ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Sunday, February 5, 2012

အချစ် ကဗျာ 2 in 1

                               ဖြေလျှော့ရန် လိုသည်


ပဋိပက္ခ နုနုလးတွေ များလာတော့
တို့ နှစ်ဦးရဲ့  ချစ်စံအိမ်လေးလည်း
အက်ကွဲလာကြလို့ ပေါ့။

အခုတော့လည်း
ဘာရယ်မဟုတ်တဲ့ အကြောင်းကိစ္စလေးတွေက
မဟာတံတိုင်းကြီးပမာ
ခြားနားထားလို့ ။


ဒီလိုနဲ့ ပဲ...
ငေးငိုင်ငိုင် အတွေးတွေထဲ
လွမ်းငွေ့ တွေ ဝေလေတော့
ဖူးသစ်ဝေသီ ချစ်စခင်စက
ငွေ့ ရည်ဖွဲ့  အနမ်းတွေလည်း
အဝေးတစ်နေရာဆီ လွှင့်မျှောလို့ ။

ဝမ်းနည်းပူဆွေးမှုက
ဝေဒနာကို ခံစားလာစေနိုင်သလို
တို့ နှစ်ဦးရဲ့  နှလုံးသားလေးလည်း
ဆန့် ဆန့် ခါ နာကျင်ကြလို့ ပေါ့။

အချစ်ရေ...
တင်းလွန်းတဲ့ကြိုးကို ဖြေလျှော့ဖို့ 
တို့ နှစ်ဦးရဲ့  နှလုံးသားလေးထဲမှာ
ရှိနေမှန်း အလိုလိုသိနေလျက်နဲ့ 
ဘာကြောင့်များ ဖြေလျှော့ဖို့ 
တွန့် ဆုတ်နေရသလဲကွယ်။                  ။
                                  ထော်ဦး(ဘားအံကွန်ပျူတာ)


                    အချစ်ကို လွှင့်ပစ်လိုက်


ဘ၀မှာ တခဏတာတွေ့ ကြုံခိုက်
ချစ်ခဲ့တာတွေ မေ့ပစ်လိုက်။

လွမ်းရဆွေးရ ဒီဘဝ
ခါးသီးလှတာကို
အတိတ်ကမ္ဘာ ထဲမှာ ပို့ ပစ်လိုက်။
 
ရှိုက်ခဲ့ငိုခဲ့
မျက်ရည်ရစ်ဝဲ ခဲ့ရတာတွေကို
ဒိုင်ယာရီဟောင်းထဲမှာ ခေါက်ပစ်လိုက်။

တို့ နှစ်ဦး ပြန်လည်တွေ့ ဆုံခိုက်
အတိတ်က အနာဟောင်းတွေကို
စင်သွားအောင် ဆေးပစ်လိုက်

အို...
တတ်များ တတ်နိုင်ရင်
အဲဒီအချစ်တွေကို
အဝေးတစ်နေရာဆီ လွှင့်ပစ်လိုက်။           ။

                                       ထော်ဦး(ဘားအံကွန်ပျူတာ)
(ပြည်ထောင်စုနေ့ အတွက်လည်း ဘလော့ဂ်ဂါသက်တမ်း တစ်လပြည့်နေ့ မှာ ရေးချင်ပါသေးတယ်။
မတူညီတဲ့ အချစ်သံစဉ်လေးကို နားဆင်ပြီး ဘယ်သံစဉ်လေးကို ပိုသဘောကျသလဲလို့  သိချင်စိတ်ဖြစ်မိရင်း..........)
                                             ထော်ဦး(ဘားအံကွန်ပျူတာ)



4 comments:

  1. နှစ်ပုဒ်လုံး သူ့အကြောင်းအရာနဲ့သူ ကောင်းနေတာပဲ။ အချစ်အကြောင်းဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ဘယ်တူနိုင်ကြပါ့မလဲ။ မတူတဲ့အကြောင်းတွေနဲ့ မတူတဲ့ခံစားချက်တွေပေါ်မူတည်ပြီး မတူတဲ့ဇာတ်လမ်းတွေကကြရမှာပေါ့။
    ဖြေလျော့လိုက်.. လွှင့်ပစ်လိုက်... အချိန်တန်တော့လဲ အားလုံးပြီးသွားတာပဲလေ...း))

    ReplyDelete
  2. ကဗျာလေး လာဖတ်သွားတယ် ရှင်။

    ကျွန်မဆီ အမြဲလာအားပေးတဲ့အတွက်ရော၊ အကြံလေးတွေ ပေးတဲ့အတွက်ပါ မြတ်က ကျေးဇူးတင်ပါတယ်။

    ခင်တဲ့
    မြတ်

    ReplyDelete
  3. အချစ်တွေကို အဝေးတော့လွှင့်မပြစ်ပါနဲ့လေ

    ReplyDelete