ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, February 2, 2013

အိမ်ငယ်လေးသို့  လွမ်းချင်း


ကိုယ့်ရဲ့ အိမ်ငယ်လေး
ဟောဒီ အိမ်ငယ်လေးထဲ
ရယ်မောမှုတွေ မလျှံကျပေမယ့်
လွမ်းမောဖွယ် အတိတ်က
ကိုယ့်ရင်လွှာကို ငြိတွယ်
မိသားစုထဲမှာ ကိုယ်ဟာ
အဝေးလွှင့်မျှောသွားတဲ့
ငှက်တေလေ တစ်ကောင်ပါပဲ…


အမေရော နေကောင်းပါသလား
အမေ့ လက်ဖမိုးလေးကိုကိုင်ပြီး
ပါးပြင်နားကပ် ငိုကြွေးပစ်ချင်တဲ့အခါ…
ခေါင်းအုံးပေါ် လွမ်းမိုးစွေလိုက်မိ

အဖေရော ကျန်းမားပါရဲ့လား…
အဖေနဲ့  မတည့်တဲ့သားဖြစ်ပေမယ့်
မတည့် အတူမနေရတော့
အဖေ့ကိုလည်း တမ်းတသတိရနေမိဆဲ…
အရင်လိုပဲ အဖေလေသံမာသေးရင်
သားလည်း ၀မ်းသာမှာပါ အဖေ…

ဟောဒီ အခန်းကျဉ်းထဲမှာ
ရယ်မော ပျော်ရွှင်မှုတွေ မရှိ
ရင်းနှီးကျွမ်းဝင်မှုတွေ မရှိ
ဘာတွေမှ မရှိရင်တောင်
အဖေ နဲ့ အမေ
ဟောဒီ အိမ်လေးထဲ ရှိနေရင်
သားရဲ့ အဝေးရောက် ဝေဒနာ
သက်သာသွားနိုင်အောင် ကြိုးစားနေပါ့မယ်…။     ။
                                                          ထော်ဦး(ဘားအံကွန်ပျူတာ)
                                        ၂၀၁၂ခုနစ် နိုဝင်ဘာလထုတ် New Style Magazine
                                                           Poem@A-hem ကဗျာကဏ္ဍ

3 comments:

  1. အိမ်ငယ်လေး .. ကောင်းလိုက်တဲ့ ကဗျာ ထော်ထော်

    ReplyDelete
  2. ရင်တွင်းဖြစ် ကဗျာလေးက ကောင်းလိုက်တာ ထော်ထော်ရေ....
    အဝေးရောက် သားတစ်ယောက်ရဲ့ ရင်တွင်းဝေဒနာပဲ့တင်သံဟာ
    မိုးနတ်နားထဲမှာ လာပြီးညံနေပါရောလားးးးးးးးး
    တစ်ပုဒ်လုံးကို ရင်ဘတ်ထဲထည့်ပြီး စီပစ်ခဲ့တယ်...
    မေ့လို့မရတော့ရင် အဲဒါထော့်ကြောင့်ပဲ :)
    ခုတောင် မိုးနတ်မှာ အဝေးရောက်မဟုတ်ပဲ ကဗျာထဲဝင်ခံစားပြီး
    ငိုချင်သွားတယ် :(((

    ReplyDelete
  3. နွေးထွေးတဲ့ မေတ္တာကို ခံစားရပါတယ် ...

    ReplyDelete