ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, March 2, 2012

မဲဆွယ် စည်းရုံးရေးသမား မယုံလေနဲ့ သတိထား

ဒီအကြောင်းရေးရတာ နည်းနည်းလန့်  နေပါတယ်လို့ ဆိုပါရစေ။အပြောအဆိုမတတ်ရင် အဆဲခံရမှာလည်း ကြောက်ပါတယ်။ဒါပေမဲ့ ခပ်ကြောက်ကြောက်နဲ့ ပဲ ဒီပို့ စ်လေးကိုရေးဖြစ်ပါတယ်။(ကိုယ်သဘောမကျတဲ့
ကွန်မန့် တွေရေးလာရင်တော့ This comment have been removed by the author.လို့ ပဲ ဆိုပါရစေ)

ကဲ...နိုင်ငံရေးအကြောင်း စတင်ကြရအောင်ပါ ။မြန်မာပြည်သူပြည်သားများအပေါင်း သိတော်မူထားကြတဲ့အတိုင်း
လာမယ့်ဧပြီလ1ရက်နေ့ မှာ ကြားဖြတ်ရွေးကောက်ပွဲ စတင်တော့မှာပါ။ဒေါ်စုကြည် ဦးဆောင်တဲ့
NLDပါတီတွေကလည်း အနုပညာသမားတွေအားကိုးနဲ့  ဘယ်လိုမဲထည့်ရမလဲဆိုတာ ပြည်သူလူထုတွေ
သိလာအောင် ပြုလုပ်ပေးမယ်လို့  ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။(ဒါဟာမဲဆွယ်နည်းပဲလားဆိုတာ
ကာယကံရှင်တွေပဲ သိမှာပါ။ထားလိုက်ပါတော့)

အခုပြောမှာကတော့ မဲဆွယ်မဲ့ လူတွေရဲ့  သွင်ပြင်လက္ခဏာကိုပါ။
သူတို့ မဲဆွယ်တဲ့အခါ ယုံကြည်လောက်တဲ့
အနေအထားရှိရဲ့ လားဆိုတာကို မဲပေးသူတွေဘက်က အကဲခတ်ရမှာပါ။သူတို့ ပြောတဲ့အကြောင်းအရာကို
စိတ်အားထက်ထက်သန်သန်နဲ့  ပြောနေကြပါရဲ့ လား။ဒါမှမဟုတ် ဒီရွေးကောက်ပွဲမှာ အနိုင်ယူဖို့ အတွက်
လုပ်ဇာတ်ခင်းပြီး မဲဆွယ်နေသလားဆိုတာကို မဲပေးသူဘက်က အကဲခတ်နေရမှာပါ။ဒီထဲကနေမှ
ကိုယ်ယုံကြည်မယ့်လူကို ရွေးချယ်ရမှာဖြစ်လို့  နိုင်ငံတိုးတက်ရေးမတိုးတက်ရေး ဆိုတာဟာလည်း
မဲပေးသူဘက်က ဦးတည်နေပါတယ်။

နောက်ထပ် ဆက်ပြောချင်တာကတော့ ကိုယ်အားကိုးတကြီး နဲ့  အထင်တကြီးမဲပေးလိုက်လို့  သူတို့ တတွေ နိုင်ငံရေးလောကမှာ နေရာတစ်နေရာရလာတဲ့အခါ အဲဒီလူဟာ ကိုယ့်နိုင်ငံကို တရှိန်ထိုး တိုးတက်လာစေနိုင်မယ်လို့ 
မျှော်ကိုးစိတ်မထားပါနဲ့ ။ဥပမာ တင်ပြရမယ်ဆိုရင် အမေရိကန်သမ္မတ အိုဘားမားကိုပဲ တင်ပြလိုပါတယ်။
သူဟာ change ဆိုတဲ့ စာလုံးတစ်လုံးကြောင့်ဲ့  ပြည်သူလူထုတွေရဲ့  ထောက်ခံချက်ကို ရရှိသွားသူပါ။သူပြောထားတာလေးတွေက ပြည်သူလူထုတွေ အားရစေသလို သူ့ ကိုကြည့်ပြီးတော့လည်း အမေရိကန်လူမျိုးတွေ အားလုံး သူသာဒီနေရာရရင် ငါတို့ နိုင်ငံတွေ တော်တော်တိုးတက်မှာပဲလို့  ထင်မြင်ကြတဲ့အထိ မဲပေးထောက်ခံကြတာပါ။ဘာကြောင့် အိုဘားမားကို မဲအပြတ်အသတ်နိုင်အောင် ထောက်ခံကြပါသလဲ။ဒါဟာ စိတ်ဝင်စားစရာကောင်းပါတယ်။

တကယ်တော့ သမ္မအိုဘားမားနောက်ကွယ်မှာ သင်ဆရာတစ်ဦးရှိနေလို့ ပါ။စကားပြောဟန်ဆိုဟန်၊
လက်ဟန်အမူအရာ၊မျက်နှာပေး၊လေယူလေသိမ်း စတာတွေကို သင်ပေးတဲ့ သင်ဆရာရှိနေလို့ ပါပဲ။
သူ့ ရဲ့ ပြောဟန်ဆိုဟန်ဟာ စိတ်အားထက်ထက်သန်သန် ရှိလို့ လည်း အမေရိကန်ပြည်သူတစ်ရပ်လုံး
မိန်းမောသွားလောက်အောင် မဲဆွယ်သွားနိုင်တာပါ။သူအနိုင်ရသွားတော့ အမေရိကန်တွေအားလုံး
ဝမ်းသာအားရ ဖြစ်သွားတာကိုကြည့်ရင် အိုဘားမား အော်စကာ ရသွားတယ်လို့ ပဲ ပြောရမှာပါ။သူ့ ရဲ့ 
မဲဆွယ်သွားတဲ့ ဟန်ပန်မူအရာက ပြောင်မြောက်တယ်မို့ လား။

ဒါပေမဲ့...အိုဘားမား ဒီလို အနိုင်ရသွားတယ်ဆိုတာ ထင်သလောက်တော့ မလွယ်ကူပါဘူး။အမေရိကန်
တွေက လူမဲတွေကိုနှိမ်တတ်တယ်မို့ လား။ပြီးတော့ အသံအနေထားလည်း စိတ်အားထက်သန်တဲ့ပုံပေါက်ဖို့  အိုဘားမားက သရုပ်ဆောင်မှုပီပြင်အောင် ကြိုးစားရပြန်ပါတယ်။
လက်ဟန်တွေကလည်း "ကျွန်တော့်ကိုသာ သင်မဲပေးကြရင်သင့်နိုင်ငံလည်း 21ရာစုရဲ့ ထိပ်တန်းနိုင်ငံ
ဖြစ်လာအောင် ကျွန်တော်ဖန်တီးပေးပါ့မယ်"လို့ ဆိုနေသလိုပါပဲ။ဒါ့အပြင် မျက်နှာပေးကလည်း
နှစ်လိုအားရဖွယ်မရှိရင် ဘယ်သူမှ သူ့ ကိုမဲပေးကြမှာမဟုတ်ပါဘူး။သင်တို့ လည်း အိုဘားမားကို
တီဗွီထဲမှာ မြင်ဖူးကြမှာပါ။သူဟာ စိတ်ားထက်သန်တဲ့ ပုံပန်းရှိလို့ သာ ဒီလို နိုင်ငံရေးဇာတ်ခုံထဲမှာ အနိုင်ရ သွားတာပါ။

ကဲ...အိုဘားမားရဲ့  လက်ရှိ အခြေအနေကို ကြည့်ကြရအောင်ပါ။အမေရိကန်နိုင်ငံဟာလည်း သူမဲဆွယ်ထား စဉ်က ပြည်သူလူထုတွေကို ပြောထားဖူးတဲ့တိုင်း ထင်သလောက် သိပ်မထွန်းပေါက် လှပါဘူး။2011ခုနစ်မှာ နိုင်ငံ့စီးပွားရေး အကျပ်အတည်းများနဲ့ 
ရင်ဆိုင်ရသလို အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်သွားကြတာပိုများလာခဲ့ပါတယ်။ဒါဟာ
အိုဘားမား သမ္မတဖြစ်လာတဲ့အခါမှာ ရင်ဆိုင်ရတဲ့ပြသာနာပါပဲ။အရင်က ကြီးကြီးကျယ်ကျယ် ပြော
ထားတာတွေ ဘယ်ရောက်ကုန်ပြီးလဲလို့  အမေရိကန်ပြည်သူတွေ မေးနေကြလိမ့်မယ်ထင်ပါတယ်။
ဒါကလည်း ပြည်သူလူထုကတင်မြောက်ထားတဲ့အတွက် နိုင်ငံတိုးတက်ခြင်း ဆုတ်ယုတ်ခြင်းဆိုတာကလည်း
ပြည်သူတွေဘက်မှာလည်း တစ်စိတ်တပိုင်းပါဝင်နေပါတယ်လို့  ယူဆလို့ ရပါတယ်း။


