ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, June 9, 2012

ပျောက်ဆုံး ရိပ်မြုံ



ဇွန်လရဲ့  မိုးရေစက်နဲ့ အတူ

ငါ့မျက်ရည်တွေ မိုးလိုစွေလို့ 

စိတ်ဓာတ်တွေ ပြိုကျ

ခါးလှတဲ့ ဆယ်တန်းတောင်ပေါ်

ငါ ဖြတ်ကျော်ခွင့်မရ

အမေက ငါ့ကိုဆူဆဲ

အဖေက ငါ့ကိုကြိမ်းမောင်း

ရယ်စရာ ကောင်းပုံက

ငါ့ကို လူတွေက၀ိုင်းဖယ်

ကံကြမ္မာ ကြိုးဝိုင်းထဲ

အလဲလဲအပြိုပြိုနဲ့ ငါ့ကိုထိုးနှက်

ခွေးအ တစ်ကောင်လို လေလွှင့်

ဘယ်မလဲ

နားလည်မှုနဲ့  တည်ဆောက်ထားတဲ့ရိပ်မြုံ

ငါ့အဖို့  ပျောက်ဆုံးသွားခဲ့တာ

ကြာရောပေါ့။               

(ဆယ်တန်းတောင်ပေါ် ကျော်ဖြတ်ခွင့် မရကြရှာသော ကျောင်းသား/ကျောင်းသူများ အားလုံးသို့ ….)

                                                                                                             ထော်ဦး(ဘားအံကွန်ပျူတာ)

(ခုတလော စာတွေမရေးဖြစ်လို့  မနှစ်ကတည်းက ရေးထားခဲ့ဖူးတဲ့ ကဗျာလေးတွေကို ပြုပြင်ပြီး

တင်ဆက်ထားတာပါ...။)

3 comments:

  1. ကဗျာလေးအားပေးခဲ့ပါတယ်

    ReplyDelete
  2. အင်းဗျာ ဆယ်တန်း ဆန်းတယ်ဆိုသလိုပေါ့
    စိတ်ဓါတ်မကျကြစေချင်ဘူး

    ReplyDelete
  3. ကဗျာလေးကို အရမ်းကြိုက်တယ်ရှင့်

    ReplyDelete