ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
Sunday, April 29, 2012
“ဆန္ဒ မစောကြပါနဲ့ ”(tag post)
မင်္ဂလာ နှစ်သစ်မင်္ဂလာပါခင်ဗျာ။အေပရယ်လ်လမှာ အလုပ်ရှုပ်နေတဲ့အတွက် အစ်မ ၀သုန် tag ထားတဲ့ ဒီပို့ စ်လေး အချိန်မီ မရေးဖြစ်တာကို ခွင့်လွှတ်ပါ။တကယ်တော့ အစ်မ၀သုန်က ကိုယ့်ကို tag ထားပေးမယ့် အကြောင်းမကြားတော့  မသိလိုက်ပါဘူး။သိလိုက်ရတဲ့ အချိန်ကလည်း မတ်လ 31ရက်နေ့ ကပါ။
ဒါကြောင့်ပါ
ကဲ…tag post လေးစတင်ကြပါစို့ ။ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင် တက္ကသိုလ် ကျောင်းသားဘ၀နဲ့  ပတ်သက်ပြီး ဆန္ဒမစောလွန်းပုံကို ပြောချင်ပါတယ်။ကျောင်းသားဆိုတော့ စာကျက်ရမယ့် အလုပ်က အဓိကပါပဲ။ဒီတော့ စာမေးပွဲဖြေတဲ့အချိန်ကျမှ စာကို တပင်တပန်းနဲ့ 
ကျက်တော့တာပါပဲ။အစောကြီးကတည်းက ကျက်ထားရင်လည်း ကြာရင်မေ့သွားမှာစိုးတဲ့အပြင် ကိုယ်တိုင်ကစာကျက် ပျင်းတဲ့အတွက်လည်း စာမလုပ်ဖြစ်တာကို ၀န်ခံရပါမယ်။ဒီနေရာမှာ ၀ိုင်းပြီးစဉ်းစားကြည့်ကြရအောင်ပါ။
ကျွန်တော်တို့  ဆန္ဒစောပြီး စာကြိုကျက်ထားရင်ကော မဖြစ်ဘူးလား ဆိုတာကိုပါ။အဓိက ကတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။စာကြိုကျက်ပြီ့း မေးတေ့တေ့ ဖြစ်တတ်တဲ့ သူတွေက တွက်စာကို ဦးစားပြီး တွက်လိုက်ပါ့။ကျွန်တော့်အနေနဲ့  ပြောရရင် ကျောင်းစစဖွင့်ချင်း စာဖိလုပ်စရာမလိုလောက်ပါဘူး။တက္ကသိုလ်ကျောင်းသားများအတွက် စာမေးပွဲမဖြေမီ နှစ်လကြိုတင်ပြီး စာလုပ်ထားသင့်သလို ဆယ်တန်းကျောင်းသားအနေနဲ့ လည်း  စာမေးပွဲကြီးမဖြေမီ ငါးလကြိုတင်ပြီး စာလုပ်ထားသင့်ပါတယ်။ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ နှစ်စကတည်းက စာဖိလုပ် မိလို့   စာမေးပွဲတကယ်ဖြေတဲ့အချိန်ကျမှ ကျန်းမာရေ ချူချာသွားရင် တစ်နှစ်လုံးကြိုးစားသမျှ သဲထဲရေသွန်သလို ဖြစ်သွားနိုင်ပါတယ်။ဒါကတော့ ကျွန်တော့်အတွေ့ အကြုံ နဲ့  အတွေးအမြင်လေးပါ။ဒါကြောင့်လည်း နှစ်စမှာ ဆန္ဒမစောကြဘဲ မှန်မှန်လေး စာလုပ်မယ်ဆိုရင် အဆင်ပြေမယ်လို့  ယူဆမိပါတယ်။ကျွန်တော်ကိုယ်တိုင် ဒီလိုပဲ စာလုပ်နေသူပါ။
နောက်တစ်ချက် ဆန္ဒမစောသင့်တဲ့ ကိစ္စကတော့ ပုံနှိပ်မီဒီယာပေါ် အခြေချမယ့် သူတွေအတွက်လို့  မှတ်ယူလို့ ရပါတယ်။ကျွန်တော့် အတွေ့ အကြုံအရ တင်ပြရမယ်ဆိုရင်ဖြင့် တချို့ စာမူတွေဆို တစ်လခွဲလောက်နဲ့  ပုံနှိပ်ဖော်ပြခံရသလို တချို့ စာမူကျတော့လည်း ကိုးလကြာမှ ပုံနှိပ်ဖော်ပြခံရတာပါ။ ကိုးလကြာမှ ပုံနှိပ်ခံရတဲ့ စာမူကတော့ညဥ့်တနက်နက် လင်းတဖျပ်ဖျပ်ဆိုတဲ့ဝတ္ထုတိုပါပဲ။ဒီစာမူပါမှန်း အယ်ဒီတာဆရာမက မေလ်းကတစ်ဆင့် အကြောင်းကြားတော့
                “ဒီခေါင်းစဉ်က ငါဘာအကြောင်း ရေးထားပါလိမ့်၊ညဥ့်ဆိုတော့ ညမှာ
အလုပ်လုပ်တဲ့ ပြည့်တန်ဆာမအကြောင်းကို ငါရေးထားတာများလားလို့ 
အမျိုးမျိုးနဲ့  စဉ်းစားကြည့်ပေမယ့် ဘယ်လိုမှမထွက်လာဘူး။ဒီလိုနဲ့ စာမူကြမ်းတွေကိုလိုက်ဖွရင်းနဲ့  သတိရမိပါ တော့တယ်။တကယ်တော့ ဒီစာမူကို 2011ခုနစ် မတ်လ31ရက်နေ့ မှာပို့ ထားတာပါ။ပုံနှိပ်အရွေးခံရတော့ 2012 ဇန်န၀ါရီလပါ။ပြန်ရေတွက်ကြည့်ရင် ကိုးလကြာမှပုံနှိပ်ဖော်ပြခံရတာပါ။ကိုးလလွယ်ပြီး မွေးဖွားလာရတဲ့ရင်သွေးလေးလို့ ဆိုရမလိုပါပဲ။teen magazineဆိုတာက အရင်ကဆို တစ်လနှစ်လကြာရင် စာမူပါလာတတ်ပါတယ်။အခုတော့ ကိုးလမှပါလာတယ်ဆိုတော့ တော်တော်လေး အံ့သြမိပါတယ်။စာပေစိစစ်ရေးတံတားကို မကျော်နိုင်လို့ များလားလို့ တွေးနေမိပြန်ပါတယ်။ဘာပဲဖြစ်ဖြစ် ဒီစာမူကိုတခြား magazineကိုသာပို့ မိရင် ဂွိသွားနိုင်ပါတယ်။နောက်ထပ်2012 မတ်လမှာပါတဲ့ စာမူတစ်ပုဒ်ကလည်း ငါးလကြာမှ ပါလာပါတယ်။အကယ်လို့ စာမူပါမပါ ဖုန်းဆက်ပြီး မေးမိရင် ဒီစာမူ အပယ်ခံရကြောင်း ပြောလာမှာ သေချာပါတယ်။ကိုယ်တိုင်က ဆန္ဒမစောမိဘဲ မမေးမမြန်းမိတဲ့အတွက်လည်းအဆင်ပြေရာလမှာ ပါလာတာပါ။ဒါဟာ ဆန္ဒမစောမိလို့ ရလဒ်ကောင်းတွေ ကြုံကြိုက်ခွင့်ရခဲ့တဲ့ကိုယ်တွေ့ အဖြစ်အပျက်ပါပဲ။တစ်ခါတလေကျတော့လည်းတခြားတိုက်မှာပို့ ချင်တဲ့စိတ်ကြီးစိုးနေမှာကို ကလောင်သွေးသူကိုယ်စားနားလည်ပေးနိုင်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် စာမူနဲ့ ပတ်သက်ပြီး ဆန္ဒမစောမိတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်နေမိပါတယ်။
အဖြစ်ဆုံး 7ရက်ပါ။ဒီလို ယာဉ်အန္တာရာယ်အများဆုံးဖြစ်တာကလည်းသင်္ကြန်ကာလပါပဲ။ကဲအဲဒီမှတ်တမ်းကို သွားကြည့်ကြရအောင်ပါ။ဒီနှစ်တော့တစ်ပတ်သာအတွင်း ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုပေါင်း 3425မှုပါ။ယာဉ်တိုက်မှုကြောင့် လူ 3059 ဦး ဒဏ်ရာရဆေးရုံတက်ရပြီး    သေဆုံးသူဦးရေ 282ဦးပါ။
အရင်နှစ်ကထက် သေဆုံးသူဦးရေ ၁၅ဦးတိုးလာတာကိုလည်း သိရှိရပါတယ်။ဒါတောင် ထိုင်းနိုင်ငံ တီဗွီ်  မီဒီယာတိုင်းလိုလို အရက်သောက်ပြီးယာဉ်မမောင်းကြဖို့  အသိပေးနှိုးဆော်တဲ့အပြင်   အရင်နှစ်က ယာဉ်တိမ်းမှောက်မှုကြောင့် ဘီးတပ်ခုံပေါ်မှာ ဒုက္ခိတဘ၀ဖြစ်သွားရှာသူများကို ယာဉ်အန္တာရာယ်
လျော့ချရေး လက်ကမ်းစာစောင်တွေ ပေးဝေစေတဲ့အထိ ပြုလုပ်ထားကြတာပါ။ဒါတောင် ဒီလောက်အထိ သေကြေနေကြတယ်ဆိုတော့ မြန်မာနိုင်ငံဆိုရင်
သူတို့ ထက်တောင်ပိုနိုင်ပါသေးတယ် ဆိုတာလေ့လာကြည့်ရင် သိနိုင်ပါတယ်။ယာဉ်တိမ်းမှောက်မှု အများဆုံးဖြစ်တာကဆိုင်ကယ်စီးသူများပါပဲ။ဒါဟာ အရက်ဒဏ်ကြောင့်အပြင် ဆန္ဒစောပြီးအကြမ်းပတမ်း မောင်းနှင်လို့ လည်းဖြစ်နိုင်ပါတယ်။ရာသီဥတုပူပြင်းလွန်းလို့  တစ်ခါတလေ စိတ်ဆန္ဒစောပြီး မောင်းနှင်တတ်ကြသလို မိုးသည်းသည်းရွားသွန်းလို့ လည်း အခန့် မသင့်ရင် စလစ်ဖြစ်
သွားနိုင်ပါသေးတယ်။ကံမကောင်းရင် လူအသက်တစ်ချောင်းကိုတောင်အန္တာရာယ်ပြုနိုင် တဲ့အတွက် ယာဉ်တွေစီးတိုင်း ဆန္ဒမစောကြဘဲ မောင်းနှင်ကြစေလိုကြောင်း ဆန္ဒပြုအပ်ပါတယ်။
ကဲနိဂုံးအနေနဲ့  ပြောချင်တာကတော့အခုတလောစာသိပ်မရေးဖြစ်ရင်ခွင့်လွှတ်စေချင်ပါတယ်။အမြဲလာချောင်းနေကျ မိတ်ဆွေများကို အားနာပါတယ်။အခုတလော နယ်စပ်မြို့ လေးမှာ ရောက်နေတဲ့အတွက်ကြောင့်လည်း ပုံနှိပ်မီဒီယာများနဲ့ ကင်းကွာနေပါတယ်။နယ်စပ်မြို့ လေးမှာ နေရတော့လည်း ထိုင်းနိုင်ငံက သတင်းအချက်အလက်တွေကို မြည်းစမ်းခွင့်ရနေပါတယ်။ထိုင်းမီဒီယာတွေရဲ့ ကျေးဇူးကြောင့် ဘာအကြောင်းအရာလေးတွေ ပို့ စ်အဖြစ်တင်ပေးနိုင်မလဲဆိုတာကို စောင့်မျှော်အားပေးကြစေလိုကြောင်း
ပြောကြားရင်းပို့ စ်အသစ်မတင်ဖြစ်ရင်လည်း ဆန္ဒမစောကြဘဲ စောင့်ဆိုင်းကြပါလို့  မှာကြားပါရစေ
                                                                                          ထော်ဦး(ဘားအံကွန်ပျူတာ)
(ရေးတတ်သလို ရေးထားတဲ့အတွက် အမှားပါရင် ခွင့်လွတ်ပါ)
3 comments:
  1. ဘယ်အရာမှ အလျှင်စလို ရှိတာ မကောင်းဘူး ထော်ဦးရေ ...
    အလျှင်လို အနှေးဖြစ် ရတယ် ဆိုတဲ့ စကားလည်း ရှိသေးတာပဲလေ..
    အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်တာဟာ လူတိုင်းထားသင့်တဲ့ အလေ့အကျင့် တစ်ခုပါ..
    ခင်တဲ့
    အစ်မ
    ဝသုန်
    ReplyDelete
  2. ရေးတတ်သလိုရေးတာတဲ့လား
    အတော်ကောင်းတယ်ဗျ
    ReplyDelete
  3. ကောင်းလိုက်တာ ဆရာရေ..။ ဖတ်ရတာ အရသာရှိလိုက်တာ။ ဆက်လက်သီကုံးနိုင်ပါစေခင်ဗျာ။
    ReplyDelete