ကဲ...ဒါဆိုရင် လာမယ့် ဧပြီလ1ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ သင်ဘယ်သူ့ ကို မဲပေးကြမလဲ။အဓိက
သိထားဖို့ လိုအပ်တာကတော့ သူတို့ တွေ အမျိုးမျိုးနဲ့  မဲဆွယ်တတ်တာပါပဲ။ရွာသူရွာသားတွေကို
ငွေပေးပြီး မသမာမှုနဲ့  မဲပေးခိုင်းတာမျိုးတွေ၊တချို့ ကျတော့လည်း မဲဆွယ်တဲ့ နေရာမှာ ဘယ်ကဲ့သို့ 
ဘယ်ချမ်းသာဆိုပြီး အပြောကြီးကြီးနဲ့  မဲဆွယ်တတ်တာတွေ ရှိတတ်ကြပါတယ်။ဒါကြောင့် မဲဆွယ်သူရဲ့ 
မျက်လုံးတွေက ကိုယ်ယုံကြည်လောက်အောင် စွမ်းဆောင်နိုင်မှု ရှိရဲ့ လား၊ သူ့ ရဲ့ အပြောအဆိုကရော
တိုင်းပြည်တစ်ခုလုံး ပုံအပ်ချင်စိတ်ပေါက်သွားအောင် လုပ်ဆောင်နိုင်ရဲ့ လား၊သူ့ အသွင်အပြင်ကရော
ချစ်ခင်နှစ်လိုဖွယ်ဖြစ်ရဲ့ လား။ဒါတွေကိုကြည့်ပြီး အနီးစပ်ဆုံး ကိုယ်အားထားရမယ့်သူတွေက
အဓိကထား မဲပေးရမှာပါ။

အားလုံး အားလုံးလည်း သင်ယုံကြည်ထိုက်တယ်လို့  ယူဆထားတဲ့သူတွေကို မဲပေးပြီး သူတို့ တတွေ အနိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်။တစ်ခုလောက် ပြောချင်တာက သင်အားကိုးအားထားပြုထားကြတဲ့သူတွေ
အနိုင်ရသွားတယ် ဆိုပါစို့ ။သူတို့ ရဲ့  လုပ်ဆောင်ချက်တွေက နိုင်ငံတိုးတက်လာအောင် သင်မျှော်လင့်ထားသလောက်မလုပ်ဆောင်နိုင်ရင်တော့ မဲပေးထားကြတဲ့ သင်တို့ တာဝန်သာဖြစ်ကြောင်း........................။
                                                                                        ထော်ဦး(ဘားအံကွန်ပျူတာ)
               
                              

4 comments:

  1. ဆရာကတော့..ရန်စပြီး))
    အိုဘားမားက.အိုဘားမား
    ဒေါ်စုကြည်က.ဒေါ်စုကြည်ဘဲလေ..ဆရာရဲ့။
    အမျိုးသားနဲ့အမျိုးသမီး.ကွာသလို
    အရည်အချင်းကလည်းတစ်ခုစီပါ။
    အိုဘားမားက ကတိမတည်နိုင်တာနဲ့ဘဲ
    ဒေါ်စုကြည်ကို သံသယဖြစ်သွားဖို့မလိုဘူးထင်ပါတယ်။
    တကယ်တမ်းယှဉ်ကြည့်ရင်တောင်
    အမျိုးသမီးဘက်က.သာသွားပါသေးတယ်။
    နိုဘယ်လ်ဆုရတဲ့သူချင်းအတူတူ
    အမျိုးသမီးဘက်က.တစ်ခြားဆုတွေရထားတာ
    ရာတောင်ကျော်နေသေးတယ်မို့လား။
    ဂုဏ်ယူလိုက်ပါဆရာရယ်..။
    NLD အနေနဲ့ အနုပညာရှင်တွေကိုသုံးတယ်ဆိုတာလည်း
    အနုပညာရှင်တွေကိုယ်တိုင်ကိုက လိုလိုလားလားနဲ့
    ကူညီချင်တဲ့စိတ်ရှိနေလို့ပါ။
    မကူညီရင်..ကားရိုက်ခွင့်ပိတ်မယ်..သွားပြောလို့မှမဟုတ်တာနော်။း)
    ပြောရရင်ဆရာရယ်..
    ဒေါ်စုကြည်က..မဲအနိုင်ရပြီး.သူပြောခဲ့သလောက်
    ပြည်သူအပေါ်.လုပ်မပေးနိုင်ခဲ့ဘူးဆိုရင်တောင်
    နားလည်ပေးနိုင်ပါတယ်။
    တစ်သက်စားမကုန်တဲ့သူ့ဥစ္စာ၊သူ့စည်းစိမ်တွေနဲ့..
    နေတတ်ရင်.အနေသာကြီးပါဆရာရယ်..။
    တိုင်းပြည်ချစ်တဲ့စိတ်နဲ့.အသက်ရှင်နေတဲ့သူပါ။
    ပြည်သူချစ်ရာထူးအတွက်.ရှားပါးစာရင်းဝင်
    လေးစားထိုက်တဲ့အမျိုးသမီးတစ်ဦးပါ။

