ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, January 5, 2013

ပစ္စက္ခကို သုံးဆယ့်နှစ်ဒီဂရီ တိမ်းစောင်းကြည့်ခြင်း

လူ့ ဘ၀က
အမြီးအမောက် မတည့်ချင်ဘူး
အိတ်ကပ်ထဲက ငွေတွေ
တဖြည်းဖြည်း လုံး လုံးပါးလာသလို
ဝမ်းဗိုက်ထဲက အစာအိမ်လေးလည်း

ဝရုန်းသုန်းကား သောင်းကျန်းလာခဲ့…။
လတ်တလော ဆင်းရဲမွဲတေမှုတွေကို
လိုက်ပါစီးနင်း ခံလိုက်ရတော့
အမှန်တရားကို ဖုတ်ဖတ်ခါသပ်ချ
အကျည်းတန်မျက်နှာဖုံးတွေ စွပ်ပြရင်း
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားလိုက်ကြ…။
ပစ္စက္ခမုန်တိုင်း မွှေနှောက်လေတော့
အနာဒဏ်ရာ ဗရပွတွေက
လူ့ လောကကြီးထဲ
သုံးဆယ့်နှစ်ဒီဂရီ တိမ်းစောင်းသွားကြ…။    ။
                                                       ထော်ဦး(ဘားအံကွန်ပျူတာ)

1 comment: