ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, March 14, 2012

စိမ်းသွားတဲ့ မြို့ 

ဘာတွေတင်ရမှန်း စဉ်းစားလို့ မရခိုက်... စာဖတ်သူတစ်ဦးဖြစ်တဲ့ "ကိုကြီး"က တောင်းဆိုလို့  ဒီပို .စ်လေးကို တင်ပေးလိုက်တာပါ။ကဲ...ကြည့်ကြရအောင်နော်။
                                   ဘားအံ ကွန်ပျူတာတက္ကသိုလ်ပါ(ပုံသေးသွားပါတယ်နော်)

                              ဘားအံ ကွန်ပျူတာတက္ကသိုလ်(အပေါ်စီးက ရိုက်ထားတာပါ)


 ဘားအံ ကွန်ပျူတာတက္ကသိုလ်ကနေ 15မိနစ်လမ်းလေလျှာက်လိုက်ရင် ကော့ဂွန်းဂူ ရောက်မှာပါ။
ကော့ဂွန်းဂူက အေဒီ 7ရာစုကတည်းက တည်ဆောက်ထားတာပါ။ရှေးဟောင်း အုတ်ခွက်ဘုရားများကိုလည်း တွေ့ မြင်ရမှာပါ။
ပြောရမယ်ဆိုရင် အေဒီ11-12ရာစုမှာ တည်ဆောက်ဖြစ်တဲ့

ပုဂံဘုရားထက်တောင် ရှေးကျပါသေးတယ်။ထော်ဦးတို့ ပထမနှစ်တုန်းကဆိုရင် အတန်းလစ်ပြီး အမြဲလာဖြစ်တယ်လေ။ကြည့်ရင်းကြည့်ရင်းနဲ့  နန်းတွင်းအ၀တ်အစားတွေတောင် ဆင်မြန်းချင်လာပြီနော်။


မသမာသူတွေရဲ့  လောဘကြောင့်လည်း အုတ်ခွက်ဘုရား ဆုံးရှုံးရသလို၊ရာသီဥတု ဒဏ်ကြောင့်လည်း
အုတ်ခွက်ဘုရားများ ပျက်စီးသွားရပါတယ်။နိုင်ငံခြားဧည့်သည်တချို့ လည်း ဒီကော့ဂွန်းဂူကို အလည်လာတတ်ကြပါတယ်။မြန်မာနိုင်ငံထဲက တချို့ လူတွေလည်း ကော့ဂွန်းဂူကို အလည်လာစေချင်ပါတယ်။(ကော့ဂွန်းဂူကို လူသိများ စိတ်ဝင်စားစေချင်လို့ ပါ။)
 ကဲ...ထုတ်ထုတ်(သုံးဘီးဆိုင်ကယ်လေး)စီးပြီး တခြားတစ်နေရာကို သွားကြရအောင်ပါ။ဘားအံကွန်ပျူတာကနေ ဘားအံကို သွားချင်ရင်လည်း ဒါလေးစီးပြီး သံလွင်တံတားကို ဖြတ်သန်းသွားရမှာပါ။

                      ကဲ..သံလွင်တံတားကို ဖြတ်ပါပြီးနော်။

                                            ကျောက်ကလပ်ဘုရား 
  ဒီလို သွားရင်းစီးရင်းနဲ့  လမ်းနှစ်သွယ်ကို တွေ့ ရမှာပါ။ဘားအံသွားတဲ့လမ်း(ဘယ်)နဲ့  မော်လမြိုင်သွားတဲ့လမ်း
(ညာ)ပါ။အခုတော့ ညာဘက်ကို အရင်သွားကြရအောင်ပါ။အဲဒီမှာ အပေါ်က မြင်နေရတဲ့ ကျောက်ကလပ်ဘုရားကို ဖူးကြရအောင်ပါ။အလည်လာရင်းနဲ့  ထမင်းပါလွေးလို့ ရပါ
တယ်နော်။သက်သက်လွတ်နဲ့ လေ။ထော်ဦးတို့ ဆိုရင် သူငယ်ချင်းတွေစုပြီး အဲဒီမှာ သွားစားဖူးပါတယ်။
ဆိုင်ကယ်ဆီတော့ ကုန်တာပေါ့ : ).


                               ဇွဲကပင်ဟိုတယ်

 ကဲ...ဘားအံကို သွားတဲ့ညာဘက်လမ်းကို သွားကြရအောင်။အခုမြင်နေရတာကတော့ ဇွဲကပင်ဟိုတယ်
ပါ။ထော်ဦးတို့ လည်း ဒီဟိုတယ်မှာ စားဖူးပါတယ်။တခြားဟိုတယ်တွေထက် ဈေးချိုတယ်လို့ ပြောရမှာပါ။
နောက်ခံ တောင်တန်းရှိနေတယ်ဆိုတော့ ခံစားမှုတစ်မျိုးရစေပါတယ်နော်။အော်..ပြောဖို့  မေ့တော့မလို့ 
။စာပေဟောပြောပွဲတုန်းကလည်း ဒီဟိုတယ်မှာပဲ ကျင်းပဖြစ်ပါတယ်ခင်ဗျာ...။

                                   ရွှေရင်မျှော်ဘုရား

ကဲ...ဘားအံမြို့ ရောက်ပါပြီ။မြို့သင်္ကေတဖြစ်တဲ့ ဖားရုပ်တုကို သွားမကြည့်ဖြစ်ရင် ဘားအံကို တကယ်ရောက်တာ မဟုတ်ဘူးလို့ ဆိုရမှာပါ။အခုမြင်နေရတာကတော့ ဖားနဲ့ နဂါးရုပ်တုပါ။တည်နေရာက
တော့ ဘားအံမြို့ မဈေးအနီး ရွှေရင်မျှော်ဘုရားပါ။

                              ဇွဲကပင်တောင်

ဒါက ဘားအံမြို့ရဲ့  လူသိများတဲ့ တောင်ပါပဲ။ဇွဲကပင်တောင်ပါ။တပေါင်းလမှာ ဇွဲကပင်ဘုရားပွဲကို
စည်ကားသိုက်မြိုက်စွာနဲ့  ကျင်းပဖြစ်ပါတယ်။(ဘုရားပွဲပြီးသွားတာမကြာသေးပါဘူး)။ထော်ဦးတို့ လည်း
ထုံးစံအတိုင်း ဒီတောင်ကို မောင်ကျော်ဖူးပါတယ်လို့ ဆိုပါရစေ။

                                 သံလွင်မြစ်ရေရဲ့  ဆည်းဆာအလှ

ကဲ...အဆောင်ပြန်ကြစို့ နော်။ထော်ဦးတို့  အဆောင်ကတော့ သံလွင်ကမ်းနဘေး ကွန်ပျူတာကျောင်း
နဲ့ နီးတဲ့နေရာမှာ တည်ရှိပါတယ်။ဒါကြောင့်လည်း သံလွင်တံတားကို ဖြတ်ပြီးအဆောင်ပြန်ရတာပါ။
အင်း၊သံလွင်တံတားကို ဖြတ်တော့ ညနေခင်းဆည်းဆာအလှက ရင်မှာ အေးမြစေပါတယ်။သံလွင်မြစ်
ရေက ပုံထဲမှာတွေ့ ရအတိုင်း လူတွေရဲ့ စိတ်ကို ညှို့ ထားလို့ ပါလား။

ဒီလိုနဲ့ ပဲ နောက်ဆုံးကျတော့ ဘားအံမြို့ဆိုတာ ထော်ဦးအတွက် စိမ်းသွားတော့တဲ့ မြို့  ဖြစ်သွားချေပြီ။
ဒီပို့ စ်လေးကို တင်ကြည့်လိုက်တော့ ရင်ထဲမှာ အေးမြစေသလိုပါပဲ။ဘာပဲဖြစ်ဖြစ် ခရီးသွားဆောင်းပါးလေး
တစ်ပုဒ်အနေနဲ့  ပို့ စ်အဖြစ်တင်ပေးလိုက်တာပါ။အားလုံးအားလုံးသော ချစ်မိတ်ဆွေ စာဖတ်ပရိသတ်များ
အပေါင်းလည်း စိတ်နှလုံးအေးမြကြည်လင်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးကြည့်ရင်း...........။
                                                                                             ထော်ဦး(ဘားအံကွန်ပျူတာ)
                  

8 comments:

  1. ကျေးဇူးဗျာ ကိုယ်မရောက်ဖူးတဲ့နေရာဒေသ
    တစ်ခုကို ဓါတ်ပုံလေးထဲမှာ အခုလို တွေ့ခွင့်
    ရထားတော့ သူများတွေနဲ့ ဖလှယ်တဲ့အချိန်မှာ
    ပါးစပ်ပိတ်မနေရတော့တာပေါ့။

    ReplyDelete
  2. တစ်နေ့နေ့တော့ အလည်တစ်ခေါက် အရောက်သွားဘို့
    ဆုံးဖြတ်လိုက်ပြီ မောင်ထော်ဦးရေ။ စာရေးသူကလည်း
    အရေးကောင်း ရှုခင်းတွေကလည်း ဆွဲငင်အားကောင်း
    ရှေးဘုရားတွေမြင်တော့ ဖူးချင်တဲ့စိတ်က တားမရတော့ဘူးကွယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လှလိုက်တဲ့ ပုံလေးတွေဆရာရေ...............။ကြိုက်သွားပြီ။ ကတိအတိုင်း ပို့စ်အသစ်အဆန်းလေးတွေ ဖတ်ရတယ်။ နောက်ဆုံးရှုခင်းလေးကို ကြိုက်လွန်းအားကြီးလို့ ကူးထားလိုက်တယ်ဆရာရေ.........။

    ReplyDelete
  4. အံမယ်လေး တော်လိုက်တာထော်ဦးရယ်..အမတောင်အဲလိုမရေးတတ်ဘူး.. ကိုယ့်ဂျူနီယာတစ်ယောက်အဲလိုတော်မှန်းသိရတာ..အရမ်းဝမ်းသာတယ်..နောက်လဲဒီလိုမျိုးကိုယ့်ပြည်နယ်အလှကိုဖော်ပြနိုင်တဲ့ စာတွေများများရေးနိုင်ပါစေနော်... :) :) :)
    နောက်ပြီး အမတို့ကျောင်းနားမှာဘာပေါတယ်ဆိုတာ.ပါ ရေးဦးလေ..ရေမရောစစ်စစ်နော်... :P

    ReplyDelete
  5. ပုံတွေ လာကြည့်ပါတယ်.. တစ်ခေါက်လောက်တော့ ရောက်ဖူးချင်သား..

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်ဗျာ ခုလိုပြန်မြင်ခွင့်ရတာအလွမ်းပြေစေပါတယ်..

    ReplyDelete
  7. ကျေးဇူးတင်ပါတယ်ဗျာအခုလိုတင်ပေးတာ အလွမ်းပြေတာပေါ့.....ထော်ဦးအတွက်လဲဂုဏ်ယူပ်တယ်
    ဆက်ကြိုးစားပေါ့...

    ReplyDelete
  8. အရမ်းလှတယ်ကရင်ပြည်နယ်က

    ReplyDelete