ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, January 30, 2012

ဖေဖော်ဝါရီလ အတွက် အမြည်း

အခုတလော ပို့ စ်မတင်ဖြစ်တာကို တောင်းပန်ပါရစေ။အမှန်အတိုင်း ၀န်ခံရရင် ဘာတွေတင်ရမလဲ ဆိုတာ စဉ်းစားနေရလို့ ကြန့် ကြာသွားတာပါ။ဒါကြောင့် အခုအချိန်မှာတော့ အမြည်းအနေနဲ့ ပဲ တင်ရတာပါ။

ဒီ2လပိုင်းအတွက် တင်ဖို့ စဉ်းစားထားတာကတော့ အများကြီးပါပဲ။ကဗျာကဏ္ဍမှာ"တောက်တဲ့"ဆိုတဲ့ ကဗျာကိုလည်း တင်ချင်ပါတယ်။အခုတလောတောက်တဲ့က တစ်ပိသာကို သိန်းထောင့်ငါးရာ ရှိနေပါပြီ။နောက်ပြီး AIDSရောဂါတွေ၊ကာမအတွက် အသုံးချနိုင်တဲ့ ဆေးဝါးအနေနဲ့ လည်း အသုံးပြုလို့ ရပါတယ်။တရုတ်နိုင်ငံမှာတော့ ဈေးကွက်ဝင်နေတယ်လို့ လည်းကြားသိရပါတယ်။
ကမာလူမျိုးတွေလည်းတောက်တဲ့ကို စားတတ်ကြတယ်လို့ လည်းကြားသိရပါတယ်။(ဟုတ်မဟုတ်ကတော့
အစ်မ မအိမ်သူကို မေးကြည့်ဦးမှ။)
အခုပြောတဲ့ တောက်တဲ့အကြောင်းက News Watch ဂျာနယ်(တောက်တဲ့ကို
မျက်နှာဖုံးတင်ထား)ကနေသိရတာပါ။

နောက်ထပ်တင်ဖြစ်မယ့် ဆောင်းပါးကတော့ လာမယ့် 12ရက်နေ့ မှာ ကျရောက်မယ့် ကိုယ့်ရဲ့ ဘလော့ဂါသက်တမ်း တစ်လပြည့်မွေးနေ့  အမှတ်တရပါ။ဘာအကြာင်းအရာတွေ ပါမလဲဆိုတာကို စောင့်ကြည့်စေချင်ပါတယ်။

နောက်ထပ်တင်ဖြစ်မယ့် အကြောင်းအရာကတော့ ချစ်သူများနေ့  အမှတ်တရပါပဲ။သူ့ အတွက်ကျတော့ ကဗျာရော ဆောင်းပါးပါ ပါနိုင်ပါတယ်။

ဒါကတော့ တင်ဖို့ လျာထားတာပါ။တင်ဖြစ်မယ်၊မတင်ဖြစ်ဘူးဆိုတာ ကျိန်းသေပေါက် ပြောလို့ မရပေမယ့် တတ်နိုင်သလောက် ရတဲ့အချိန်လေးမှာ တင်ပေးမှာပါ။နောက်ပိုင်း ဘလော့မှာ စာရေးကျဲ သွာရင်လည်း
ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်။magazineဘက်ခြေဦးလှည့်ဖို့ တာစူရင်းနဲ့  လက်ကစာတွေချရေး
လာနိုင်အောင်ကြိုးစားနေရလို့ ပါ။

နောက်ဆုံးအနေနဲ့  ပြောကြားလိုတာကတော့ စာအလည်လာရောက်ဖတ်ရှုအားပေးပြီး commentပေးကြများ
ကို ကျေးဇူးအထူးတင်ရပါတယ်လို့ ။ဘာကြောင့်လဲဆိုတော့ commentဆိုတာကိုယ့်အနေနဲ့ ပြောရရင် စာရေးသူအတွက် အားဆေးတစ်ခွက်ပါပဲ။ဒါကြောင့် စာရေးသူအတွက် အားရှိလာအောင်
commentတွေပေးနိုင်ကြပါစေလို့  နိဂုံးချုပ် ပြောကြားရင်း နောက်ထပ် ကျေးဇူးတင်ပါလို့  နှုတ်ခွန်းဆက်ပါရစေ ....။
                                                                                                          ထော်ဦး(ဘားအံကွန်ပျူတာ)
 
                                                                                       







 

2 comments:

  1. ဆရာထော် အမြည်းပေးပြီး တကယ်မကျွေးရင်တော့ စိတ်ဆိုးမှာ.. :D
    ခမာလူမျိုးတွေကော ဗီယက်နမ်လူမျိုးတွေကော တောက်တဲ့စားကြတယ်။ ဒီနိုင်ငံတွေမှာက တောက်တဲ့ ပေါတာကိုး။ အရေခွံဆုတ် ဗိုက်ခွဲပြီး ၀ါးခြမ်းပြားနှစ်ခုကြားမှာညှပ်ပြီး တောက်တဲ့ကင် လုပ်စားကြတယ်။ ပုတ်သင်ညိုတောင် အဲဒီလိုလုပ်စားတာတွေ့ဖူးတယ်။ ထန်းရေနဲ့မြည်းကြတာလေ..။ အိမ်မှာတောင် တောက်တဲ့တွေအများကြီးရယ်.. ဖမ်းရောင်းစားရင်တောင် သူဌေးဖြစ်လောက်ပြီ..း))

    ReplyDelete
  2. အမြည်းလေးတွေဖတ်သွားတယ်မောင်ထော်ဦးရေ။
    အမြည်းပဲပေးပြီးအမှန်တကယ်စားသုံးဘို့မျှဝေအုံးနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete