ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, June 12, 2012

လူမျိုးရေး စစ်ပွဲ








နိုင်ငံသူနိုင်ငံသားများ အားလုံး စည်းလုံးညီညွတ်မှုပျက်ပြားသွားခဲ့သည့်အကြောင်းကို သူကိုယ်တိုင်

ကြားသိခဲ့ ကြုံဆုံခဲ့သည်မှာ ကြာပေပြီ။လွန်ခဲ့သည့် နှစ်ခြောက်ဆယ်လုံးလုံး တိုင်းရင်းသားလက်နက်ကိုင်

  အဖွဲ့ အစည်းများ၏ အငြိုးတကြီး ပစ်ခတ်မှုများသည် ယခုချိန်ထိပင်

  အဖျားခတ်နေမိလေ၏။အင်တာနက်လှိုင်းပေါ်မှတဆင့် ကြားသိခဲ့ရသော

  သတင်းအချက်အလက်များသည်သူ့ ရင်ထဲ အဖျားခတ်ကာ
 ပူလောင်ပြင်းပြ နေမိသည်။ခေတ်ကာလ
  မည်မျှပင် ပြောင်းလဲစေကာမူ ထိုကဲ့သို အဖြစ်အပျက်များ

  ဘာလို့ မပျောက်ကွယ်သွားပါလိမ့်။ခံစားရသည့် ဝေဒနာက နာကျင်ပြင်းပြလျက်ရှိကာ မည်သူ ကို

  အပြစ်ဖို့ ရမည်မှန်းပင် သူကိုယ်တိုင် မသိတော့ချေ
…………………………………………………………………………………………………………
ယခုတော့လည်း ဘာမျှမဟုတ်သည့် အကြောင်းကိစ္စများကြောင့် စည်းလုံးညီညွတ်မှု

  ပျက်ပြားသွားချေပြီ။လူမျိုးရေးကို ခွဲခြားဆက်ဆံတတ်သော ပြည်သူများကြောင့်ဟု သူ့ ရင်ထဲ
တီးတိုးရေရွတ်နေမိ၏။အကယ်၍ ထိုအမှုကို ပြုလုပ်ခဲ့သူသာ တိုင်းရင်းသားတွေထဲက တစ်ဦးဦး
ဖြစ်ခဲ့လျှင် ဤကဲ့သို ပြဿနာကြီးပွားလာမည်လား။အနှိမ်ခံခဲ့ရသည်များ များပြားလာသောအခါ

  ထိုဖြစ်စဉ်ကဲ့သို ဖြစ်ပွားလာအောင် ကြံဆောင်တတ်ကြပါလား။ပင်ပန်းနွမ်းလျစွာ သူတွေးတောနေမိ၏။

မည်သို့ ပင် ဆိုစေကာမူ လူများ၏ အငြိုးတကြီးနိုင်စွာ ဒေါသရှေ့ တန်းတင်တတ်ကြမှုကြောင့်

  ထိုကဲ့သို ဖြစ်ပွားလာခဲ့ခြင်းပင်။ယခုတော့ ပြည်သူလူထုများ၏ အသက်အိုးအိမ်များသည်လည်း
မီးလောက်တိုက်သွင်းခဲ့ကြချေပြီ။ဒီမိုကရေစီပါဟု မည်မျှပင် ကြုံးဝါနိုင်ခဲ့သော်လည်း တရားမျှတမှု

  မရှိသေးသရွေ လွတ်လပ်သော ဒီမိုကရေစီ ဖြစ်ပေါ်လာမည် မဟုတ်ပေ။တဖြည်းဖြည်းနှင့်ပင်
ထိုအရေးအခင်းသည်လည်း နိုင်ငံအနှံ ပျံ့နှံ့ လာရန် တာစူလာချေပြီတဲ့လား။အင်တာနက်ပေါ်မှ
ကြားသိခဲ့ရသောသတင်းသည် သူ့ ရင်ထဲတွင် နာကျင်ရှသစွာ တိုးဝင်လျက်ရှိပေပြီ။

ပုံပြင်တစ်ပုဒ်ထဲက သူဖတ်ထားတာလေးကို သတိရနေမိ၏။ပျားရည်တစ်စက်ကြောင့် တစ်နိုင်ငံလုံး
ပျက်ပြားသွားခဲ့သော ပုံပြင်လေးသည်လည်း ခုကျတော့ တကယ်ပင် ဖြစ်ပွားနေချေပြီ။ထို

  အဖြစ်အပျက်များ ရပ်တန့် သွားအောင် သူမည်ကဲ့သို ကူညီရမည်နည်း။အမှန်ဆို အခင်းဖြစ်ပွားရာ
အရပ်သည် သူနေထိုင်ရာအရပ်နှင့် ဆန့် ကျင်စွာ ဖြစ်ပွားနေခဲ့၏။ကိုယ်နှင့် မဆိုင်သောကိစ္စရပ်များပါလေဟု

  တကိုယ်ကောင်းဆန်စွာ သူ မတွေးတောချင်ပါ။ပြည်သူများ၏
အကြောင်းကိစ္စကြီးငယ်ဟူသမျှ ပြည်သူများအားလုံးနှင့်လည်း သက်ဆိုင်ပါလိမ့်မည်။သူလည်း
ထိုအမှုအခင်းများကို ရပ်တန့် သွားအောင် စာစီကုံး ဖွဲ့ သီရုံမျှတပါး ဘာမျှ မတတ်နိုင်တော့ပေ။

ပြည်သူများအားလုံး၏ ရင်ထဲတွင် ထိုအမှုအခင်းများကို

  ရင်သိမ့်တုန်ခါစွာ စောင့်ကြည့်ကြ ပေလိမ့်မည်။ဆက်လက်ပြီး မည်ကဲ့သို ဖြစ်ပွားလာမည်ကို

  သူမတွေးချင်တော့ပါ။ ထိုင်းနိုင်ငံ တောင်ပိုင်းကဲ့သို့ မဖြစ်ပွားလာပါစေနှင့်ဟု

  သူဆုတောင်း နေမိ၏။ထိုင်းနိုင်ငံတောင်ပိုင်း၏
အမှုအခင်းများသည် အနှစ်နှစ်အလလ ဖြစ်ပွားနေဆဲပင်။နေအိမ်၊အစိုးရရုံး၊စာသင်ကျောင်းများကို
ဗုံးခွဲမီးလောင်တိုက်သွင်းကြသည်အထိ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရသည်။ထိုကဲ့သို့ သာ ဖြစ်ပွား
လာမည်ဆိုလျှင် ဟူသောအတွေးများကို ဆက်လက်မတွေးချင်တော့ပါ။ထိုအမှုအခင်းများကို
ရပ်တန့် သွားအောင် သူမစွမ်းဆောင်နိုင်တော့ပါ။သူ့ ခံစားချက်များကို ဖွင့်ထုတ်ရုံမှတပါး
ဘာမျှ မတတ်နိုင်တော့ပေ။
………………………………………………………………………………………………………


မည်သို့ ပင် ဖြစ်စေ…။လူမျိုးခွဲခြား ဆက်ဆံကြသူများကို သူစက်ဆုပ်နေမိ၏။လူကို လူပါဟုပင်
မမြင်တတ်ကြသော လူများကို သူမျက်မှန်းကျိုးနေမိသည်။ဒေါသကို အသုံးချပြီး အငြိုးတကြီး
ပြုမှုတတ်ကြသူများကို သူရွံရှာ နေမိ၏။ယခုတော့ သူသည် မေတ္တာပို့ သရန်ပင် တတ်နိုင်ပါတော့သည်။

                                    လူအချင်းချင်း လှည့် ပတ်ခြင်း၊ ကင်းရှင်းကြပါစေ…..

                                    အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါ စေ……

                                    ဆင်းရဲလိုခြင်း အချင်း ချင်း၊ ကင်းရှင်းကြပါစေ……….

                                                                                                                  ထော်ဦး(ဘားအံကွန်ပျူတာ)

...............................................................................................................................................................


ဇွန်လ ၁၇ရက်နေ့ တွက် ကျရောက်သော အဖေများနေ့ သို့  အမှတ်တရ....
























1 comment:

  1. မြတ်ပန်းနွယ်June 21, 2012 at 8:39 PM

    လူသားတွေ အားလုံး ငြိမ်းချမ်းကြပါစေ၊ နေ့ရက်တိုင်းကို ကြောက်လန့်ခြင်းကင်းစွာ ဖြတ်သန်းနိုင်ပါစေလို့ မြတ်လည်း မေတ္တာပို့ ဆုတောင်းပါတယ်။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete