ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, February 7, 2012

ဗိုလ်တထောင်ဘုရား တရားပွဲ၊ဘားအံ စာပေဟောပြောပွဲ နဲ့  65 ကြိမ်မြောက် မွန်အမျိုးသားနေ့ 


                                                   ဗိုလ်တထောင် စေတီတော်
အစ်မချောရဲ့  ဘလော့ဂ်ထဲမှာ ရွှေတိဂုံ စေတီတော်နှစ်၂၆၀၀ပြည့်  ပို့ ဂ်လေးကို တွေ့ လိုက်လို့  အားကျမခံ တင်လိုက်ရတာပါပဲ။အခုတင်မှာကတော့ ဗိုလ်တထောင်ဘုရား စေတီတော်အကြောင်းပါ။အခုပို့ လ်တင်နေတဲ့အချိန် 7.2.2012 ရက်နေ့ ကနေ 16.2.2012 ရက်နေ့ အထိ ဗိုလ်တထောင် ဘုရားပွဲ ရင်ပြင်တော်ဝယ် အထူးတရားပွဲ ကျင်းပမှာ ဖြစ်ပါတယ်။အဲဒီ တရားပွဲမှာ
ထမနဲစတုဒိသာ ကျွေးမွေးမှာ ဖြစ်တဲ့အပြင် တခြားပါဝင်လှူဒါန်းလိုသူများလည်း ဖုန်းဆက်ပြီး မေးမြန်းလို့ ရပါတယ်။ဖုန်းနံပါတ်ကတော့ 09 731 61772၊09 540 7386 ၊09 5082 009၊09 7317 3481 ကိုဆက်သွယ် မေးမြန်းလို့  ရပါတယ်ခင်ဗျာ...။
ဒီတရားပွဲမှာ နာမည်ကြီး ဆရာတော်များ ပါဝင်တရားဟောပါ့မယ်။ကိုယ်အရမ်းအားကျရပါတဲ့ အရှင် ရဝေနွယ်-အင်းမ(12.2.2012 ပြည်ထောင်စုနေ့ )၊
အရှင်ဆနာဓိက (14.2.2012 ချစ်သူများနေ့ )အပြင် တခြားဆရာတော်များလည်းပါဝင်မှာပါ။တစ်ပါးကို တစ်ရက်နှုန်း ဟောပြောမှာ ဖြစ်တဲ့အတွက်  လာရောက်တရားနာနိုင်ရင် အကောင်းဆုံးလို့ ယူဆမိပါတယ်။
ကျင်းပမယ့်နေရာကတော့ ဗိုလ်တထောင်ဘုရား ရင်ပြင်တော်မှာပါပဲခင်ဗျာ။

                                               စာရေးဆရာမ ခင်ပန်နှင်း            
ခဏတုန်းက တရားပွဲအကြောင်း ပြောပြီးပြီဆိုတော့ အခုတော့ လူတွေ ဟောတဲ့ ပွဲလာပါပြီ။စာပေချစ်သူတွေ အသည်းခိုက်မယ့် ပွဲလို့  ယူဆရင်လည်းရပါတယ်။ ဘားအံမှာ စာပေဟောပြောပွဲ ကျင်းပတဲ့ သတင်းပါပဲ။
တကယ်တော့ ဘားအံမှာ စာပေဟောပြောပွဲ မကျင်းပဖြစ်တာကြာလှပေါ့။မနှစ်ကမှ စာပေဟောပြောပွဲ အစပြုပြီး ကျင်းပဖြစ်တာပါ။ဒါကလည်း မော်လမြိုင်စားပေဟောပြောပွဲကို အားကျလို့ ပဲ ဖြစ်မှာပါ။(မော်လမြိုင် မှာ 2010တုန်းက စာရေးဆရာ ဆယ်ယောက်ကျော်ကျော် လာဟောပါတယ်။)မနှစ်က ဘားအံမှာ စာရေးဆရာ သုံးယောက်ပဲ လာဟောကြတာပါ။(အဲဒီအထဲမှာ ကိုယ်တို့  အယ်ဒီတာဆရာမ မသီတာ-စမ်းချောင်းလည်းပါဝင်ပါတယ်။)အဲဒီနှစ်မှာ အကယ်ဒမီပေးပွဲနဲ့ တိုက်ဆိုင်နေပေမယ့် လာရောက်အားပေးကြတဲ့ ပရီသတ်ပေါင်း အယောက်တစ်ထောင်ကျော်တယ်လို့   ဆရာလင်းသိုက်ညွန့် ရဲ့  စာအုပ်မိတ်ဆက်ပွဲမှာ ပြောထားပါတယ်။
                                              စာရေး ဆရာမ နုနုရည်(အင်းဝ)
ဒီနှစ်ကျတော့ ဘားအံစာပေဟောပြောပွဲကို စာရေးဆရာလင်းသိုက်ညွန့်  အပါအ၀င် နာမည်ကြီး စာရေးဆရာ/ ဆရာမများဖြစ်ကြတဲ့ ဆရာမ စမ်းစမ်းနွဲ့ ၊ဆရာမ ခင်ပန်နှင်၊ဆရာချစ်ကိုကိုယု၊ဆရာမ နုနုရည်-အင်းဝ နဲ့  တေးရေးဆရာ စာရေးဆရာ အရိုးတို့ ပါဝင်ဟောပြောကြမှာပါ။ကျင်းပမယ့်နေ့ ရက်ကတော့ 11.2.2012နဲ့ 12.2.2012 ရက်နေ့ တို့ ဖြစ်ပြီး ကျင်းပမယ့်နေရာကတော့ အရင်နှစ်ကလိုပဲ ဇွဲကပင်ဟိုတယ်ခန်းမမှာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။
                                    

                 မနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ မွန်အမျိုးသားနေ့ 
           
ကဲ  ကရင်အကြောင်းပြောပြီးပြီ ဆိုတော့ မွန်အကြောင်း ပြောရတော့မှာပေါ့။အခုရက်ပိုင်းမှာ ပြောချင်တဲ့ အကြောင်းအရာကတော့ 65ကြိမ်မြောက် မွန်အမျိုးသားနေ့ ပါပဲ။အပန်းဖြေခရီး ထွက်မယ့်လူတွေအတွက်လည်း မွန်ပြည်နယ်ကို အလည်လာပြီး မွန်ယဉ်ကျေးမှုကို လာရောက်ရှုစားလို့ ရပါတယ်။မွန်အမျိုးသားနေ့ ကို နှစ်ဉ်နှစ်တိုင်း တပို့ တွဲ လပြည့်ကျော် 1ရက်နေ့ (8.2.2012)မှာ ကျင်းပဖြစ်ကြပါတယ်။မွန်လူမျိုးတွေ အဓိက နေထိုင်ရာ ဒေသများလည်း ကျင်းပဖြစ်တယ်လို့  သိရပါတယ်။အဲဒီပွဲမှာ မွန်ရိုးရာ ယိမ်းအက၊မွန်ဘုရင် ရာဇာဓိရာဇ်၊မွန်ဘုရင်မ ရှင်စောပုအကြောင်း၊မွန်ခေတ်ပေါ်တေးဂီတ၀ိုင်းအဖွဲ့ တို့ ရဲ့  ပါဝင်တင်ဆက်မှုလည်းပါဝင်ပါတယ်။

တကယ်လို့ သင်သာရန်ကုန်မှာ နေထိုင်သူ ဖြစ်နေပါက ဒဂုံမြို့ နယ်၊ပြည်သူ့ ဥယျာဉ်နဲ့ ပြည်သူ့ ရင်ပြင်ကို
ညနေ5နာရီကနေ ဆယ်နာရီအထိ လာရောက်နွှဲပျော်လို့ ရပါတယ်။အဲဒီနေရာမှာ ခဏတုန်းက ပြောတဲ့ တင်ဆက်မှုအပြင် မွန်ရိုးရာအစေားအသောက်အရောင်းဆိုင်များ၊မွန်းရိုးရာ ပစည်းအရောင်ဆိုင်များ ကို စည်းကားစွာကျင်းပပြုလုပ်မှာပါ။မွန်လူမျိုးမဟုတ်ခဲ့ရင်လည်း ပြည်ထောင်စု မောင်နှမချင်း ချစ်ကြည်တဲ့အနေနဲ့  လာရောက်အားပေးလို့ ရပါတယ်။

ကဲ...အားလုံးပဲ သင်တို့ နှစ်သက်ရာပွဲကို ရွေးချယ်ပြီး လာရောက်အားပေးလို့ ရသလို ဒီဘလော့ဂ်လေးကို ဖတ်ပြီးတော့လည်း ပျော်ရွှင်ချစ်မြေ့မှုကို ရရှိနိုင်ကြပါစေနော်................။
                                                                                          ထော်ဦး(ဘားအံကွန်ပျူတာ)


3 comments:

  1. စာပေဟောပြောပွဲပို့စ်လေးဖြစ်နိုင်ရင် တင်ပေးပါဦးဆရာရေ..

    ReplyDelete
  2. ဒီဘလော့လေးထဲကပဲ လာရောက်အားပေးခဲ့ပါတယ်ဆရာ။ အမြဲလာအားပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ။
    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete
  3. မသိသေးတာတွေသိခဲ့ရတယ်

    ReplyDelete