ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, March 12, 2012

နွေ နဲ့  မိုး နှစ်ပါးခွင်

နေရောင်ပွင့်ဖူး  အာရုဏ်ဦးမှာ
ကျေးငှက်သံသာ  တေးဆိုပါဧ။် ။

နေရောင်ဖြောက်ဖြောက်  နံနက်ခင်းမှာ
လေပွေတစ်ချက်  တိုက်ခတ်ပါရ်ျ
ရွက်ခြောက်ကြွေသံ  ဖျတ်ဖျတ်ညံဧ။်။


နေရောင်ထင်ရှား  နေ့ ခင်းပိုင်းမှာ
ပူပြင်းခြောက်သွေ့   တံလျှပ်ဖြာဧ။်။

အခုတော့လည်း  နွေရာသီမှာ
မိုးတွေကသည်း  ရွာမစဲမို့ 
ကမ္ဘာမြေကြီး  ဘယ်သို့ ဖောက်ပြန်
မမှန်းတတ်တာ  မှားနေလားကွယ်။    ။
                                               ထော်ဦး(ဘားအံကွန်ပျူတာ)
(မတ်လ21ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့ သို့ အမှတ်တရ)

ဖြစ်စဉ်-(11.3.2012 ညနေပိုင်း)
ဒီကနေ့  ညနေပိုင်းလောက် ရန်ကုန်မြို့ မှာ နွေရာသီဆိုပေမယ့် မိုးရွာနေပါတယ်။
မနှစ်ကလည်း နွေရာသီမှာ မိုးရွာဖူးပါတယ်။
ဒါကြောင့်လည်း အချိန်အခါနဲ့  ကိုက်ညီအောင် ဒီလို ကာရံကဗျာလေးကို တင်ပေးလိုက်တာပါ။
အားပေးကြသူများကို ကျေးဇူးတင်ရပါတယ်။
                                                ထော်ဦး

2 comments:

  1. ဟုတ်ပ ကမ္ဘာကြီးကလဲ ဘာတေါဖြစ်နေမှန်းမသိပါဘူး
    ကဗျာလေးကောင်းပါ၏

    ReplyDelete
  2. ၁၁ရက်နေ့ နေ့လည်ပိုင်း ၂နာရီကျော်မှာ တီတင့်တို့ FMI City ကို မုန်တိုင်းအငယ်လေး
    ၁၀မိနစ်ခန့် ဝင်ရောက်တိုက်ခိုက်သွားတယ် မောင်ထော်ဦးရေ။ အချိန်ခါမဟုတ် မိုးတွေလည်းရွာလို့
    လေပြင်းကလည်းတိုက်နဲ့ သစ်ပင်ကျိုး မှန်ကွဲ အမိုးလံဖြစ်ကြတယ်ပြောတယ်။ အိမ်တော့ဘာမှဖြစ်ဘူး။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete