ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, June 26, 2012

ရှုံးနိမ့်သူ


                   

ဆွေးမြေ့နေတဲ့ နှလုံးသားကို

ပြန်ပြီး အားဖြည့်ဖို

သူ့ မှာ သတ္တိမရှိ

ကွဲကြေသွားတဲ့ မှန်စများကို

ပြန်ကောက်ယူဖို

သူ့ မှာ ခွန်အားမရှိ

လောကကြီးဟာ

မှောင်အတိ ကျလို

ပင်လယ်ရေဟာ

မည်းနက်သွားပြန်

မိုးတွေ သည်းလာတော့

သူ့ မှာ ကူကယ်ရာမဲ့

ဒီအတိုင်း ဆက်လျှောက်နေရဆဲ

ဆက်လျှောက်ရင်း ဆက်လျှောက်ရင်းနဲ

အဆုံးမဲ့တဲ့ ကမ္ဘာကြီးကို

သူ ဦးညွတ် နေမိလို့ ပေါ့။   

(2011ခုနစ် နိုဝင်ဘာလထုတ် Fashion Magazine “လူငယ်ရင်တွင်းဖြစ် ကဗျာကဏ္ဍတွင် ဖော်ပြခံရသော

  ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်ကို စာသားပြင်ဆင် မွမ်းမံပြီး ပို့ စ်အဖြစ် တင်ဆက်ထားခြင်း ဖြစ်ပါသည်။)

                                                                                                                ထော်ဦး(ဘားအံကွန်ပျူတာ)

4 comments:

  1. ဆွေးမြေ့နေတဲ့ နှလုံးသားကို

    ပြန်ပြီး အားဖြည့်ဖို့ 

    သူ့ မှာ သတ္တိမရှိ-----
    အဲ တာတော့မဖြစ်ချေဘူးနော် တော်ကြာလူပျိုကြီးဖြစ်နေမယ်

    ReplyDelete
  2. unicode ပြောင်းလိုက်ပြီလား.. ဖတ်လို့မရဘူး..

    ReplyDelete
  3. ဦးညွတ်မှုတိုင်းဟာ ရှုံးနိမ့်သူရယ်လို့ သတ်မှတ်လို့မရဘူးထင်တယ် မောင်ထော်ဦးရေ (အကွန့်တက်ကြည့်တာ :P)
    ရှုံးနိမ့်ခြင်းရဲ့တစ်ဖက်မှာအောင်မြင်ခြင်းဆိုတာစောင့်ကြိုနေလေ့ရှိပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. နားလည်စွာ ခံစားသွားပါတယ် ကိုထော်ဦးရေ။

    ReplyDelete