ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
Thursday, January 19, 2012
အချစ်ကြောင့် ကြေ
( အမှာ-ထိုင်းနိုင်ငံမှ ဖြစ်ရပ်မှန်အချစ် သတင်းတစ်ပုဒ်ကြောင့် သည်ဝတ္ထု  ဖြစ်ပွားလာခြင်းဖြစ်သည်။)
"နင့်ကို ငါချစ်တယ်။နင်ဒီလို လုပ်ရက်မယ်လို့  ငါမထင်မိဘူး။တကယ်ချစ်ရင် တူတူအိပ်ရမယ် ဟုတ်လား။
ဒါကိုငါ လက်မခံတော နင်ငါ့ကို လမ်းခွဲသွားတာပေါ့ ဟုတ်လား"
 နင်ငါနဲ့  လမ်းခွဲတုန်းက နင်ငါ့ကို စကားတစ်ခွန်းပြောတယ်နော်
"ငါ့လိုကောင်ကို ဘယ်မိန်းမကမှ အိပ်ဖို့ တောင်:ဆိုရင် မအိပ်ဘူးလို့  ငါ့ကို မငြင်းနိုင်ကြဘူး။မင်းတို.့ မိန်းမတွေက အချော့ကြိုက်လေ ။ဒါကြောင့် ငါတို့ ရဲ့  ကျော့ကွင်းထဲကို မင်းတို့ မိန်းမသားတွေ ၀င်သွားရတာပေါ့"လို. လေ                                                                                                                                                      
     နင်က ကောင်မလေး ဘယ်နှယောက်လောက်ကို ဖျက်ဆီးလိုက်တာလဲ။နင့်ကိုငါမေးတော့
 နင်ကတဟားဟားနဲ့ ရယ်လို့ ပါလား။ငါနင့်ကို ချစ်မိတာ မှားလား။ဒါပေမဲ့ ငါနင့်ကိုချစ်နေတယ်။
အို...နင်ဘယ်လောက်ပဲဆိုးဆိုး ငါနင့်ကိုချစ်နေတုန်းပဲ။     
ဟင်.အင်း နင့်လို မိန်းမတွေရဲ့ ဘ၀ကို ခြွေချတဲ့ ကောင်စားကို ငါမုန်းတယ်။ဒီဘ၀မှာ နင်ရှိနေလို့ မရဘူး။
 နင်ရှိနေရင် လောကကြီးက အရုပ်ဆိုးမယ်။နင်မရှိရင်လည်း ငါဘယ်လိုလုပ် နေပျော်မလဲ။နင်ကဘယ်လောက်ဆိုးဆိုး ငါတင့်ကိုချစ်နေဆဲပဲ။ဒါပေမဲ့ နင်ကြားဖူးတယ်မဟုတ်လား
ရိုမီယို ဂျူးလိယက်လေ။သူတို့ လိုတော့  အဆိပ်သောက်ပြီးသေစရာ မလိုပါဘူး။
့................................................
ကဲ ဒီနေ့ တော့ နင်က ငါ့ကို စားရတယ်ဆိုပြီး ၀မ်းသာနေမှာပေါ့။ငါလည်း ၀မ်းသာပါတယ်။အို တွေးရင်းနဲ့ နင်လာနေပြီး ထင်တယ်။ ဒေါက် ဒေါက်။နင်ကိုငါအခန်းတံခါး ဖွင့် ပေးလိုက်တော့ တဏှာအခိုးအငွေ့ နဲ. .့ ငါကို ရီဝေေ၀
 ကြည့် လို့ ။နောက်ပြီ။နောက်ပြီ။အခန်းမီးပိတ်။အို.....
                           ......................................................
နင့်ကို ငါကြည့်ရင်းနဲ့ အပြုံးထေ့ထေ့ ပြုံးမိတယ်။နင့်အလှည့် တော့ ရောက်နေပြီလေ ကိုယ်လူချောရယ်။
နင်ကဘာမသိညာမသိနဲ့  အိပ်လို့ ပျော်လို့ ။ကျားသတ၀ါက အစာစားပြီးပြီ
ဆိုတော့ စိတ်ချလက်ချ အိပ်လိုက်ရုံပဲပေါ့ ဟုတ်လား။
မွေ့ ယာအောက်က ငါစမ်းလိုက်တယ်။စူးရှရှ မျက်လုံးန.ဲ  တလက်လက်တောက်ပနေတဲ့ ဓားတစ်လက်က ငါ့လက်ထဲမှာ။နင့်ရဲ့ ဘယ်ဘက်ရင်အုံကိုကိုင်ပြီး သေစမ်း သေစမ်း။ တစ်ချက် နှစ်ချက် သုံးချက်။နင့်ဆီက သွေးတွေ စွန်းထွက်။ဟား ဟား။
ဒါတွေက နင်ငါ့ကိုပေးတဲ့ အချစ်ပဲပေါ့။ငါသိပါတယ်အချစ်ရယ်။နင်ယုံပါ။ငါ နင်သေသွားတာတောင် ဆက်ချစ်နေသေးတယ်ဆိုတာလေ။ငါ သက်သေပြမယ်။အသက်မဲ့နေတဲ့ နင့် ကို တယုတယနဲ့  ငါဖက်ရဲနေတယ်လေ။ဒါဟာအချစ်စစ်ပေါ့ အချစ်ရယ်။
နင်တစ်ယောက်တည်း သွားတော့ ငါဘယ်ပျော်လိမ့်မလဲနော်။ငါလည်း လိုက်ရမှာပေါ့။ဒီလိုသာဆို နိုင်ငံတစ်ခုလုံး၊ပြီးတော့ အင်တာနက်လောကတခုလုံး အို ကမာကြီး တစ်ခုလုံး လှုပ်ခတ်သွားအောင် ငါတို့ ရဲ့  အချစ်တွေကို သူတို့ မြင်စေရမယ်။ဒါမှ လူတွေက စုပ်တသပသပ်နဲ့  သိပ်ချစ်ကြတဲ့ ချစ်သူတွေလို့ 
ပြောလာကြမယ်လေ။ဒါကို ငါသိပ်သဘောကျတယ် သိလားအချစ်ရယ်.....
                                     ..........................................
အို ၀ရံပေါ်ကနေ အေးစိမ့်စိမ့်.နဲ့ ။ ဂါဝန်က ကောင်းကင်ပေါ်ပျံတက်နေသလိုပဲ။ဟိုအဝေးဆုံး စကြာဝဌာအထိ တို့ နှစ်ယောက်အတူ ပျံသန်းကြတာပေါ့ကွယ်။ကဲ ကမာကြီးရေ...ငါ့အချစ်ကိုငါသက်သေပြမယ်နော်။
                    "၀ုန်း"
ကြည့် စမ်း။ငါ သေနေပြီလေ။ဟားဟား ။အချစ်ရော။အချစ်က အခန်းထဲမှာလား။ငါသွားတွေ့ လိုက်ဦးမယ်။
                               ...............................................
အချစ်...နင်က ဘာတွေ ယူကြုံးမရဖြစ်ပြီး ငိုနေရတာလဲ။ငါတို့ နောက်ဘ၀မှာ ထပ်ဆုံဖို့  ငါပင်ပင်ပန်းပန်း
နဲ့ ကောင်းကင်က မှောင်အတိကျလို့ ပါလား။ဟော  ငါတို့ နှစ်ယောက်ကိုခေါ်နေပြီ။ကဲ သွားကြစို့ နော်။ဟင် နင်ဘာဖြစ်လို့ ငါခေါ်နေတာကို ငြင်းနေရပြန်ပြီလဲ။နင် ငါခေါ်တာကို လိုက်မလား မလိုက်ဘူးလား။ဒါပဲပြော။
သြော် နင်ငါ့ကိုအာခံသေတာပေါ့။ရတယ်။
          "နင်မလိုက်ရင် ငါနင့်ကိုထပ်သတ်မယ်။ငါ့ကို ငါလည်း  ထပ်သတ်ဦးမယ်
           နင့်ကိုလေ အဖန် ငါးရာငါကမာထိ ထပ်သတ်ဦးမယ်
           ငါ့ကိုငါလည်း နင်နဲ့ အတူသေဖို့ ငါကိုယ်ငါ ထပ်သတ်ဦးမယ်
          ကဲပြော  နင်ငါ့နောက် လိုက်မလား။လိုက်မလား....လိုက်မလား........။
                                                                 ထော်ဦး(ဘားအံကွန်ပျူတာ) 
5 comments:
  1. အချစ်ကြောင့်ရတဲ့ ဒုက္ခက တယ်မသေးလှပါလားဗျို့။
    ReplyDelete
  2. ဆရာရေ.................
    တင်ပြပုံနဲ့ အရေးအသားကို ကြိုက်ပေမယ့် အကြောင်းအရာကတော့ လူငယ်တွေ အတုယူကုန်ရင် ခက်မယ်ထင်တယ်ဆရာ။
    ReplyDelete
    Replies
    1. ဆရာ့ရဲ့  စေ့စပ်တဲ့ ဝေဖန်ချက်ကို ကြိုဆိုပါတယ်။တကယ်တော့ ဒီဝထုဟာ အတွေး2ခွ ယူနိုင်တဲ့ဝထုပါ။
      စာရေးသူက သူရေးတဲ့ ဇာတ်လမ်းမှာ စီးမျှောသွားလို့ ပဲဖြစ်ဖြစ်၊ ဇာတ်ကောင်ရဲ့  စိတ်ကို ဦးစားပေးလိုက်လို့ ဖြစ်ဖြစ်
      ဒီလိုမျိုးဖြစ်သွား
      တာ ထင်ပါတယ်။ဆရာတွေးပူတာနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း တွေးပူတာပါပဲ။ဒါနဲ့ ပတ်သက်ပြီး 2011 မေလထုတ်
      teenမှာ
      စာရေးဆရာဦးအေးချစ်ရေးထားတဲ့ အင်းလျားကန်က အဖြစ်အပျက်ရယ်၊2012 ဇန်န၀ါရီလထုတ်
      အပျိုစင်magazine နှလုံးသားအပျိုစင်မှာပါတဲ့ စာရေးဆရာ ကိုဦးဆွေရဲ့  သဘောထားကို
      ဆရာဖတ်ကြည့်စေချင်ပါတယ်။ကျွန်တော်ရေးထားတဲ့ ပို့စ်တိုင်းကို စိစစ်ပြီး တင်ဖြစ်ပေမဲ့ တခါတလကျတော့လည်း ပေးသူယူသူ
      အမြင်မတူတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။သေချာတာကတော့ ဒီပို့ စ်ကို လေးနက်တဲ့ ရည်ရွယ်ချက်နဲ့ အင်တာနက်ပေါ်
      တင်ဖြစ်သွားတာပါ။ဆရာဒီလို ဝေဖန်ပေးတဲ့အတွက်လည်း နောင်တချိန်မှာ ကျွန်တော့်အဖွဲ့ အနွဲ့ တွေ
      တိုးတက်လာမယ်လို့  မျှော်လင့်မိပါတယ်။တခြားလူတွေလည်း အမြင်လေးတွေ မျှပေးလို့ ရပါတယ်ခင်ဗျာ။
      ထော်ဥိး(ဘားအံကွန်ပျူတာ)
      Delete
  3. ပုထုဇဉ်နော ဥမတ္တကော တဲ့.. ရူးကြတာကိုး...
    ReplyDelete
  4. ညီငယ်ထော်ဦး-ကျွန်တော်ပေးတဲ့ကော်မန့်လည်းပျောက်သွားတယ်-တက်မလာဘူး
    စာလာဖတ်ပြီးအားပေးသွားပါတယ်
    Magazine တွေမှာညီငယ်ရေးတဲ့စာတွေဖတ်ရလို့လည်းဂုဏ်ယူပါတယ်
    ဆဲလ်မိုး
    ReplyDelete