ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, March 23, 2012

ကြိုးစားသူတိုင်းအတွက် နေရာလေးတစ်နေရာ


                                         ခရမ်းရောင်မျက်လုံးပိုင်ရှင်မလေး အဲလစ်ဇဘက်တေလာ

23.3.2011 ခုနစ် ကပါ။ဟောလီဝုဒ် မင်းသမီးတစ်ဦး ကွယ်လွန်အနိစ္စရောက်သွားခဲ့တာ
အခုဆို တစ်နှစ်တင်တင် ပြည့်လုပါပြီ။တကယ်တော့ ဒီမင်းသမီးကြီးဟာ အပြစ်အနာအဆာ ရှိနေတဲ့
မင်းသမီးပါလို့  လူအများက သတ်မှတ်ထားကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကွယ်လွန်သွားတဲ့သူကို
အပြစ်တင်နေမယ့်အစား သူမရဲ့  ကောင်းမွေလေးကို လက်ဆင့်ကမ်း မျှဝေပေးကြစို့ နော်။


မနှစ်က ကွယ်လွန်ခဲ့တဲ့ မင်းသမီးကြီးရဲ့ နာမည်က အဲလစ်ဇဘက်တေလာပါ။သူ့ ပရိသတ်တွေက"လစ်"ဆိုပြီး
ချစ်စနိုး ခေါ်ဝေါ်တတ်ကြပါတယ်။အဖေပန်းချီဆရာ၊အမေတစ်ချိန်ကပြဇာတ်မင်းသမီး ဖြစ်တဲ့အတွက်လည်း
အနုပညာပိုးက စီးဆင်းနေတယ်လို့ ထင်မြင်ကြပေမယ့်သူမရဲ့ ကြိုးစားမှုက အံ့မခန်းပါ။တကယ်တော့သူမကို
ကမ္ဘာကျော်ရုပ်ရှင်Gone with the Wind(လေရူးသုန်သုန်)မှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်အရွေးခံဖို့ မိဘမိတ်ဆွေများက ၀ိုင်းတိုက်တွန်းကြပေမယ့် မိဘက ခွင့်မပြ၊ုရှာပါဘူး။

ဒါပေမဲ့ သူမ10နှစ်သားအရွယ်ရောက်တော့ ရုပ်ရှင်နယ်မြေပေါ် အခြေချခွင့် ရသွားခဲ့ပါတယ်။ ကလေးသရုပ်ဆောင် တော်တော်များများရှိတဲ့အတွက်လည်း ထင်သလောက် မအောင်မြင်ရှာပါဘူး။ဒီလိုနဲ့ 
MGMရုပ်ရှင်ကုမ္ပဏီက National Velet ၀တ္ထုကိုရုပ်ရှင်ရိုက်ဖို့  အစိုင်းအပြင်း ကြိုးစားပါတော့တယ်။
ဒီရုပ်ရှင်ဟာ အသက်13နှစ်အရွယ် အပျိုဖြန်းကလေးမလေးရဲ့  မြင်းစီးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ပုံကို
ပုံဖော်ထားတာပါ။ဒီတော့ အဓိက သရုပ်ဆောင်ဖြစ်တဲ့ 13နှစ်သားကလေးမလေးကို ရွေးချယ်ရတော့တာပါ။
ကက်သရင်း ဟက်ဘန်း(နောင်တော့ 4ထပ်ကွမ်းအော်စကာဆုရှင်မင်းသမီးကြီး)ကို ဒီဇာတ်ကောင်နဲ့  ပါဝင်သရုပ်ဆောင်ဖို့ ကျတော့လည်း အံမ၀င်ရှာပါဘူး။

