၂၀၁၃ခုနစ် စက်တင်ဘာလအတွင်း ရန်ကုန်နဲ့ မန္တလေးမြို့ တို့ မှာ ရုံတင်ပြသသွားခဲ့တဲ့ ၀ိညာဉ်နောက်ခံ ထိုင်း ထိတ်လန့် သည်းဖို ရုပ်ရှင်ကားလေးပါ။"Pee Mak" ထိုင်းဝိညာဉ် ဟာသဇာတ်မြူးဇာတ်ကားရဲ့
အောင်မြင်မှုအရှိန်ကြောင့် "Last Summer" ဆိုတဲ့ ဒီထိုင်းဇာတ်ကားလေးကို ရုံတင်ဖြစ်တာပါ။ဒီဇာတ်ကားဟာ ၀ိညာဉ် သည်းထိတ်ရင်ဖိုအဖြစ် ခံစားကြရမယ့်အပြင် မိသားစုဒရာမာ အနေနဲ့ လည်း
...................
"ဂျွယ် နဲ့  ဆင်း"
အထက်တန်းကျောင်းသူ ရုပ်ရှင်မင်းသမီးပေါက်စလေး ဂျွယ် တစ်ယောက် အွန်လိုင်းဖေ့စ်ဘွတ်ပေါ်ကနေ "ဆင်း" ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ဒီလို
"ဂျွယ် ရိုးရာဝတ်စုံဝတ်မယ်လို့  ကိုယ် မထင်ထားမိဘူး၊sexyကျကျ ၀တ်မယ်လို့ သာ ကိုယ်ထင်ထားခဲ့တာ၊အခုလို ၀တ်လိုက်တော့လည်း အဘွားကြီးနဲ့  တူသွားသလိုပါပဲလား...ဟ ဟား..."
ဟားတိုက်ရယ်မောနေတဲ့ ‘ဆင်း’ကို မခံချင်စိတ်ဖြစ်ပြီး ဂျွယ်က
"ဂျွယ် sexy ကျကျ အလှကို မြင်ချင်လား ဆင်း"
ဆိုပြီး ၀တ်ထားတဲ့ အ၀တ်အစားကို ချွတ်ပြလိုက်မိပါတယ်။ဒီအချိန်တု
သူ့ အနားမှာ တစ်ယောက်ယောက်က ဗီဒီယို ချောင်းရိုက်နေတာကိုတော့ ဂျွယ်ခများ
မသိရှာခဲ့ပါဘူး။
...............
"ဂျွယ် နဲ့  မင်း"
ဂျွယ် နဲ့  'မင်း'တို့  နှစ်ဦးဟာ အထက်တန်းကျောင်းမှာ တပူးတွဲတွဲ နေလေ့ရှိတဲ့ အချစ်ဆုံး သူငယ်ချင်းလေးတွေပါ။'မင်း' ရဲ့ အမျှော်လင့်ဆုံး ဆန္ဒတစ်ခုကတော့ ပညာသင်ထောက်ပံ့ကြေးငွေ
ရရှိဖို့ အတွက်ပါ။ပညာသင်ထောက်ပံ့ကြေးငွေ ရယူနိုင်ဖို့ အတွက်
'မင်း' တစ်ယောက် စာတွေ ကုန်းရုန်း ကျက်မှတ်ဖြစ်ပါတယ်။ ဂျွယ်ကတော့
ကျောင်းထောက်ပံ့ကြေး မလိုချင်ပါဘူးလို့  'မင်း' ကို ပြောခဲ့ဖူးပါတယ်။ကံဆိုးချင်တော့...။
.............
"ငါ သေချင်တယ်"
ဆိုပြီး အမေနဲ့  ပြဿနာတက်ခဲ့တဲ့ ဂျွယ်တစ်ယောက် အွန်လိုင်းဖေ့စ်ဘွတ်ပေါ်ကနေ status တင်လိုက်တော့ ‘ဆင်း’က စိတ်ဝင်တစားဖြစ်သွားပါတယ်။ ‘ဆင်း’အဖေပိုင်တဲ့ ကမ်းခြေအပန်းဖြေအိမ်ရာလေးကို သွားလည်ဖို့  ဂျွယ်ကို ဖိတ်ခေါ်လိုက်ပါတယ်။ဂျွယ် သွားလည်မယ် ဆိုပြီးအကြောင်းပြန်လာလေတော့ ‘ဆင်း’တစ်ယောက် အူမြူးလို့ ။
ခရီးထွက်မယ့်နေ့ မှာ ဂျွယ်က သူ့ သူငယ်ချင်း 'မင်း' ကို ခေါ်သွားသလို 'ဆင်း'ကတော့ သူငယ်ချင်း 'ဂန်'ကို ခေါ်သွားပါတယ်။ကမ်းခြေ အပန်းဖြေအိမ်ရာလေးကို ရောက်တော့ လေးဦးသား သီချင်းဖွင့်ပြီး
ကခုန်ပျော်ပါးကြပါတယ်။လူငယ်ဘာဝအလျှောက် ဆေးခြောက်တွေလည်း ရှူရှိုက်ကြလို
့။အဲဒီအချိန်မှာပဲ ဂျွယ်တစ်ယောက် နဂိုကတည်းက ရှိခဲ့ဖူးတဲ့ ရင်ကြပ်ရောဂါ
ထလာပါတော့တယ်။'ဆင်း'က ဂျွယ်ကို ဆေးရုံပို့  ပေးချင်ပေမယ့် ဆေးခြောက်ရှူထားမှန်း
သိသွားရင် မင်းသမီးပေါက်စ ဂျွယ်တစ်ယောက်
သတင်းကြီးသွားနိုင်တဲ့အတွက် ဆေးရုံပို့ ဖို့ အတွက်ကို 'ဆင်း'သူငယ်ချင်း 'ဂန်'က ခွင့်မပြုခဲ့ပါဘူး။'မင်း'တစ်ယောက် သူငယ်ချင်း ဂျွယ်ကို ကယ်ဖို့ ဂျွယ်အိတ်ထဲက
ရှူဆေးဘူးကို လှမ်းနှိုက်လိုက်တော့ မမျှော်လင့်ထားတဲ့ ဖုန်းမြည်သံက ထွက်ပေါ်လာပါတယ်။ဖုန်းကိုင်ပြီး
ဝင်လာတဲ့ မက်ဆေ့ကို ဖတ်ကြည့်လိုက်တော့ 'မင်း'တစ်ယောက် အတန်ကြာအောင်
ငေးငိုင်နေမိပါတော့တယ်။ဂျွယ် ပညာသင် ထောက်ပံ့ကြေးငွေ ရရှိပြီး ဖြစ်တဲ့အကြောင်း
ကျောင်းဆရာမတစ်ဦးက ဂျွယ်ဖုန်းကို မက်ဆေ့
ပို့  ထားတာပါ။ဒီအချိန်မှာပဲ ဂျွယ်တစ်ယောက် လူ့ လောကကြီးထဲက
နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။
.............
"ငါ သေချင်တယ်"
ဆိုပြီး အမေနဲ့  ပြဿနာတက်ခဲ့တဲ့ ဂျွယ်တစ်ယောက် အွန်လိုင်းဖေ့စ်ဘွတ်ပေါ်ကနေ status တင်လိုက်တော့ ‘ဆင်း’က စိတ်ဝင်တစားဖြစ်သွားပါတယ်။ ‘ဆင်း’အဖေပိုင်တဲ့ ကမ်းခြေအပန်းဖြေအိမ်ရာလေးကို သွားလည်ဖို့  ဂျွယ်ကို ဖိတ်ခေါ်လိုက်ပါတယ်။ဂျွယ် သွားလည်မယ် ဆိုပြီးအကြောင်းပြန်လာလေတော့ ‘ဆင်း’တစ်ယောက် အူမြူးလို့ ။
ခရီးထွက်မယ့်နေ့ မှာ ဂျွယ်က သူ့ သူငယ်ချင်း 'မင်း' ကို ခေါ်သွားသလို 'ဆင်း'ကတော့ သူငယ်ချင်း 'ဂန်'ကို ခေါ်သွားပါတယ်။ကမ်းခြေ အပန်းဖြေအိမ်ရာလေးကို ရောက်တော့ လေးဦးသား သီချင်းဖွင့်ပြီး
ကခုန်ပျော်ပါးကြပါတယ်။လူငယ်ဘာ
သတင်းကြီးသွားနိုင်တဲ့အတွက် ဆေးရုံပို့ ဖို့ အတွက်ကို 'ဆင်း'သူငယ်ချင်း 'ဂန်'က ခွင့်မပြုခဲ့ပါဘူး။'မင်း'တစ်ယော
..................
"ဂျွယ် နဲ့  မောင်လေး"
ငယ်စဉ်ကတည်းက အမေဖြစ်သူရဲ့ ဦးစားပေးခြင်းကို ခံခဲ့ရတဲ့ ဂျွယ်၊ဂျွယ်နဲ့ သူ့ မောင်လေး ယှဉ်လိုက်တိုင်း အမေဖြစ်သူက ဂျွယ်ဘက်ကိုသာ အလေးသာခဲ့ပါတယ်။ဂျွယ်မောင်လေး လူရည်ချွန်ဆုရတဲ့နေ့ က ဂျွယ်
ကြေငြာရိုက်တဲ့နေ့ နဲ့  တိုက်သွားလို့  အမေဖြစ်သူက ဂျွယ်နောက်ကိုသာ လိုက်ပေးခဲ့ပါတယ်။
အစစအရာရာ အစ်မဖြစ်သူကိုသာ မျက်နှာသာပေးတဲ့အတွက် ဂျွယ်မောင်လေးတစ်ယောက် မနာလို အူတို ဖြစ်လာတာ သိပ်တော့ မဆန်းလှပါဘူး။တစ်နေ့ ...။ကွန်ပျူတာလပ်တော့ရှေ့ မှာ အ၀တ်အစားချွတ်နေတဲ့ အစ်မဖြစ်သူကို လှမ်းမြင်မိတော့ အကြံတစ်ခုရပြီး ဖုန်းနဲ့  မှတ်တမ်းတင်လိုက်ပါတော့တယ်။
.....................
"ဂျွယ် နဲ့  အမေ"
ဂျွယ် ငယ်စဉ်ကလေးဘ၀ကတည်းက အမေ့ရဲ့ ပုံသွင်းခြင်းကို ခံခဲ့ရရှာပါတယ်။လေးငါးနှစ်အရွယ် ကလေးဘ၀တုန်းကလည်း အမေဖြစ်သူက ဂျွယ်ကို ဘဲလေးအက သင်ခိုင်းပါတယ်။ကလေးဘာဝအလျှောက် မသင်ချင်တော့ပါဘူး ဆိုပြီး ငိုယိုလာလေတော့ အမေက ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့  သမီးဖြစ်သူကို
တွန်းပို့ ပေးခဲ့ပါတယ်။ဒီလိုနဲ့  အထက်တန်းကျောင်းသူဘ၀ရောက်လာတော့ အမေမျှော်လင့်ထားတဲ့အတိုင်း တက်သစ်စ ရုပ်ရှင်မင်းသမီးလေး ဖြစ်လာပါပြီ။ဒါပေမဲ့ ထိပ်ဆုံးကိုမှ လိုချင်လှတဲ့ အမေဖြစ်သူက ဒီလောက်လေးနဲ့  မကျေနပ်နိုင်သေးပါဘူး။ ပညာသင် ထောက်ပံ့ကြေးငွေ ရမှ ဈေးကွက်ဝင်တဲ့ မင်းသမီး အဖြစ် ရပ်တည်လာနိုင်မှာကို ကြိုမြင်မိတဲ့ အမေက ပညာသင်ထောက်ပံ့ကြေး တာဝန်ခံတွေကို လာဘ်ထိုးပေးလိုက်ပါတယ်။ဒီအချိန်မှာပဲ သမီးဖြစ်သူ ဂျွယ်တစ်ယောက် အ၀တ်အစား ချွတ်ပြနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုက အင်တာနက်ပေါ်ကနေ ပံျ့နှံ့ သွားခဲ့ပါတယ်။ဒီအကြောင်းကို သိသွားတော့ အမေတစ်ယောက် သူ ခင်းထားတဲ့လမ်း ပိတ်သွားပါပြီဆိုပြီး ဒေါသအိုးပေါက်ကွဲလာကာ သမီးဖြစ်သူကို
ရိုက်နှက်ပစ်လိုက်ပါတော့တယ်။
..................
ဝိညာဉ်ဘ၀ ရောက်သွားခဲ့တဲ့ ဂျွယ်ဟာ သူ့ အပေါ် ပြုမူခဲ့ဖူးတဲ့ လူတွေကို ကလဲ့စားပြန်ချေဖို့  စတင်လာပါပြီ။သူနဲ့  ပတ်သက်ခဲ့ဖူးတဲ့ ‘ဆင်း’နဲ့ သူငယ်ချင်း ‘ဂန်’တို့ အပြင် သူ့ အသက်ကို ကယ်လို့ ရရက်နဲ့  မကယ်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ‘မင်း’နဲ့  မနာလိုအူတိုတဲ့စိတ်နဲ့  သူ့ အပေါ် ချောက်ချခဲ့ဖူးတဲ့ သူ့ မောင်လေးတို့ ကိုလည်း ပြန်လည် ကလဲ့စားချေမှာပါ။
လူ့ သဘောသဘာဝဖြစ်တဲ့ မနာလို အူတိုမှုနဲ့ အတ္တကြီးမှုတို့ ကို ထင်ဟပ်ပြထားတဲ့အတွက်ကြောင့်
ဒီဇာတ်ကားလေးဟာ သာမန် ထိတ်လန့် သည်းဖိုဝိညာဉ်ဇာတ်ကားတွေထက် အနှစ်သာရ
အပိုင်းမှာ ပိုမိုပြည့်ဝသွားပါတယ်။မိသားစု ဒရာမာလေးလည်း ရောနှောထားတဲ့
ဇာတ်ကားကောင်းလေးမို့ လို့  DVD ထွက်လာခဲ့ရင် မမေ့မလျှော့ အားပေးကြည့်ရှုကြဖို့  တိုက်တွန်းလိုပါတယ်ခင်ဗျာ...။ ။
ထော်ဦး(ဘားအံကွန်ပျူတာ)
၂၀၁၄ခုနစ်၊နိုဝင်ဘာလထုတ်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

No comments:
Post a Comment