ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Tuesday, January 17, 2012

teenဆွေးနွေးပွဲ နဲ့ အပြိုင်

teenဆွေးနွေးပွဲကတော့ အောင်မြင်စွာ ပြီးစီးသွားပြန်ပြီ။ဒါပေမဲ့...၀င်မဆွေးနွေးဖြစ်ပါဘူး။တကယ်တော့ ကိုယ် ဖိတ်စာသွားထုတ်တုန်းက ၀င်ရောက်ဆွေးနွေးပါလို့  အယ်ဒီတာ ဆရာမက ပြောထားပါတယ်။တတ်နိုင်ရင် တခြားလူတွေရဲ့ အသံကို နားဆင်ဖို့ ပဲ လာတာပါ။ကိုယ်က teen စာမျက်နှာထက်မှာ ပြောပြပိုင်ခွင့် ရှိနေပေမယ့် တခြားလူတွေကတော့ ဒီလိုပြောပိုင်ခွင့် မရှိရှာဘူးလေ။
ဒါကြောင့် မို့ လို့ ပါ။ ဒါပေမဲ့ ဆရာမက ကျွန်တော်တို့ ဆောင်းပါးခေါင်းစဉ်ဖြစ်တဲ့ "ဒါတွေပြင်(ဆရာမ ယုယ)" "ဒါတွေမပြင်နဲ(ဆရာမြေမှုန်လွင်) "
'ဒါတွေကို ပြင်နိုင်ပါ့မလား(ကျွန်တော် ပါဝင် ရေးသားထား)" စတဲ့ဆောင်းပါးခေါင်းစဉ်လေးတွေ အချိတ်အဆက်လုပ်ပြီး ပြောကြတဲ့အခါ ၀င်ရောက်ဆွေးနွေးပေးပါလို့ ပြောကြားလာပါတယ်။ဒီလိုဆိုတော့လည်း ဆွေးနွေးလိုက်တာပေါ့လို့ ခေါင်းညိတ်မိ ပါ ရော ။
ဆွေးနွေးးပွဲအခမ်းအနားမတော့ ဆရာမက ကျွန်တော့်ကိုစောင်.ရင်းနဲ့ ဒီလိုအချိတ်အဆက်လုပ်ဖို့ လည်းတာစူနေတာပါပဲ။ဖြစ်ချင်တော့ ပရိသတ်က၀ိုင်းမေးကြတဲ့ မေးခွန်းကိုဖြေရင်းနဲ့  အချိန်လင့်သွားရော။ကိုယ်လာမှန်းမထင်တာလည်း ပါတာပါ။ကိုယ်လည်း ကားကြပ်ကြပ်ကို တိုးစီးလို့  ပွဲကိုရောက်လာပြန်တော့ ပွဲက စတင်ဖို့ ကြေငြာနေပါပြီ။ဒီလိုနဲ့  ကိုယ်က ဘယ်တော့အချိတ်အဆက် လုပ်မလဲဆိုပြီး သွေးပူလိုက် သွေးအေးလိုက်နဲ့  အချိန်ကောင်းကို စောင့်နေပြန်ရော။ဒါပေမဲ့ အထက်ကပြောထားတဲ့ အတိုင်း ၀င်မဆွေးနွေးဖြစ်ပါဘူး။(ဒါကလည်း ကြိုညှိထားတာ မရှိလို့ ပဲ ပြောရမှာပါ)တစ်ဖက်ကတွေးကြည့် ရင်လည်း ကောင်းသားပေါ့။ ကိုယ့်ကိုလူတွေ မသိလေ ကောင်းလေပဲမဟုတ်လား။ကိုယ်ကခပ်လျှိုလျှို နေရတာကို သဘောကျနေမိသူလေ။ပွဲပြီးတော့ ဆရာမကို ရောက်ကြောင်း အကြောင်းတော့ ပြန်မှပဲလို့  ယူဆပြီး ၀င်နှုတ်ဆက်လိုက်ပါတယ်။ဆရာမက ပွဲတင်ဆက်နေတဲ့အချိန်မှာလည်း လိုက်ရှာသေးတယ်လို့ ပြောလာတော့ နောက်ကျတဲ့ကိုယ့်ကိုပဲ အပြစ်တင်မိတယ်။ဒါနဲ့ ပဲ ကံဆိုးချင်တော့ ဆရာမက ဆရာမ မြသွေးနီးနဲ့  ဆရာ ဟန်ဇော်ကို မိတ်ဆက်ပေးတော့တယ်။မှတ်မှတ်ရရပါပဲ။ပျော်လည်းပျော်ပါရဲ့ ။စာပေဟောပြောပွဲ မတက်ဖူးတဲ့ ကိုယ့်အတွက်တော့ ဒီဆွေးနွေးပွဲက
အရသာအသစ်ပေးလာပါတယ်။
ပါဝင်ဆွေးနွေးကြတဲ စာရေးဆရာတေကွလည်း ပုံစံကွဲနဲ့ ဆိုတော့ တစ်မျိုးတစ်ဖုံ ဆန်းသစ်စေပါတယ်။အကြိုက်ဆုံးကတော့ ဆရာမြေမှုန်လွင်ပါပဲ။ဆရာဒီလောက်ထိ စကားပြောရဲမှန်း ပရိသတ်ပွဲကျအောင် ပြောတတ်ဆိုတတ်မှန်းမထင်မိပါဘူး။ဆရာက ပရိသတ် လက်ခုပ်သံ တဖျောင်းဖျောင်းကြားမှာ ခပ်တည်တည်နဲ့ ပြောသွားတာကို
ိုကြည့်  ရင်း သိပ်မကြာတော့ တဲ့ကာလ စာပေဟောပြောပွဲ စင်မြင့်ထက်မှာ ဆရာ့ကိုတွေ့ ရလိမ့်မယ်လို့  မျှော်လင့်မိပါတယ်။ဆရာသာ ဟောရင်တော့ ဟောပြောပွဲတစ်ခါဖူးမှမတက်ဖူးတဲ့ ကိုယ် က သွားတက်ကြည့်လိုက်ဥိးမယ်လို့  အသိပေးရင်း............။
(အရေးအသားမှာ အမှားပါသွားရင်ခွင့်လွှတ်ပါ။ချက်ချင်းkeyboardရိုက်လိုက်လို့ ပါ)
ထော်ဦး(ဘားအံကွန်ပျူတာ)

3 comments:

  1. ကိုထော်ဦး အညွှန်းကောင်းလို့ မြတ် ဆရာမြေမှုန်လွင်ရဲ့စာအုပ်တွေ သေချာရှာဖတ်ပါဦးမယ်။

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete
  2. မောင်ထော်ဦးတို့လိုကိုယ်တိုင်တက်ရောက်ခွင့်ကြုံတဲ့သူတွေကိုအားကျမိပါရဲ့း)
    ညီမမြသွေးနီဆီမှာတော့ဖတ်လိုက်ရတယ်။
    တစ်ချိန်တော့တီတင့်လည်း ဒီလိုအခွင့်အရေးလေးကြုံချင်ပါသေးတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဆွေးနွေးပွဲမှာ ဆရာနဲ့ ဆုံခွင့်ရလိုက်လို့ ၀မ်းသာမိပါတယ်။
    စာဖတ်အားကောင်းတဲ့၊ ဆရာတစ်ယောက် စာတွေ ဒီထက်မက အများကြီးရေးနိုင်ပါစေ..။

    ReplyDelete