ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, June 15, 2013

သင်္ခါရကို မျိုချနေရသော နေ့ စွဲများ

သင်္ခါရတရားက
ချိုတို့ အလှတရားကို
မျိုချနိုင်တယ်
တချက်ချက်မြည်ဟီးနေတဲ့ နာရီလက်တံက
ချိုတို့ ဘ၀ရဲ့ နေ့ စွဲပါ…။

အသပြား မက်လုံးတွေနဲ့ 
လှပ၀င့်ကြွားနိုင်ဖို့ အတွက်
ပုပ်ပွပွဖြစ်လာတဲ့ ဂုဏ်သိက္ခာကို
မိတ်ကပ်ထူထူလေးနဲ့ ဖုံးဖိလိုက်တော့
ချိုတို့ မျက်ရည်မိုးက ပါးပေါ်စွေတယ်…။

ပွင့်ထွက်လာတဲ့ ခံစားချက်ကို
မညှာမတာ သပ်ချရင်း
တစ်ခဏတာ သင်္ခါရတရား
မကုန်ဆုံးသေးသရွေ့ 
ချိုတို့ ခန္ဓာကိုယ်ကို အရင်းပြုပြီး
အကျိုးရှိရှိ လှုပ်ရှားရုန်းကန်ရဦးမယ်…။       ။
                                               ထော်ဦး(ဘားအံကွန်ပျူတာ)







1 comment:

  1. မိမိုးနတ်ကတော့ ကဗျာကိုဖတ်ပြီး နင်နေတယ် ထော်ထော်ရေ...
    မျိုတော့ မချရဲဘူးရှင့် ထွေးပစ်လိုက်လို့ရော
    ဖြစ်ပါ့မလား :PPPPPPPPPPPPPPPPP

    ReplyDelete