    (ဒီကိစ္စတွေဆိုတာလည်း..လွယ်မယောင်နဲ့ခက်သလို
    တိမ်မယောင်နဲ့နက်ပါတယ်။
    ကျမလည်း..တတ်လို့၊သိလို့ ရေးထားတာမဟုတ်ပါဘူး။
    ရေးထားတယ်ဆိုတာလည်းရင်ထဲကလာတဲ့ဆန္ဒအမှန်တွေနဲ့ပါ။)

    ဆရာရေးထားတဲ့..ဒီပို့စ်အတွက်တော့
    စိတ်မကောင်းမိတာအမှန်ပါ။

    ဆရာ့အနေနဲ့လည်း.ယုံကြည်ထိုက်သူကို.ယုံကြည်မိစေဘို့
    ဆန္ဒပြုပါတယ်။

    ခင်မင်လျှက်

    ReplyDelete
    Replies
    1. မီးမီးချန်ရေ..
      ကျွန်တော်ဆိုလိုတာ အဲလိုမဟုတ်ပါဘူး
      ကျားနဲ့ မ လည်းမနှိုင်းယှဉ်ထားပါဘူး
      ဘယ်သူပဲ အနိုင်ရရ
      ကိုယ့်တိုင်းပြည် အရင်ကထက် ပိုတိုးတက်လာရင်တော့ ကျေနပ်ရမှာပါ
      ကျွန်တော်အဓိက ရေးချင်တာက မဲဆွယ်နည်းကိုပါပဲ
      ကွင်းစကွင်းပိတ်မှာ NLD အကြောင်း ထည့်ရေးမိလို့  ဒီလိုပြောလာတာထင်ပါတယ်
      နောက်ပြီးရှိသေးတာက အိုဘားမားက ကတိတွေအများကြီးထဲမှာ
      တချို့ ကတိတွေလည်း သူလုပ်ဆောင်သွားနိုင်တာပါပဲ ဥပမာ-အိုစမာ ဘင်လာဒင်ပေါ့
      ဒါကြောင့် လူဆိုတာ အားနည်းချက်ရှိသလို အားသာချက်လည်းရှိနိုင်ပါတယ်
      ဒီလို ကွန်မန့်  ရှည်ရှည်ဝေးဝေး ရေးလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ 
      ပြောပါရစေ မီးမီးချန်ရေ...

      Delete
  2. သတ္တိတွေပြတယ်ပေါ့

    လုပ်ပါဗျာ့ဝေတော့မဝေဖန်တတ်ဖူး

    ဘာရေးရေးပါ ဖတ်ရရင် သိရတာပေါ့

    ဓါတ်ပုံတွေတော့ ကြိုက်တယ်။

    ReplyDelete
  3. ဇော်ထွန်းဦးMarch 6, 2012 at 11:45 AM

    အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြည်ညိုတဲ့ လူတစ်ယောက်ပါ။။ ဒါပေမယ့်ကျွန်တော့်အမြင်ပြောရရင် NLD က နည်းနည်း ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေသလားလို့။ ဒီအချိန်မှာ ဘယ်ပြည်သူကိုမှ တစ်သတ်မှတ်တည်း မှန်တဲ့ဘက်လိုက်မှာလို့ ယုံကြည်ပစ်လို့ မရဘူးထင်ပါတယ်။ ခုခေတ်မှာ သာရာကိုကူးတဲ့ သာကူးတွေအများကြီး ရှိနေပါတယ်။ အစပိုင်းကတော့ NLD ကကိုယ့်ပါတီကိုကိုယ် ယုံကြည်မှုလွန်ကဲနေပေမယ့် ခုနောက်ပိုင်းတော့နည်းနည်း လျော့ ကျလာတယ်လို့  ယူဆပါတယ်ခင်ဗျာ။
    ပို့စ်နဲ့ဆိုင်မဆိုင်တော့မသိဘူးဗျာ။ ရေးလိုက်ပြီ့။

    ReplyDelete