ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Thursday, March 21, 2013

စိုထိုင်းထိုင်း ကဗျာ

ဟိုတစ်နေ့ က ကဗျာမရေးဖြစ်ပြန်ဘူး

ခံစားချက်တွေ အိတ်သွန်ဖာမောက် ဖြစ်သွားသလို
စိတ်ပျက်မှုတွေ အဆုံးစွန်ထိ လွှမ်းမိုးလာခဲ့…။

ကဗျာဟာ ငန်လား ခါးလား
ပူလား အေးလား
ကိုယ့်ဘ၀ကို မျက်ကွယ်ပြုပြီး

နာကျင်မှုတွေ ဖွင့်ထုတ်ပစ်ခဲ့…
သံသရာမှာ ဒီကဗျာလေးတစ်ပုဒ်က
ဘယ်လောက်အထိ ခရီးတွင်မတဲ့လဲ…။

အခု ကျွန်တော်လေ…
ကဗျာမပီ စာမပီသေးတဲ့
ကဗျာလေးတစ်ပုဒ်ကို
စိတ်လက် စိုထိုင်းထိုင်းနဲ့
ရှေးရှုရာ အနာဂတ်မဲ့
ရေးသားမိပြန်ပါပြီ…။   ။
                             ထော်ဦး(ဘားအံကွန်ပျူတာ)
(မတ်လ ၂၁ရက်နေ့ တွင် ကျရောက်သော "ကမ္ဘာ့ ကဗျာနေ့ " သို့  အမှတ်တရ...)
                      



4 comments:

  1. ကမ္ဘာ့ကဗျာနေ့အတွက် စပ်ခဲ့တဲ့ စိုထိုင်းထိုင်းကဗျာလေး အားပေးသွားတယ် ထော်ဦးရေ... မတွေ့တာကြာပေါ့ နေကောင်းတယ်ဟုတ်?
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကဗျာတွေက ထိရှတယ်..
    ထိရှတဲ့ ကဗျာတွေ ဖတ်မိတိုင်း ကဗျာတွေ ရေးမိတယ်..

    ReplyDelete
  3. စကာလုံးတွေ မိုက်တယ် ကိုထော်
    ထိတယ် ... ရေးတတ်တဲ့သူများကျတော့လည်း
    ကဗျာတစ်ပုဒ် နေရင်းထိုင်ရင်း ဖြစ်တယ်
    အားကျထှာဗျာ

    ReplyDelete
  4. စိုထိုင်းထိုင်းကဗျာလေးကို စိုထိုင်းထိုင်း မနက်မှာ မှ ဖတ်ဖြစ်တော့တယ်။ တကယ်တော့ ကဗျာမှာ ရသာစုံပါဝင်နေတာ မဟုတ်လား

    ReplyDelete