ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Monday, April 22, 2013

မွေးနေ့  အမှတ်တရ

ဧပြီလ ၂၂ရက်နေ့  ကိုယ့်မွေးနေ့ ....။
ကိုယ့်မွေးနေ့ အကြောင်း ပြောရမယ်ဆိုရင်တော့ မွေးနေ့ ပွဲ မကျင်းပဖူးတဲ့ ကိုယ့်အတွက် မွေးနေ့ လက်ဆောင်ဆိုတာလည်း မရရှိခဲ့ပါဘူး။ဒါ့ကြောင့်ပဲလား မသိ။လက်ဆောင်ဆို လိုချင်လွန်းတဲ့ စိတ်က အခုချိန်ထိ စွဲထင်ရစ်နေပါတယ်။ကျောင်းမှာ ပါဆယ်ထုပ်တွေ အလဲအလှယ် လုပ်ရင်လည်း ကိုယ် ဘာများ ရမလဲ ဆိုပြီး စိတ်လှုပ်ရှားခဲ့ဖူးသူပါ။သူငယ်ချင်းတွေနဲ့  မွေးနေ့ ပွဲ လုပ်ရအောင်လည်း
ကိုယ့်မွေးနေ့ ကျရောက်တဲ့အချိန်က ကျောင်းကြီးပိတ်ရက်မို့  မကျင်းပ ဖြစ်ပြန်ပါဘူး။

(သူငယ်ချင်းတွေ ဆွေမျိုးတွေရဲ့ မွေးနေ့ တွေကိုတော့ သွားရောက်နွှဲပျော် ဖြစ်ပါရဲ့...:)  )

အခုတော့ ဘလော့ဖွင့်ထားပြီး ဖြစ်တဲ့အတွက် မနှစ်က စပြီး ဘလော့မှာ
ကိုယ့်မွေးနေ့ ကို  ဖြတ်သန်းဖြစ်တာပါ။ဒီနှစ်လည်း ဒီဘလော့လေးမှာ ဖြတ်သန်းဦးမှာ ဖြစ်တဲ့အတွက် အလည်လာရောက် အားပေးကြကုန်သော စာဖတ်ပရိသတ်များနဲ့  ရေးဖော်ရေးဖက်များကို ကိတ်မုန့် လေးတွေ စားကြပါဦးလို့  ဖိတ်ခေါ်ပါရစေ ခင်ဗျာ.... :)
                                                               ထော်ဦး(ဘားအံကွန်ပျူတာ)
မွေးနေ့  - ဧပြီလ ၂၂ရက်နေ့ ။




2 comments:

  1. နောက်ကျမှ သိရတဲ့အတွက် သိသိချင်းပဲ ဆုတောင်းပေးလိုက်ပါတယ်။

    မွေးနေ့မှာတင်မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေ။ ဆန္ဒနဲ့ဘဝလည်း ထပ်တူကျပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ကိုထော်ဦးရေ..

    ခင်တဲ့
    မြတ်

    ReplyDelete
  2. တီတင့် ဘလော့တွေထဲ မရောက်တာကြာပေါ့ မောင်ထော်ဦးရေ...
    မောင်ထော်ဦးရဲ့ မွေးနေ့က ဧပြီလ ၂၂ရက် တီတင့်က ဧပြီလ ၁၈ရက်း)
    တစ်လကျော်နောက်ကျသွားပေမယ့် နှစ်စဉ်ပုံမှန်သက်ဝင်လှုပ်ရှားနေတဲ့
    မွေးနေ့ပေါင်းများစွာကို ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာနဲ့ ဖြတ်ကျော်နိုင်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete