ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, January 23, 2012

တရုတ်ရိုးရာ ငြီး အနုပညာ


                                       ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားပါ

တရုတ်လို့  ဆိုလိုက်တာနဲ့  နိုင်ငံအသီးသီးမှာ ပြန့် ကျဲနေထိုင်ကြတဲ့ လူမျိုးရယ်လို့  အားလုံးသိကြမှာပါ။တကယ်တော့ ဒီလို ဖြစ်ရတာတွေဟာ ဒုတိယ ကမာစစ်ကြောင့်ပါ။အားကိုးခိုလုံရာ ရှာကြရင်းနဲ့ နိုင်ငံအနှံ့အပြားမှာ တရုတ်လူမျိုးများ အခြေချကြပါတော့တယ်။အခုဆိုရင် တရုတ်တန်း မရှိတဲ့နိုင်ငံဆိုတာ တော်တော့်ကို ရှားနေပြီးလို့ ဆိုရမလိုပါပဲ။နေရာတိုင်းမှာ တရုတ်လူးမျိုးတွေ လွှမ်းမိုးနေပေမယ့် သူတို့ ရဲ့ ရှေးကျတဲ့ အနုပညာတစ်ရပ်ကိုတော့ သူတို့ ရင်ထဲ အသည်းထဲရောက်သွားအောင် လွှမ်းမိုးနိုင်စွမ်း မရှိတော့ပါဘူး။


အခုပြောမယ့် တရုတ်ရဲ့  တိမ်ကောပျောက်ကွယ်လုဖြစ်နေတဲ့ အနုပညာတစ်ရပ်ကတော့ ထိုင်းလူမျိုးအခေါ် "ငြီး"အနုပညာတစ်ရပ်ပါပဲ။ငြီးဟာ ဇာတ်စင်ပေါ် လူကိုယ်တိုင် သရုပ်ပြရတဲ့ အနုပညာတစ်ရပ်ပါ။ဒါ့အပြင်
အဆင့်အတန်းကို ပြသတဲ့ ရိုးရာဝတ်စုံကို ၀တ်ဆင်ပြီး တစ်ဖက်မှာလည်း စိတ်နေသဘောထားကို ပြသတဲ့ မျက်နှာ လိမ်းခြမ်းမှုနဲ့ တွဲပြီး ပြသရတာပါ။လူဆိုတာ စိတ်အရောင်အသွေးစုံလင်လှတဲ့အတွက် ဒါကိုကိုယ်စားပြုပြီး အရောင်တွေနဲ့ မျက်နှာလိမ်းရတာပါ။ဥပမာ-အပြာရောင်ဆို ဆိုးသွမ်းတာ၊အနီဆို ရိုးသားကျေးဇူးသိတတ်တာ၊အမဲက မြေခွေးလို စဉ်းလဲ တတ်တာ(ချွင်းချက်ကတော့ ပေါင်ချိန်ပါပဲ။သူက ပြည်သူတရားရှင်ဖြစ်လို့  သူတကာထက် ထူးခြားအောင် အမဲရောင်ကို မျက်နှာတပြင်လုံးဆိုးရတာပါ)၊အဖြူက ကောက်ကျစ်ယုတ်မာတာတွေလို့  ယူဆပြီး မျက်နှာတပြင်လုံး အရောင်အသွေးစုံအောင် လိမ်းခြယ်ရပါမယ်။

ဒီအနုပညာက လွန်ခဲ့တဲ့ နှစ်500ခန့် ကတရုတ်ဘုရင်"ယွန်"နန်းတွင်း အနုပညာအဖြစ် စတင်ပေါ်ပေါက်ခဲ့ရတာပါ။အဆို အပြော လက်ဟန်အမူအရာများနဲ့  သရုပ်ပြရတာဟာ ငြီးအနုပညာရဲ့  ထူးခြားချက်ပါပဲ။ဒီအနုပညာကို တရုတ်နတ်ကွန်း ပူဇော်ပွဲ၊တရုတ်နှစ်သစ်ကူးပွဲတော်တွေမှာ အသုံးတော်ခံ
ပါဝင်ကပြရတာပါ။

တကယ်တော့ ငြီးအနုပညာဟာ ပန်းချီလက်ရာကနေပြောင်းလဲရာမှ  လူမျက်နှာပေါ် အစားထိုးပြီး ပုံသွင်းလိမ်းခြယ်ရတဲ့ အနုပညာ တစ်ရပ်ပါ။ကပြတဲ့ ဇာတ်ထုတ်များက အများအားဖြင့် မျောက်မင်း စွန်ဝူခုံးဇာတ်ထုတ်၊ပြည်သူ့ တရားရှင် ပေါင်တာလျံဇာတ်ထုတ်၊တရုတ်နိုင်ငံမှာ စည်းလုံးညီညွတ်ရေး ပျက်ပြားပြီး နယ်မြေသုံးပိုင်းကွဲတဲ့အထိ     စည်းခြားအုပ်ချုပ်ကြတဲ့ တရုတ်ဘုရင်ဘုရင်မင်းမြတ် သုံးဦးရဲ့ ဇာတ်ထုတ်တို့ ပါပဲ။ဒီ ငြီးအနုပညာဟာ တရုတ်ရိုးရာ တ၊ီးလုံးတီးကွက်မှားနဲ့  မြူးမြူးကြွကြွ၊မြိုင်မြိုင်ဆိုင်ဆိုင်၊
လွမ်းလွမ်ဆွေးဆွေး ညည်းချင်းတွေနဲ့  တီးခတ်သီဆိုပြီး သရုပ်ဆောင်ချက်ကို ပိုမိုပေါ်လွင်အောင် ပြုလုပ်ရပါတယ်။

မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ကြပါစို့ ။အခုဆိုရင် ရုပ်သေးဆိုတာ တိမ်ကောပျောက်ကွယ်သွားတော့မှာပါ။ကိုယ်တိုင်လည်း ဒီလို မြန်မာ့အနုပညာတစ်ရပ်ကြည့်ချင်ပေမယ့် ဘယ်မှာကြည့်ရမှန်းတောင် မသိတော့ပါဘူး။ရိုးရာအမွေအနှစ်ဆိုတာ ထိန်းသိမ်းဖို့  ကောင်းတဲ့အရာပါ။ဟိုးခေတ်ကဆိုရင်  ယောကျာ်းမိန်းမ အပြောအလှန် သူတစ်ခွန်း ကိုယ်တစ်ခွန်းနဲ့ နှုတ်လှန်ထိုး ရယ်ရွှင်စဖွယ် သီဆိုကြတာကို မြင်ချင်လှပါတယ်။အခုကျတော့ အဲဒါတွေ ဘယ်ပျောက်ကုန်ပြီလဲ။လူတွေက ခေတ်ရှေ့ပြေးကုန်ကြလို့ လား။ဘာကြောင့်လဲ ကိုယ်ကိုယ်တိုင်လဲ အဖြေမရှာတတ်ပါဘူး။
                                                ထော်ဦး(ဘားအံကွန်ပျူတာ)     

                                                                                      

6 comments:

  1. စိတ်ဝင်တစား ဖတ်သွားပါတယ် ရှင်။

    (တီဗွီမှာ လာတိုင်း ဘာလို့များ မျက်နှာကြီးတွေကို ဆေဆိုးထားကြတာပါလိမ့်လို တွေးနေမိတာ.။ ခုမှ သေချာနားလည် သွားတော့တယ်။ကျေးဇူး အစ်ကို)

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete
  2. အသိတစ်ခုတိုးခဲ့ရပါတယ်

    ReplyDelete
  3. အစကတော့ ဒီလိုပါပဲ
    ဘာမှမသိခဲ့ဘူးဗျာ ခုမှဒါတွေသိရတာပါ

    ReplyDelete
  4. မှတ်သားစရာ ဗဟုသုတဖြစ်စေတဲ့ပို့စ်လေးအတွက် ကျေးဇူးပါ ကိုထော်ဦး။
    အဲဒီလို ရှေးကျပြီး တန်ဖိုးရှိ အဆင့်အတန်းမြင့်တဲ့ အနုပညာတွေကို တစ်ကမ္ဘာလုံးက ဘယ်နိုင်ငံ ဘယ်လူမျိုးဆီမှာမှာ မပျောက်ကွယ်သွားစေချင်ပါဘူး။ ယဉ်ကျေးမှုတွေကို လူသားတွေအားလုံး ထိန်းသိမ်းနိုင်ကြပါစေ။

    ReplyDelete
  5. အဲဒီလို ကတာတွေတွေ့တိုင်း ဘာကြောင့်ဒီလိုပြင်ဆင်ထားရပါလိမ့်လို့ အတွေးပုစ္ဆာတွေပွားခဲ့ရတာ ။ ခုမှ ပဲ ရှင်းသွားတော့တယ်ဆရာ။

    ReplyDelete
  6. ဗဟုသုတအဖြစ်ယူသွားတယ် မောင်ထော်ဦးရေ။
    တီတင့်တို့ငယ်စဉ်'ရုပ်သေးက'လေးတွေမကြာခနကြည့်ခဲ့ဘူးတယ်။
    အဲဒီအမွေတွေကိုဆက်ခံဘို့အတွက်လက်ခံနိုင်မည့်
    သားစဉ်မြေးဆက်ရှိရင်တော့အတိုင်းထက်အလွန်ပေါ့နော်။
    တစ်ဖြည်းဖြည်းတိမ်ကောသွားမှာတော့နှမြောမိတာအမှန်ပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete