တကယ်တော့ ဒီပို့ စ်ကိုရေးရတာ ကိုယ့်အတွက်အခက်ခဲဆုံးပါပဲ။ခေါင်းစဉ်နဲ့ လိုက်အောင် ရေးသားရသလို
အခုလောလောဆယ် ဟစ်ဖြစ်နေတဲ့ နိုင်ငံရေးအကြောင်းလည်း တင်ဆက်ရမယ်ဆိုတော့
ထင်သလောက်မလွယ်ကူလှပါဘူး။ကဲ...ဖတ်ကြည့်ရအောင်ပါ။

Happy-Go-Luckyဆိုတာ မြန်မာလိုပြန်ရရင် "ပျော်ပျော်နေ သေခဲ"ပေါ့။ကိုယ်တို့ မြန်မာလူမျိုးတွေရော ပျော်ပျော်
နေကြပါရဲ့ လား။ဆန်းစစ်ကြရအောင်ပါ။အရင်ဦးဆုံး ဘောလုံးပွဲအကြောင်းကို စပြောချင်ပါတယ်။လွန်ခဲ့တဲ့ နှစ်ကဖြစ်မယ်ထင်ပါတယ်။အာရှ ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်ကွင်း အဖြစ် မြန်မာတို့  တခြားနိုင်ငံက အသင်းနဲ့  ဘောလုံးကန်ကြတာပါ။
မြန်မာနဲ့ ဘယ်အသင်း ကန်ကြမှန်း မသိပေမယ့် သေချာတာကတော့ မြန်မာပရိသတ်တွေ မကျေမနပ်ဖြစ်ပြီး
အော်ဆဲကြ၊ကွင်းထဲကို ပုလင်းတွေ ဘူးခွံတွေ ကောက်ပေါက်ကြနဲ့  နိုင်ငံတကာက အထင်သေးစေတဲ့
အဖြစ်အပျက် ဖြစ်ပွားလာပါတယ်။ဒါ့အပြင် ကမာ့္ဘဖလား ခြေစစ်ပြိုင်ပွဲမှာလည်း မြန်မာဘောသမားတစ်ယောက်
တခြားနိုင်ငံက ဘောသမားကို တစ်ခုခုလုပ်တယ်ဆိုလားပဲ။