ဒါနဲ့ ပဲ အဲလစ်ဇဘတ်တေလာက သူသာဒီဇာတ်ကောင်ကို ပါဝင်သရုပ်ဆောင်ခွင့် ရရင် သေချာပေါက် အောင်မြင်မယ်လို့ တွက်ဆထားပါတယ်။သူမရဲ့ ဆုံးဖြတ်ချက်အတိုင်း အမေ့ကို
ဖွင့်ပြောလိုက်တော့ သားအမိနှစ်ယောက် လက်ဆွဲပြီး ဒီဇာတ်ကားကိုရိုက်ကူးမယ့် ဒါရိုက်တာကြီးဆီ သွားတွေ့ တော့တာပါ။သားအမိနှစ်ယောက်လုံးကလည်း ဒီဇာတ်ကောင်အပေါ် သူမဘယ်လောက်အထိ  စိတ်အားထက်သန်ကြောင်းပြောကြားပါတော့တယ်။ဒါရိုက်တာကတော့ ဒီဇာတ်ကားဖြစ်မြောက်အောင်
ပရိုဂျူဆာဘက်မှာ မူတည်ပါတယ်လို့ ပြောလာပြန်တော့ သားအမိနှစ်ယောက် ပရိုဂျူဆာဆီကိုသွားပြန်ရော။ပရိုဂျူဆာက ရုပ်ရည်ပြေပြစ်တဲ့ လစ်လေးကိုကြည့်ပြီး ပုနေတဲ့အရပ်ကိုထပ်ပြီးသုံးလက်မရှည်လာနိုင်အောင်၊မြင်းစီးကျွမ်းကျင်လာနိုင်အောင်၊အပျိုဖြန်းလေးလို
 ဖြစ်လာအောင် ကြိုးစားပါလို့  ဆိုလာပြန်ပါတယ်။သားအမိနှစ်ယောက်လည်း နာမည်ကျော်သရုပ်ဆောင်ဆီမှာ သရုပ်ဆောင်သင်တန်းတက်လိုက်၊မြင်းစီးကျွမ်းကျင်အောင်သင်လိုက်၊
အရပ်တွေကိုယ်လုံးတွေ ရှည်သွယ်လာအောင်လည်း လိမ်းဆေးရော သင်တန်းနည်းပြဆီမှာရော
လ်ုပလာပါတော့တယ်။ဒီလိုနဲ့ နောက်လအတန်ငယ်ကြာလှတော့ လစ်တို့ သားအမိ ပရိုဂျူဆာကြီးဆီ
ရောက်လာကြပါပြီ။ပရိုဂျူဆာကြီးလည်း အံ့သြလို့မဆုံး။သူပြောတဲ့အတိုင်း လစ်လေးက လုပ်နိုင်ရှာသား။အရပ်သုံးလက်မရှည်လာတဲ့အပြင် အပျိုဖြန်းလေးတောင်ဖြစ်လို့ ။

ဒီတော့ လစ်လေးလည်း ဒီဇာတ်ကားကို ရိုက်ကူးခွင့်ရသွားပြန်ပါရော။ဘ၀ဆိုတာ အမြဲတမ်းဆူးခင်းလမ်းမဟုတ်တာကို လစ်လေးက သူမအသက်11နှစ်သားကတည်းက လက်တွေ့ ပြသလိုက်ပါပြီ။ဒါပေသည့်...။ဇာတ်ကားထဲမှာ ပါဝင်တဲ့ မြင်းပေါ်လိမ့်ကျတဲ့ဇာတ်ဝင်ခန်းကို
လူစားမထိုးမိလိုက်လို့ လည်း အဲဒီဒဏ်ကြောင့်အသက်ကြီးတဲ့အထိ ခါးနာတဲ့ ဝေဒနာကိုခံစားရရှာပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အသက်11နှစ် အရွယ်လေးနဲ့  ရည်မှန်းချက်ကြီးကြီးမားမား ဆုပ်ကိုင်ထားတာကို
ကြည့်ရင် တကယ်တော်တဲ့ကလေးပါလားလို့ အံ့သြချီးကျူးရမှာပါ။သမီးလိုက်လုပ်သမျှ ပါဝင်အားဖြည့်ပေးရှာတဲ့ အမေကိုလည်း မချီးကျူးလို့ မနေနိုင်အောင်ပါပဲ။ဒီခေတ်မိခင်တွေရော ကလေးတွေကို ဒီလို လုပ်ခွင့်လေးပေးနိုင်ကြပါ့မလားလို့ တစ်ဆက်တည်း တွေးတောမိစေပါတယ်။

ဒီလိုနဲ့  လစ်လေးဟာရုပ်ရှင်ကားတစ်ကားရိုက်ရဖို့ အရေးတစ်ပါးသူတွေကို အောက်ကျို့ နေရတဲ့ဘ၀ကနေ
 အောင်မြင်လာတော့ ၀ိုင်းပြီးဖူးဖူးမှုတ်ခံရတဲ့ကလေးသရုပ်ဆောင် ဖြစ်လာပေပြီ။ဒီဇာတ်ကားလည်း
1940ကျော်ခုနစ်က ဒေါ်လာလေးသန်းကျော်ရတဲ့အထိ အောင်မြင်သွားတာပါ။ကလေးသရုပ်ဆောင်
တော်တော်များများ လူကြီးသရုပ်ဆောင်ဖြစ်လာကြတဲ့အခါ ထင်သလောက်မအောင်မြင်တတ်ကြပေမယ့်
လစ်လေးကတော့ ဒီကျိန်စာကို ချေဖျက်နိုင်ခဲ့ပြန်ပါတယ်။ဒီလိုနဲ့ ပဲ အောင်မြင်တဲ့ မင်းသမီးဘ၀ကနေ
"ကလီယို ပက်ထရာ"ရုပ်ရှင်ကားကြီး ရိုက်ဖြစ်ပြန်တော့ အဲဒီခေတ်က သရုပ်ဆောင်ကြေးအမြင့်ဆုံး
မင်းသမီးတစ်လက် ဖြစ်လာပြန်ပါတယ်။





ဒါ့အပြင် ရိုက်ကွင်း အောက်ခြေ၀န်းထမ်းကို ကူညီဖေးမတဲ့အပြင် အေအိုင်ဒီအက် ဖောင်းဒေးရှင်းလည်း
ထူထောင်ထားသူပါ။ဒီဖောင်းဒေးရှင်းအတွက်လည်း ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းသူပါ။
အခုတော့ သူမရဲ့ ဘ၀ဟာ အသက်79နှစ်နဲ့ ချိုပ်ငြိမ်းသွားရှာပါပြီ။သူမဘ၀ဟာ ပန်းခင်းလမ်းဖြစ်နေရတာတွေဟာ သူမရဲ့ ငယ်ဘ၀အိပ်မက်ကြောင့်ပါ။ကိုယ့်အိပ်မက်ကို အိပ်မက်အတိုင်းမထားဘဲ ကြိုးစားလာမယ်ဆိုရင် တစ်ချိန်ချိန်မှာတော့ ပန်းခင်းလမ်းကို အရောက်လှမ်းနိုင်
ကြမှာပါ။ပန်းခင်းလမ်းဖြတ်ကျော်ခွင့်မရသည့်တိုင် ကြိုးစားသူတိုင်းအတွက် နေရာလေးတစ်နေရာတော့
ရှိမှာပါ။အရေးကြီးတာက မဆုတ်မနစ် မတွန့် မဆုတ်စတမ်းကြိုးစားဖို့ ပါ။ကျွန်တော့်အနေနဲ့  သူမအကြောင်းလေးကို ဖတ်ပြီး အသိတစ်ခုခု ရသွားစေချင်ပါတယ်။စာဖတ်သူများအားလုံးလည်း ပျော်ရွှင်သောခရီးများကို
စိတ်အားထက်သန်စွာနဲ့ ကျော်ဖြတ်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းရင်း...........။
(အဲလစ်ဇဘက်တေလာအတွက် တစ်နှစ်ပြည့် လွမ်းဆွတ်ခြင်းအမှတ်တရ......)
Ref: ကြည်ရွှန်း -အိပ်မက်အကြီးကြီးမက်သူ...
                                                                                            ထော်ဦး(ဘားအံကွန်ပျူတာ)

















 You Tube ကနေရရှိထားတဲ့ လွမ်းဆွတ်ဖွယ် ဗီဒီယိုဖိုင်လေးပါ။သူတို့ ဆီက ပရိသတ်တွေရဲ့ ကွန်မန့် လေးတွေကိုဖတ်ချင်ရင်ဖြင့် အောက်ကပေးထားလင့်လေးကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။      

http://www.youtube.com/watch?v=ucOXUmd1rtE



3 comments:

  1. တီတင့်တို့ငယ်ငယ်အဲလစ်ဇဘက်တေလာကားတွေဆိုရင်
    အတော်များများကြည့်ဘူးတယ် မောင်ထော်ဦးရေ။
    တစ်နှစ်ပြည့်အမှတ်တရလေးအတွက်ဖတ်ခွင့်ရလို့ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အော့်နှစ်တောင်ကျူးလာပါပေါ့လားး
    မနေ့တစ်နေ့ကလို့ထင်နေတုန်းပဲ။

    ReplyDelete
  3. ဝေမိုးနိုင်March 26, 2012 at 2:43 PM

    အင်း..........................
    ဘာလိုလိုနဲ့ တစ်နှစ်ပြည့်သွားပြီနော်.။ အချိန်တွေလည်း အကုန်မြန်လိုက်တာ။

    ReplyDelete