ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, March 21, 2012

ဖတ်သူမဲ့ ကဗျာ


ကမ္ဘာ့ ကဗျာနေ့  မှာတင်ဖို့  ဒီကဗျာလေးကို ရွေးချယ်ထားပါတယ်။ဒီထက်ပိုကောင်းသွားအောင် ပြန်ပြင်ချင်
ပေမယ့် ကိုယ်တိုင်က သိပ်မကျမ်းကျင်တော့ ဒီအတိုင်းပဲ တင်လိုက်ရတာပါ။ခံစားဖတ်ရှုပေးပါဦးခင်ဗျာ...။

                                              ဖတ်သူမဲ့ ကဗျာ

ကဗျာလေး တစ်ပုဒ်ပါပဲ
ဝေဖန်အပြစ်တင်ခြင်းခံရတဲ့ ကဗျာတစ်ပုဒ်
မဂ္ဂဇင်းပေါ် တင်မိလို့ 
မဂ္ဂဇင်းရဲ့ ဂုဏ်သိက္ခာလေးလည်း
ကျဆင်းသွားရလို့ ပေါ့။


ကဗျာဆရာလေးလည်း
ဒီကဗျာလေးကို ရေးမိလို့ 
ပတ်ဝန်းကျင်ရဲ့ 
ပြစ်တင်ရှုံ့ ချခြင်းကို ခံရလို့ ။

ဒီ့ထက် ပိုဆိုးတာက
ကဗျာဆရာလေးကို
ဘယ်မဂ္ဂဇင်းကမှ
ကလောင်သွေးခွင့်မပြု။

ကဗျာလေးလည်း
ညှိုးငယ်စွာနဲ့ 
ငိုရှိုက်ခဲ့ရပေါင်း များလှပေါ့။

တစ်နေ့ နေ့  တစ်ချိန်ချိန်မှာတော့
နှလုံးသားနဲ့ ခံစားပြီး ဖတ်ပေးမယ့်
တစ်စုံတစ်ဦးလောက်တော့
ပေါ်လာနိုင်ကောင်းပါရဲ့ လို့ 
ကဗျာဆရာလေးက
မျှော်လင့်စောင့်စားလျက်နဲ့ ပေါ့။              ။

မှတ်ချက်။    ။မိမိဧ။် ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ရေးသားကာ အပယ်ခံကြရရှာသော ကဗျာဆရာများနှင့်
                 ကဗျာများအားလုံးသို့  ကမ္ဘာ့ ကဗျာနေ့  အထိမ်းအမှတ်အနေဖြင့်
                 လှိုက်လှိုက်လှဲလှဲ ဦးညွှတ်လျက်....................။
                                                                               ထော်ဦး(ဘားအံကွန်ပျူတာ)




5 comments:

  1. ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ စပ်ထားတဲ့ကဗျာကောင်းလေးပါလား
    မောင်ထော်ဦးရေ။ အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဖတ်သူမဲ့ ကဗျာ မဟုတ်တော့ဘူးနော်.. လာဖတ်တဲ့သူတွေ ရှိနေပြီ.. :)

    ReplyDelete
  3. အင်း..............အဲဒါမျိုးလေးတွေ ဖြစ်တတ်တယ်ဆရာ။ ဘာလိုချင်တပ်မက်မှုမှမရှိတဲ့ ကဗျာဆရာတွေကို လေးစားပါတယ်ဗျာ။

    ReplyDelete
  4. ဖတ်သူရှိရုံတင်မကပါဘူး အပိုင်တောင်လိုချင်ပါသေးရဲ့

    ReplyDelete
  5. ချော(အစိမ်းရောင်လွင်ပြင်)March 22, 2012 at 11:36 PM

    အဲဒီကဗျာဆရာက ဘယ်သူများပါလိမ့်
    ဒီကဗျာဆရာတော့ မဟုတ်လောက်ပါဘူး
    ဒီမှာတော့ဖတ်သူတွေ များနေသားဘဲ

    ReplyDelete