ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, February 22, 2012

အိပ်မက်ကို တို့ ထိ ခြေရာကောက်ကြည့်

သင်အိပ်မက် မက်ဖူးလား။မက်ဖူးတဲ့အိပ်မက်တွေကို မှတ်မိကြရဲ့ လား။ အိပ်မက်ဟာ ဘယ်ကနေဖြစ်ပေါ်လာပါလိမ့်လို့  တစ်ခါတလေ စဉ်းစားကြည့်ရဲ့ လား။အိပ်မက်ထဲကနေ တစ်ခုခုတော့
ရလာနိုင်တယ်ဆိုတာရော သင်သိပါရဲ့ လား။တစ်ခါတလေအိပ်မက်ဟာ ကပေါက်တိကပေါက်ချာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ဒါဟာ ဘာကြောင့်လို့  သင်ထင်ပါလိမ့်။ဒီလိုနဲ့ ပဲ သုတေသီတွေက အိပ်မက်ကို တို့ ထိခြေရာကောက်ကြည့်တဲ့အခါ....။


ကဲ...အိပ်မက်နဲ့ ပတ်သက်ပြီး ပြောကြရအောင်ပါ။အိပ်မက်ထဲမှာ ငယ်ဘ၀ကိုရောက်ကြဖူးမှာပါ။ဒါဟာ ငယ်ဘ၀ကို လွမ်းဆွတ်တာဖြစ်နိုင်သလို ငယ်ဘ၀ရဲ့ လွတ်လပ်မှုတွေကြို
ပြန်လိုချင်စိတ်ဖြစ်မိတာမျိုးလည်းဖြစ်နိုင်ပါတယ်။တကယ်တော့အိပ်မက်ဟာ
စိတ်ခံစားချက်ကနေ ဖြစ်ပေါ်လာတာမျိုးပါပဲ။တစ်ခါတလေ အိပ်မက်ဟာ ကိုယ်တစ်ခါမှ မသိဖူးတဲ့လူနဲ့ လည်းမိတ်ဆက်ပေးပါတယ်။ဒါဟာ အံ့သြစရာကောင်းပါတယ်။တစ်ချို့ ကျတော့ ဆယ်တန်းကျောင်းသားဘ၀ စာမေးပွဲဖြေရတဲ့ အခိုက်အတန့် လေးကို အိပ်မက်တာမျိုးလည်းရှိပါတယ်။
ဒါဟာဆယ်တန်းကျောင်းသားဘ၀က ကြိုးစားအားထုတ်ထားဖူးလို့  ဒီလိုအိပ်မက်မျိုး မက်နေတာများလား။ဒါပေမဲ့ ဒီဆယ်တန်းဖြေတဲ့ အိပ်မက်ထဲမှာတော့ ကာယကံရှင်ကိုယ်တိုင်က စာမေးပွဲဖြေလို့ မရတာမျိုးကြုံရတာပါ။ဒါဆိုအိပ်မက်ဟာ အတိတ်ကစိတ်ခံစားချက်
ပြင်းပြဖူးတာတွေကိုလည်း  မက်နိုင်မယ်ထင်ပါတယ်။

ဒီလိုအပ်မက်မက်ဖို့ ကျတော့လည်း အိပ်တာနဲ့ ချက်ချင်းမက်သွားတာမဟုတ်ပါဘူး။လေးငါးနာရီလောက်
အိပ်စက်တဲ့အခါကျမှ အိပ်မက်မက်လာမှာပါ။ဆယ်တန်း sleep and dream မှာသင်ထားဖူးသလို step 4
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှပဲ အိပ်မက်ဆိုတာ အသက်ဝင်လာမှာပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့
အိပ်မက်ကိုထပ်ဖန်တလဲလဲ မက်ဖူးပါက ဒီအိပ်မက်ဟာ စိတ်မချမ်းသာစရာ
ကောင်းတဲ့အိပ်မက်တွေ ဖြစ်နိုင်ပါတယ်။

ရှေးအီဂျစ်လူမျိုးတွေကျတော့ အိပ်မက်ဟာ  နမိတ်ပေးခြင်းလို့  ယူဆကြပါတယ်။တရုတ်လူမျိုးတွေကျတော့
အိပ်မက်ဟာ သေလွန်သွားခဲ့တဲ့ဝိဥာဉ်တွေက သူတို့ ဆီအလည်လာကြတယ်လို့  အယူရှိကြပါတယ်။
ဥရောပလူမျိုးတွေကျတော့ အိပ်မက်ဟာ မကောင်းမှုတစ်ခုခုကို လုပ်ဆောင်ဖို့ စေ့ဆော်အားပေး
အားမြောက်ပြုပေးတဲ့ မကောင်းဆိုးဝါးပါလို့  အယူရှိကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့အိပ်မက်ကို မက်တဲ့အခါ လူဟာပျော်ရွှင်စေနိုင်ပြီး
မကောင်းတဲ့အိပ်မက်ကို မက်ကြတဲ့အခါကျတော့ လူကိုမောပန်းနွမ်းလျစေနိုင်ပါတယ်။ဒါဆိုလူ
ဟာ ကောင်းတဲ့အိပ်မက်တွေပဲ မက်ချင်ကြမှာပါ။ဒီနေရာမှာ အိပ်မက်ဆိုတာကနေ နှိုးလာတော့
ရေးတေးတေးလေးနဲ့  မမှတ်မိတတ်ကြတာများပါတယ်။

နောက်ပြီး သူဟာအိပ်မက်မက်နေသလားဆိုတဲ့အချက်ကို ဘယ်လိုနည်းနဲ့ သိနိုင်မလဲဆိုတာ
 တင်ပြပေးပါဦးမယ်။သူ့ ရဲ့မျက်ခွံမှာ မျက်လုံးတွေရွေ့ နေတာမျိုး၊ကိုယ်လုံးလည်း ရွေ့ လျားတာမျိုးမရှိဘူးဆိုရင် ဒါဟာ အိပ်မက်မက်တယ်လို့  ယူဆလို့ ရပါတယ်။

အိပ်မက်ဟာ အနုပညာရှင်တွေအတွက် ကောင်းကျိုးပေးတယ်ဆိုတာရော သိကြရဲ့ လား။တချို.
တေးရေးအဆိုကျော်တွေက သူအိပ်မက်မက်ထားတဲ့အကြောင်းအရာတွေကို အိပ်ရာကလန့် နိုး တာနဲ့  ချက်ချင်းသီချင်းသီကုံးကောက်ရေးကြလို့  နာမည်ကြီး   ကမ္ဘာ ကျော်သွားတာမျိုးလည်းရှိပါတယ်။
ဒါကြောင့် ညညအိပ်ရာဝင်ကြရင် စာရွက်နဲ့ ဘော်ပင်ကိုတော့ ကိုယ့်အနားမှာ ထားထားပေးပါ။အိပ်မက်ကလန့် နိုးတာနဲ့ ဘာအကြာင်းအရာပဲဖြစ်ဖြစ် ချက်ချင်းကောက်ရေးပြီး
ဘလော့ဂ်ပေါ် ပို့ စ်တင်ပေးကြပါ။ဒါဆို သင်ဟာဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်အများအပြားနဲ့ 
ကမ္ဘာ  ကျော်သွားနိုင်ပါတယ်။တခြားနာမည်ကြီးစာရေးဆရာတချို့ လည်း အိပ်မက်ကနေ့ တဆင့်
ဇာတ်အိမ်ကောင်းကောင်း ဇာတ်လမ်းကောင်းလေးတွေ ရေးဖွဲ့ လာနိုင်စေပါတယ်။

ကဲ...အားလုံးလည်း အနုပညာတွေကို အိပ်မက်ကနေတစ်ဆင့် အကူအညီးတောင်းလို့  ဖွဲ့ သီချင်နေကြပြီ
ထင်ပါရဲ့ ။မြန်မြန်အိပ်စက် အနားယူချင်နေကြပြီးထင်ပါရဲ့ ။အဲဒီကနေ ကုန်ကြမ်းတွေရလာရင်လည်း ကျွန်တော့်ကိုမမေ့ပါ
နဲလို့ ဆိုပါရစေ။ကောင်းသောအိပ်မက်မက်ပြီး အိပ်မက်ထဲကရသတွေကို အပြည့်အဝ
ခံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း.............................။
                                                                                      ထော်ဦး(ဘားအံကွန်ပျူတာ)
2012,မေလထုတ် international look magazine

6 comments:

  1. တစ်ခါတလေ ဇာတ်လမ်းတွေ မက်တတ်ပါရဲ့..
    ခက်တာက အိပ်ရာက နိုးလာရင်တောင် အိပ်မက်ကို လုံးစေ့ပတ်စေ့ မမှတ်မိတာပဲ.. :D

    ReplyDelete
  2. အိပ်မက် ခဏခဏ မက်တယ်
    မက်လိုက်တိုင်းလည်း စီကာပတ်ကုံးနဲ့ ... အပြင်မှာ ဖြစ်နေသလိုပဲ
    နိုးလာရင်တောင် အိပ်ရေးမ၀ဖြစ်ရတဲ့အထိ ..:))

    ReplyDelete
  3. အစကတော့ မသိတော့ sleep well, sweet dream လို့ဆုမွန်ပေးခဲ့ဖူးတယ်။ နောက် စာဖတ်ရင်းသိလာတော့မှ sweet dream ဆိုတာကို ထည့်မပြောတော့ဘူး။ အိပ်မက်မက်နေရင် ကောင်းသောအိပ်ခြင်းမဟုတ်လို့တဲ့။

    ReplyDelete
  4. ကျနော်စာလာဖတ်သွားပါတယ် ...။ အလုပ်တွေမအားလို့ အခုမှရောက်ဖြစ်ခဲ့တာ ဆောရီးပါ ...။
    အိပ်မက်လှလှတွေမက်ဖို့ စိတ်ထားလှလှလေးတွေမွေးကြဖို့လိုမယ်ထင်ပါတယ် ...။

    ReplyDelete
  5. ဟန်ကြည်February 25, 2012 at 7:46 PM

    ဟုတ်ပ ဟုတ်ပ အိပ်မက်တွေက အရေးကြီးပေသပေါ့...သူ့ထက်ပိုအရေးကြီးတာက ကိုယ်မက်တဲ့ အိပ်မက်ကို ယုံကြည်ဖို့ပါပဲ...ကိုယ်မက်တဲ့အိပ်မက်ကို မယုံကြည်တဲ့လူလောက်အဖြစ်ဆိုးတာ ဘယ်ရှိလိမ့်တုန်း...

    ReplyDelete
  6. အခုမှပဲ အိမ်မက် ဆိုတာ ရှင်းသွားတော့တယ်။

    ကျွန်တော်လဲအိမ်မက်ကိုစွဲလန်းတတ်သူဆိုတော့

    အခုလိုသိရတာကျေးဇူးပါ

    ReplyDelete