ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, September 2, 2015

သမီးပျိုတို့  သတိချပ်ဖို့ 


    ဖုန်းတွေ ပေါများလှတဲ့ အခုလို ခေတ်ကြီးထဲမှာ ဖုန်းသရဲတွေရဲ့ ဖွန်ကြောင်ခြင်းတွေကို သမီးပျိုတို့  ကြုံတွေ့ ကြရမှာပါ။တချို့ က ဘာမှ မယ်မယ်ရရ မရှိဘဲ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဟိုမေးဒီမြန်းနဲ့  အူကြောင်ကြောင် ဖုန်းဆက်တတ်ကြပါတယ်။အဆိုးဆုံးကတော့ ကိုယ်အိပ်ရာဝင်ပြီးဖြစ်တဲ့
ညသန်းခေါင်ယံအချိန်မှာ ဖုန်းသရဲတွေက အနှောင့်အယှက် ပြုတတ်ကြတာပါပဲ။ဒါ့ကြောင့် သမီးပျိုလေးတွေ ညအိပ်ရာ ၀င်တဲ့အခါကျရင် ဖုန်းပိတ်ထားလိုက်ဖို့  သတိပေးချင်ပါတယ်။ကိုယ့်ကို မဟုတ်က ဟုတ်က စကားရော ဖော်ရော ဖုန်းဆက်လာရင်လည်း ဖုန်းချပစ်လိုက်ဖို့  အကြံပြုချင်ပါတယ်။
                                          @@@
     တချို့  သမီးပျိုလေးတွေကျတော့ ချစ်သူကိုယ်စီ ပိုင်ဆိုင်ထားတတ်ကြပါတယ်။အခုတလော ကြားသိထားတာကတော့ ချစ်သူစုံတွဲတွေ ဟိုတယ် တည်းခိုခန်း သွားတတ်ကြတဲ့ အကြောင်းပါ။
မှတ်ပုံတင် ပြစရာမလိုဘဲ မနက်ကနေ ညအထိ ဖွင့်ထားတတ်ကြတဲ့ တည်းခိုခန်းတွေလည်း ရှိလာကြပါပြီ။တည်းခိုခ တစ်နာရီကို ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ အစားစား ရှိတယ်လို့ 
ကြားထားပါတယ်။ဒါကြောင့်လည်း ချစ်သူစုံတွဲတွေက တည်းခိုခန်းတွေမှာ နှစ်ကိုယ်တူ ချစ်အမျှ ပြုလုပ်လာကြပါတော့တယ်။
     သမီးပျိုတို့ ရဲ့ ချစ်ရသူတွေလည်း ဒီလို လူစားမျိုးထဲမှာ ပါဝင်ချင် ပါဝင်လာနိုင်မှာပါ(အားလုံးကိုတော့ မဆိုလိုပါဘူး။တချို့ ကိုသာ ဆိုလိုတာပါ)။ညပိုင်းမှာ ချိန်းတွေ့ ကြရအောင်လို့  ချစ်ရသူက ပြောလာမယ်ဆိုရင် မလိုက်မိဖို့  သတိချပ်စေချင်ပါတယ်။ပြီး မနက်ပိုင်းတွေမှာ ချိန်းတွေ့ ကြရင်လည်း လူမြင်ကွင်းမှာ ချိန်းတွေ့ ပါမှ ကိုယ့်အတွက် ကာကွယ်ရာ ရောက်ပါတယ်။သမီးပျိုလေးတွေကို ပြောလိုတာကတော့ တည်းခိုခန်းသွားမှ အချစ်စစ်လို့  မခေါ်ဆိုနိုင်ပါဘူး။အဲဒါဟာ တဏှာချစ်သာ ဖြစ်တဲ့အတွက်
ကိုယ့်ချစ်သူ တည်းခိုခန်းသွားကြစို့ လို့  အဖော်စပ်လေတိုင်း မလိုက်မိကြဖို့  အထူး သတိပေးထားချင်ပါတယ်။
   လွယ်လွယ်ခေါ် လွယ်လွယ်လိုက်တတ်ကြတဲ့ ကောင်မလေးတွေကို ဘယ်သူကောင့်သားကမှ
တန်ဖိုးထားကြမှာ မဟုတ်ပါဘူး ဆိုတာ သိထားကြစေချင်ပါတယ်။သူလိုချင်တဲ့ တဏှာချစ် ရပြီးဆိုတာနဲ့  ကိုယ့်ကို လက်တွဲ ဖြုတ်သွားနိုင်မှာပါ။ဒါ့ကြောင့် တန်ဖိုးရှိလှတဲ့ သမီးပျိုလေးတွေ ဖြစ်ဖို
့ ကိုယ့်ရဲ့ အပျိုစင်ဘ၀လေးကို အစွန်းအထင်းမရှိအောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
                                    @@@
     တချို့  သမီးပျိုလေးတွေကျတော့ အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်မှာ ချစ်သူနဲ့  မခွဲနိုင်တော့ပါဘူး ဆိုပြီး ချစ်ရသူနောက် ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြပါတယ်။
တကယ်တော့ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် အရွယ်ဆိုတာ အလွန်တရားမှ ငယ်ရွယ်လွန်းလှတဲ့
အရွယ်လေးတွေပါ။သစ်ရွက်လှုပ်တာလေးတောင် အူမြူးတတ်ကြတဲ့ အရွယ်လေးမို့ လို့  အချစ်နဲ့ ပတ်သက်လာရင် ရူးနမ်းသွားတတ်ကြတာ သဘာဝပါပဲ။ဒီလိုအချိန်မှာ မစူးစမ်း မဆင်ခြင်မိတော့ဘဲ ချစ်သူနောက် ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြပါတယ်။ အချိန်လွန်တော့မှ ကွဲကြ ကွာကြ ဖြစ်လာကြတော့ ကိုယ့်ရဲ့ အပျိုစင်ဘ၀လေးကို တစ်ကျော့ပြန် ပြန်ရဖို့  မလွယ်ကူတော့ပါဘူး။
      ဒါ့ကြောင့် အချစ်စစ်လား၊ရူးနမ်းမှုလား မသိသေးတဲ့ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် အရွယ်လေး
မှာ ကိုယ့်ရဲ့ အပျိုစင်ဘ၀လေးကို မနစ်မွန်းရလေအောင် ဂရုစိုက်သင့်လှပါတယ်။အချစ်စစ် ဟုတ် မဟုတ် ဆိုတာကိုတော့ အချိန်က အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ပညာရေးကို ဦးစားပေးပြီး
စာကို ကြိုးစားသင်ယူသင့်ပါတယ်။အချစ်ရေးကိုတော့ ရေလိုက်ငါးလိုက်သာ နေသင့်ပါတယ်လို့  သမီးပျိုတို့ ကို အကြံပြုချင်ပါတယ်။ 
        ဒီအရွယ်လေးတွေဟာ ဇွတ်တရွတ် လုပ်တတ်ကြပြီး မိဘစကားတွေကို တော်ရုံ နားမထောင်တတ်ကြတဲ့ အရွယ်လေးတွေမို့ လို့  မိဘတွေအနေနဲ့ လည်း ကိုယ့်သမီးပျိုလေးတွေကို ညင်ညင်သာသာလေးနဲ့  နားဝင်သွားအောင် ပြောဆိုဆုံးမသင့်ပါတယ်။သမီးပျိုတို့ အားလုံးလည်း ကိုယ့်ရဲ့
အပျိုစင်ဘ၀လေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ...။               ။
                                                                                             ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                                               Halo Fashion Magazine
                                                                                               2014,August

No comments:

Post a Comment