ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Sunday, May 12, 2013

လရောင်မျှားသော နွေညများ

လရောင် ဖြာကျလာတော့
မှောင်ရိပ်ခိုဖို့  ခွင်ဖမ်းဖို့ လည်း
မခဲယဉ်းတော့ပြီ…။

ဟောဒီ ကမ်းနားနဘေးမှာ
ပခုံးဖက် အချစ်သည်းနေကြတဲ့အတွဲတွေ
လရောင်ကို ၁-၅-၀-၀ နဲ့ မျှားနေကြ
အဆင်မပြေရင် ဖျက်ကြ ကွာပြဲကြရုံပေါ့…။

ဟိုဘက်မှာလည်း အရက်သမားတစ်စုက
နိုင်ငံရေးအကြောင်း ၀ိုင်းဖွဲ့ ဆွေးနွေးကြလေရဲ့
စကားပြော အပေါက်အလမ်းမတည့်ကြတော့
ထိုးကြ ကြိတ်ကြရုံပေါ့…။

ဒီည…
တရားမ၀င် ပင်လယ်ရေနက်ဝန်းထဲ
အမောတကော ကူးခတ်တတ်ကြ…။

နောက်ည…
တရားမ၀င် စားပွဲအံဆွဲထဲ
အလုံးအရင်း ငွေရွှင်တတ်ကြ…။

ညည…
တရားမ၀င် ဂီတာသံတဂျောင်းဂျောင်းတီးခတ်ပြီး
ခေတ်ရေးခေတ်ရာသီချင်းတွေ ဟစ်အော်တတ်ကြ…။

ခဏ ခဏ…
တရားမ၀င် လရောင်မျှားပြီး
ရောင်စုံမျက်နှာဖုံးများနဲ့ 
ပြောင်ပြောင်တင်းတင်း လှုပ်ရှားသွားလာတတ်ကြ…။   ။

                                            ထော်ဦး(ဘားအံကွန်ပျူတာ)
[မေလ ၁၂ရက်နေ့ မှာ ကျရောက်တဲ့ "အမေများနေ့ " မှာ အမေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ
ပို့ သလိုက်ပါတယ်ခင်ဗျာ...]


2 comments:

  1. လရောင်မျှားကြသူတွေထဲမှာ
    ကိုထော်လည်း တစ်ယောက်အပါအဝင်ကိုး
    စကားပြေရော ကဗျာရော ရေးတတ်သူကြီး
    အားကျပါဘိကွယ် ကိုထော်ရာ
    လာရောက်အားပေးသွားပါတယ်ဗျာ

    အမေများနေ့မှာ အမေနဲ့အတူ ပျော်ရွှင်နိုင်ပါစေ

    နွေလ

    ReplyDelete
  2. အမှန်တွေ ပြောထားတဲ့ ကဗျာလေးရယ်
    သိပ်ကိုလှတဲ့ ကဗျာခေါင်းစဉ်လေးရယ်။

    ခင်တဲ့
    မြတ်

    ReplyDelete