ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, January 14, 2012

ဆောင်းဖောက်တေး

ဆောင်းဖောက်တေး

မိုးအကုန် ဆောင်းအကူးပေမို့ 
ပန်းတကာ ပွင့်ကာလန်းလို့ ရယ်
တောတောင်တွေ နှင်းတွေဝေစမို့ 
မျှော်ကြည့် ကာ သာလှတာကြောင့်
စိတ်နှလုံး ရွှင်ပျော်မြူးပါလို့ 

ရယ်ရွှင်က ဒီဆောင်းကိုနွှဲကြစို့ 
မီးဖိုမွှေ တို့ တတွေလှုံကြရ
စကားတွေ တတွတ်တွတ်ရွတ်ကြလော့
တို့ တတွေ အပျိုဖြန်းစဉ်က
ပျိုတို့ မောင် ချစ်ခွင့်ပန်ခါကို
တမ်းတကာ ဆွေးရယ်ပြုံးလို့ ရယ်
ဆောင်းဖောက်စို့ ကွယ်။ ။
ထော်ဦး(ဘားအံကွန်ပျူတာ)

7 comments:

  1. ကိုထော်ဦးရေ.. လာလည်ပါတယ်ရှင်။ နှစ်သစ်မှာ ဘလော့ဂ်အသစ်လေး စဖွင့်ဖြစ်တယ်ထင်တယ်..း)) ဘလော့ဂ်ရွာက ကြိုဆိုပါတယ်။ Look မှာ ဆုံရတာကိုလဲ ၀မ်းသာပါတယ်ရှင်။ ပို့စ်တွေ အားလုံးကို ဖတ်သွားပါတယ်။ လင့်လဲ ချိတ်ထားလိုက်မယ်နော်။

    ReplyDelete
  2. ကိုထော်ဦး..
    အစ်မချောအိမ်က..အလည်လာပါတယ်။
    စီပုံးမတွေ့လို့ဒီမှာပဲ အော်ခဲ့တော့တယ်နော်း)
    အိမ်အသစ်လေးကို.ကြိုဆိုပါတယ်ရှင်
    အိမ်တက်လုပ်ဖြစ်ရင်အကြောင်းကြားပါနော်း)

    ပျော်ရွှင်ပါစေ

    ခင်မင်လျှက်

    ReplyDelete
    Replies
    1. မမိစံရေ..
      ဘလော့နယူးလေးဆီ အလည်လာတဲ့အတွက် ကျေးဇူးပါ
      မျက်စိအညောင်းခံပြီးလာဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
      စီပုံးလေးမတပ်တတ်လို့ ဒီအတိုင်းပဲ ပစ်ထားတာပါ
      တဲပုတ်နဲ့ဆိုတော့ အိမ်တက်ပွဲဘယ်လိုလုပ်ရမလဲလို့စဉ်းစားနေပါတယ်
      အစ်မမိစံလည်း အော်ရင်းအော်ရင်းနဲ့ ပျော်ရွှင်ပါစေနော်

      Delete
  3. ကဗျာလေးက ဆောင်းရဲ့ သရုပ်သကန်ကို ကွင်းကွင်းကွက်ကွက်မြင်စေတယ်...
    ချစ်စရာကောင်းလိုက်တာ..
    လာလည်ရင်း လင့်လည်း ချိတ်သွားပြီနော် ကိုထော်ဦး..

    ReplyDelete
    Replies
    1. အစ်မချောရေ..
      ကျနော်ကလင့်မချိတ်တတ်ပေမယ့် အစ်မချောတို့လင့်လာချိတ်တဲ့အတွက်လည်းဝမ်းသာမိပါတယ်
      ကိုယ့်စာကိုလင့်လာချိတ်ကြတာ ၀မ်းသာရပါတယ်ခင်ဗျာ

      Delete
  4. ထပ်တူ ၀မ်းသာမိပါတယ် ကိုထော်ဦးရေ။
    နောက်လည်း မကြာ မကြာ စာလာဖတ်ပါဦးမယ်။

    ပျော်ရွှင်ပါစေ...။

    ReplyDelete
  5. အစ်မချော(အစိမ်းရောင်လွင်ပြင်)မှာတွေ့လို့ကဗျာလာဖတ်သွားတယ်
    ညီလေးထော်ဦး-Cboxလုပ်ခြင်ရင်တစ်ယောက်ယောက်ဘလော့က Cbox အောက်မှာ Cboxဆိုတာကိုနှိပ်လိုက်ရင်
    get your own FREE Cbox tagboard for your site! ဆိုတာကိုတွေ့လိမ့်မယ်-အဲဒီကနေတဆင့်လုပ်ကြည့်ပါလား

    အားပေးပါတယ်

    ReplyDelete