ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, May 3, 2014

အထာလေးတွေ နပ်ထားကြစေချင်


ကျွန်တော့် ဖေ့စ်ဘွတ်အကောင့်ထဲမှာ စာရေးဖော် မောင်နှမများရဲ့ အကောင့်တွေ အများကြီး ရှိပါတယ်။တချို့ က ပုံနှိပ်စာမျက်နှာတွေပေါ်မှာ နေရာရထားပြီးသား သူတွေ ဖြစ်နေကြပြီး တချို့ ကျတော့လည်း အခုမှ ပုံနှိပ်မီဒီယာပေါ် တိုးဝင်နိုင်ဖို့  ကြိုးစားနေကြသူတွေပါ။ကျွန်တော် ပြောချင်တာကတော့ ပုံနှိပ်စာမျက်နှာတွေပေါ် တိုးဝင်နိုင်ဖို့  ကြိုးစားနေကြတဲ့ ဖေ့စ်ဘွတ်စာရေးသူတွေကိုပါ။ 


တချို့ က အွန်လိုင်းမှာသာ စာတွေရေးပြီး ပုံနှိပ်မီဒီယာတွေနဲ့  ထိတွေ့ မှု နည်းပါးလှပါတယ်။ ကိုယ်ပို့ မယ့် မဂ္ဂဇင်း၊ဂျာနယ်တွေရဲ့ အထာကို မသိဘဲနဲ့ လည်း စာမူတွေ ပို့ တတ်ကြပါတယ်။
ဆိုပါစို့ ။ရွှေအသစ်ကဏ္ဍမှာ စာမူပို့ ဖူးတဲ့ အစ်မတစ်ယောက် ပြောထားတာလေးတစ်ခုကို ဖောက်သည်ချပေးချင်ပါတယ်။"ရွှေအသစ်ကို စာမူပို့ ထားတာ လေးငါးလလောက် ကြာပြီး ဖြစ်လို့  မရွေးလောက်ဘူး အထင်နဲ့ တခြားဂျာနယ်ကို ပြောင်းပို့ လိုက်တာ သိပ်မစောင့်လိုက်ရဘဲ စာမူပါလာပါတယ်" ဆိုပြီး အဲဒီအစ်မ ပြောလာပါတယ်။"ရွှေအသစ်" ကဏ္ဍဆိုတာ ဟိုး လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က စာမူပို့ ပြီးရင် သုံးသပ်ချက်ပါလာဖို့ အတွက် တစ်နှစ်ခွဲကနေ နှစ်နှစ်နီးပါးအထိ စောင့်ဆိုင်းခဲ့ရတာကို အဲဒီအစ်မက မသိလေရော့သလား။အခုတော့ နှစ်ဝက်လောက်ပဲ စောင့်ရတာလေးကို ကြာလှချည်ရဲ့ ဆိုပြီး ပြောကြားလာလေတော့  ရွှေအမြုတေမဂ္ဂဇင်းအကြောင်း လေ့လာထားမှု အားနည်းနေသေးဆိုတာ သိသာလှပါတယ်။

နောက်ထပ် အွန်လိုင်းစာရေးဖော် အစ်မတစ်ယောက် ပြောလာတာကိုလည်း သတိရမိပါသေးတယ်။သူ့ စာမူတွေကို ဂျာနယ်တစ်စောင်မှာ ပို့ ပါလို့  ကျွန်တော်အကြံပေးပြီး နောက် တစ်လလောက်တောင် မကြာသေးတဲ့ကာလမှာ အဲဒီအစ်မက "စာမရေးချင်တော့ပါဘူး" ဆိုပြီး ဖေ့စ်ဘွတ်မှာ စတေးတပ် တင်လာပါတော့တယ်။ကိုယ် အားပေးတာကို အားမတက်မိဘဲ ဘာ့ကြောင့် အားပြတ်သွားပါလိမ့်လို့  ကျွန်တော့်မှာ အံ့တွေသြလို့ ။သေသေချာချာ မေးမြန်းကြည့်တော့မှ စာမူပို့ ပြီး နှစ်ပတ်လောက် စောင့်ကြည့်လာခဲ့တာ စာမူမပါလာလို့ တဲ့လေ။အင်းလေ...၊ဖြစ်တတ်တယ် လို့ သာ ဆိုလိုက်ချင်ပါတော့တယ်။

တချို့ တိုက်တွေကို ကိုယ့်စာမူအကြောင်း ဖုန်းဆက်ကြည့်တော့ စာမူမရောက်ရှိဘူး ဆိုပြီး ပြောတတ်ကြပါတယ်။အီမေလ်းနဲ့  စာမူပို့ ထားတာကို ပြန်မစစ်ကြတဲ့ မဂ္ဂဇင်း၊ဂျာနယ်တိုက်တွေ မို့ လို့ ပါ။တချို့ တိုက်တွေကျတော့ စာမူရောက်တာ သုံးလေးလလောက် ကြာပြိး ဖြစ်ပေမယ့် ရွေး မရွေးဆိုတာကိုတော့ ယောင်ဝါးဝါးနဲ့  လုပ်တတ်ပြန်ပါတယ်။တချို့ တိုက်ကျတော့လည်း မေးနေရင်း တန်းလန်းနဲ့  ဖုန်းကို ဂွတ်ခနဲ့  မြည်အောင် ဖုန်းချပစ်လိုက်တတ်ပါသေးတယ်။

တကယ်တော့ မဂ္ဂဇင်း၊ဂျာနယ်တိုက်အများစုကတော့ ဒီလိုပါပဲ။ ဆက်လက်ပြီး ပြောကြားလိုတာကတော့ မဂ္ဂဇင်း၊ဂျာနယ်တိုက်တွေရဲ့ အထာကို နပ်နေဖို့ အတွက်ပါ။ကိုယ်ပို့ မယ် မဂ္ဂဇင်း၊ဂျာနယ်တိုက်တွေရဲ့ စာမူရွေးချယ်ပုံလေးတွေကို လေ့လာထားဖို့ လည်း လိုအပ်ပါသေးတယ်။

စာမူတစ်ပုဒ် စတင် ပို့ လိုက်ပြီးဆိုတာနဲ့  ချက်ချင်းကြီးတော့ အရွေးခံရမှာ မဟုတ်ပါဘူး။ကျွန်တော်တို့ လည်း အခုအချိန်အထိ အကြိမ်ကြိမ်ပို့  အကြိမ်ကြိမ် အပယ်ခံနေရ ဆဲပါပဲ။စာရေးဆရာမ ခင်ခင်ထူး ပြောထားဖူးသလို တစ်နေ့ နေ့ တစ်ချိန်ချိန်ကျရင် ထုတ်သုံးနိုင်ဖို့  ကိုယ့်ရဲ့ အပယ်ခံထားရတဲ့ စာမူလေးတွေကို ပြန်ပြင်ပြီး သိမ်းဆည်းထားသင့်ပါတယ်။

ဒါ့ကြောင့် ဖေ့စ်ဘွတ်ပေါ်က စာရေးဖော် စာရေးဖက်များအားလုံးလည်း မဂ္ဂဇင်း၊ဂျာနယ်တိုက်များရဲ့ အထာလေးတွေကို နပ်ထားနိုင်အောင် လေ့လာထားကြပါလို့  ပြောကြားရင်း...။ 

                                                              ထော်ဦး(ဘားအံကွန်ပျူတာ)
                                    ၂၀၁၃ခုနစ်အောက်တိုဘာ၂၁ရက်နေ့ ထုတ် အလင်းတန်းဂျာနယ်


1 comment:

  1. အမတို့ဆို အီးမေးလ်ပဲ အားကိုးလို့ရတာဆိုတော့ အီးမေးလ် မရှိတဲ့တိုက်ဆို ပို့ချင်ပေမဲ့လည်း ....

    ReplyDelete