ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Sunday, April 22, 2012

မွေးနေ့ အမှတ်တရ



                                              ရင်မှာမမေ့ ဒီမွေးနေ့ 

      မွေးနေ့ကို အကြိမ်ကြိမ်ဖြတ်သန်းဖူးပေမယ့် မွေးနေ့ ပွဲ တစ်ကြိမ်တစ်ခါမှ မပြုလုပ်ဖူးပါဘူး။မွေးနေ.ကို အမှုမဲ့ အမှတ်မဲ့နဲ့ ဖြတ်သန်းလာခဲ့တာများပါတယ်။ဒါပေမဲ့ 2011 ဧပြီလရောက်မှပဲ ရင်ထဲမှာ  စွဲထင်ကျန်ရစ်စေတဲ့ ဖြစ်ရပ်နှစ်ခုက ကိုယ့်ဆီဝင်ရောက်လာပါတယ်။ကိုယ့်မွေးနေ့မတိုင်ခင် နှစ်ရက်လုံးလုံး
  • လမ်းမကြီးပေါ် အသုဘယာဉ်တန်းကို မြင်လိုက်ရတော့ "ငါ့မွေးနေ့မှာ အသုဘချဦးမှာပဲ" လို့ တွေးထင်မိတယ်။တွေးထင်မိတဲ့အတိုင်း ကိုယ့်မွေးနေ့ရောက်လာတော့ အသုဘယာဉ်တန်းကြီးက ဟိုနေ့ကထက် ပိုစည်လာသလိုပါပဲ။မွေးနေ့ရှင်က မွေးနေ့  ပါတီပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပနေကြတဲ့အချိန်မှာ မိဘဆွေမျိုးတွေ ဆုံးသွားလို ကြေကွဲဝမ်းနည်းကြမယ့်လူသားတွေ          ဘယ်လောက်များရှိနေပြီလဲ။အင်းလေ..ကိုယ်အရမ်းပျော်ရွှင်နေတဲ့အချိန်မှာငိုနေမယ့်                           လူသားတွေလည်း အတော်များများ ရှိမှာပဲလေ။
  • မွေးနေ့ညရောက်တော့ ရင်ကိုစွဲထင်စေတဲ့ကိစ္စတစ်ရပ်က ကိုယ့်ဆီတိုက်တိုက်ဆိုင်ဆိုင်ဝင်လာပြန်ပါတယ်။ရုပ်မြင်သံကြား၊အနုပညာသတင်းကဏ္ဍမှာကိုယ် သိပ်ကြိုက်လှတဲ့ ထိုင်း သရုပ်ဆောင်မင်းသမီး Kob Suwanan တစ်ယောက် သမီးမိန်းကလေးမွေးဖွားတဲ့ သတင်းပါ။မိခင်ရဲ့ သားအိမ်အခြေအနေကြောင့်  မွေးဖွားမယ့်ရက်ထက် နှစ်ပတ်စောပြီးခွဲစိတ်ကာမွေးလိုက်ရတာပါ။
  • ဘုရား...ဘုရား။တစ်ခေတ်တခါက မြန်မာရုပ်ရှင်င်မင်းသမီး မေရီမြင့်လည်း သန္ဒေသားအနေအထား မှားယွင်းလို့          သေဆုံးခဲ.ရတာကို  ပြန်တွေးကြည့်ရင်း ဒီအကြောင်းအရာလေးကို ပြန်တွေးကြည့်မိတော့     ကိုယ်ဒီလောကထဲရောက်လာအောင်၊ကိုယ်ဒီလိုစာမျိုး ရေးလာနိုင်အောင်
    မွေးဖွားပေးခဲ့တဲ့ မွေးမိခင်ကိုကျေးဇူးအထပ်ထပ်တင်ရင် ဒီစာစုဖြင့် မွေးမိခင်များအားလုံးကို ရိုသေစွာ ဂါရ၀ပြုလျက်...။           ။
  •       (2011ခုနစ်တွင် ကြုံတွေ့ ခဲ့ရသော မွေးနေ့ အမှတ်တရကိုဧပရယ်လ်လ22ရက်နေ့ တွင်ကျရောက်သော စာရေးသူ၏မွေးနေ့ အမှတ်တရ)                                                         ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                                The chic magazine 2011 နိုဝင်ဘာ

2012 ခုနစ် ဘုရားသုံးဆူမြို့ ထော်ဦးတို့ အိမ်ရှေ့က ရေကစားကြသူများ











           ကိုယ်တိုင်ရိုက်ကူးထားတဲ့ ထင်းရူးကျေးရွာနားက ကမ်းစပ်လေးပါ

 


     ညီအစ်မနှစ်ယောက် ရေကစားနေကြတဲ့ မြင်ကွင်းလေးပါ(ကျွန်တော်တို့ မောင်နှမတတွေပါ)
 

7 comments:

  1. ပျော်ရွှင်ဖွယ်ရာမွေးနေ့မင်္ဂလာဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ဆရာ။ ဆရာ့ဓါတ်ပုံလက်စွမ်းပြချက်တွေကိုလည်း ရှုစားသွားပါတယ် ။ မွေးနေ့ကိတ်လည်း ကောင်းကောင်း သုံးဆောင်သွားပါတယ်ဆရာ။

    ReplyDelete
  2. လွင်ပြင်လှိုင်းငယ် say: Apr 22, 2012 11:43 AM

    မွေးနေ့လေးမှစ ရှေ့ဖြတ်သန်းရမယ့် အနာဂါတ်လမ်းတိုင်း သာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  3. Happy Birthday!!
    May all of your dreams come true!

    ReplyDelete
  4. မြတ်ပန်းနွယ်April 22, 2012 at 8:23 PM

    မင်္ဂလာရှိသော မွေးနေ့လေးဖြစ်ပါစေ ကိုထော်ဦးရေ..
    ဤရက်မြတ်မှစ၍ နေ့ရက်တိုင်းကို ဘဝနဲ့ဆန္ဒ ထပ်တူကျစွာ ဖြတ်သန်းနိုင်ပါစေရှင်။

    မွေးနေ့ကိတ်လေးအတွက်လည်း ကျေးဇူး။ ;)

    ReplyDelete
  5. ပျော်ရွှင်ဖွယ်မွေးနေ့လေးပါလား
    နောင်နှစ်တွေမှာလဲ ဘလော့လေးပေါ်မှာစာတွေရေးရင်း
    မွေနေ့လေးတွေကိုဖြတ်သန်းပေးပါလို့တောင်းဆိုချင်ပါတယ်
    ဘာအကြောင်းကြောင့်ဖြစ်ဖြစ်ဘလော့လေးမှာရေးနေပေးပါလို့

    ခင်တဲ့
    ဖြိုးဇာနည်

    ReplyDelete
  6. နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်ဖွယ်မွေးနေ့လေးကို ပိုင်ဆိုင်ခွင့်ရပါစေ.။
    စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒအားလုံး ပြည့်ဝပါစေ။
    စာတွေအများကြီးရေးသားနိုင်ပါစေ..။

    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete
  7. မင်္ဂလာ ရှိတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ပါစေ မောင်လေး


    ခင်တဲ့
    မဝသုန်

    ReplyDelete