာ။ တော်တော်များများ ဒီလောက်ရေးနေကြတဲ့ကြားက ကဲလွန်းလို့ ဖြစ်ကြရင်တော့ ဒင်းတို့ထိုက်နဲ့ ဒင်းတို့ကံပါပဲဆရာရေ။

    လေးစားလျက်
    ဝေမိုးနိုင်(မုံရွာ)

    ReplyDelete
  2. အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲဗျာ

    ReplyDelete